ကျိုင်းတုံမြို့တွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း စတင်ရန် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေ

ကျိုင်းတုံမြို့တွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း စတင်ရန် ပြည်နယ်အစိုးရထံမှ ခွင့်ပြုချက် စောင့်ဆိုင်းနေ
စကျတငျဘာ 11, 2019
By Tachileik News Agency
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း(Community Based Tourism - CBT) ဖေါ်ဆောင်ရေးအတွက် ဖားရံနွဲ့နှင့် ပန်ဝိုင်ကျေးရွာများတွင် လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧည့်သည်များ ညအိပ် တည်းခိုခွင့်ကို ပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့အထိ ခွင့်ပြုခြင်း မရှိသေးကြောင်း သိရသည်။


ကျိုင်းတုံမြို့အတွင်း ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းများ ဖေါ်ဆောင်ရန် ပန်ဝိုင်နှင့် ဖားရံနွဲ့ကျေးရွာများကို လျာထားပြီး လိုအပ်သည့် တည်ဆောက်မှုများအတွက် အစိုးထံမှ ဘတ်ဂျက်များ တောင်းခံဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။


ကျိုင်းတုံဒေသမှ ဥရောပခရီးသွားအများစု သွားလာနေသည့် မိုင်းလားဒေသဘက်သို့ သွားလာခွင့် ပိတ်ထားသဖြင့် ဒေသတွင်း ခရီးသွားများလည်ပတ်စရာ နေရာသစ်များ ရှာဖွေခြင်းနှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း တိုးလာစေရေးအတွက် ဒေသတွင်း CBT လုပ်ငန်းများ ဖေါ်ဆောင်နိုင်ရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရပ်ရွာအခြပြေုခရီးသွားလုပ်ငန်း (CBT) ဖော်ဆောင်ရေးအတွက် ဖားရံနွဲ့နှင့် ပန်ဝိုင်ကျေးရွာများတွင် လိုအပ်သည့် ပြင်ဆင်မှုများဆောင်ရွက်ထားပြီးဖြစ်သော်လည်း ဧည့်သည်များ ညအိပ် တည်းခိုခွင့်ကို ပြည်နယ်အစိုးရက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့အထိ ခွင့်ပြုခြင်း မရှိသေးကြောင်း သိရသည်။

“ပန်ဝိုင်ရယ်၊ ဖားရံနွဲ့ဆိုတဲ့ ရွာလေးရယ်ပေါ့။ အခု အခက်အခဲရှိတာက လုံခြုံရေးအကြောင်းပြချက်နဲ့ ညအိပ်ခွင့် မပြုတာတွေကြောင့် လုပ်ငန်းတွေက အဆင်မပြေနိုင်ဘူးပေါ့။ ဒီနေ့ထိလည်း ရှမ်းပြည်နယ် အစိုးရဆီက တိတိပပ အဖြေမရသေးဘူးပေါ့။ ဒါတွေ လုပ်ကိုင်ဖို့အတွက် ပြည်ထောင်စုဝန်ကြီးကိုလည်း တင်ထားပြီးပြီ။ အကောင်အထည်ဖော်ဖို့က နှောင့်နှေးနေတယ်”ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့အတွင်း ရပ်ရွာအခြပြေုခရီးသွားလုပ်ငန်းများ ဖော်ဆောင်ရန် ပန်ဝိုင်နှင့် ဖားရံနွဲ့ကျေးရွာများကို လျာထားပြီး လိုအပ်သည့် တည်ဆောက်မှုများအတွက် အစိုးထံမှ ဘတ်ဂျက်များ တောင်းခံဆောင်ရွက်ထားပြီး ဖြစ်ကြောင်း သိရသည်။

“ (၁၁) ကြိမ်မြောက် လွှတ်တော်မှာ ဖားရံနွဲ့ရွာ CBT လုပ်ငန်းလုပ်ဖို့အတွက် လမ်းတောင်းပါတယ်။ ဒီ ၂ဝ၁၈-၁၉ မှာ မြေသားလမ်း ဖောက်ပြီးသွားပြီ။ ၂ဝ၁၉-၂ဝ မှာ ကျောက်ချောလမ်းရမယ်လို့ ပြောတယ်။ နိုင်ငံခြားသားတွေ တည်းမယ်၊ ညအိပ်မယ်ဆိုရင် လျှပ်စစ်မီးလည်း လိုမှာပေါ့။ လျှပ်စစ်မီး တောင်းတဲ့ အခါမှာလည်း ၂ဝ၁၈-၁၉ ဘတ်ဂျက်မှာ ပါလာပြီ”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက ပြောသည်။

ကျိုင်းတုံဒေသမှ ဥရောပခရီးသွားအများစု သွားလာနေသည့် မိုင်းလားဒေသဘက်သို့ သွားလာခွင့် ပိတ်ထားသဖြင့် ဒေသတွင်း ခရီးသွားများလည်ပတ်စရာ နေရာသစ်များ ရှာဖွခြေင်းနှင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်း တိုးလာစေရေးအတွက် ဒေသတွင်း CBT လုပ်ငန်းများ ဖော်ဆောင်နိုင်ရန် ဆောင်ရွက်နခြေင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net