မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်တွင် လွှတ်တော် (၃) ရပ်အတွက် NLD အနိုင်ရ

မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်တွင် လွှတ်တော် (၃) ရပ်အတွက် NLD အနိုင်ရ
နိုဝင်ဘာ 9, 2020
By Tachileik News Agency
မိုင်းယောင်းမြို့နယ် မဲဆန္ဒနယ်တွင် လွှတ်တော် (၃) ရပ်အတွက် NLD  အနိုင်ရ 
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း မဲဆန္ဒနယ်များမှ မဲရလဒ်များအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်(၁)(၂)နေရာများအတွက် NLD ပါတီက အနိုင်ရရှိထားသည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အတွက် NLD ပါတီက (၈၁၄၉)မဲ၊ USDP က (၆၂၂၅)မဲ၊ SNLD က (၁၉၀၂)မဲ၊ SNDP က (၁၅၂၃)မဲနှင့် တစညပါတီက (၁၀၃၈)မဲရရှိထားခြင်းဖြစ်သည်။
အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက် NLD ပါတီက (၉၈၆၄)မဲ၊ USDP က (၆၅၅၃)မဲ၊ SNLD က (၂၁၀၇)မဲ၊ SNDP က (၁၅၉၀)မဲ၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက (၃၄၁)မဲ၊ “ဝ”အမျိုးသားပါတီက (၂၂၉)မဲနှင့် UBP က (၁၀၁)မဲရထားခြင်းဖြစ်သည်။
ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၁)တွင် NLD က (၄၀၆၄)မဲ၊ USDP က (၃၇၆၉)မဲ၊ SNLD က (၉၄၀)မဲ၊ တစညက (၅၀၃)မဲ၊ SNDP က (၄၉၆)မဲနှင့် အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီက (၁၃၅)မဲရရှိထားပြီး မဲဆန္ဒနယ် (၂) တွင် NLD က (၅၆၄၉)မဲ၊ USDP က (၂၇၀၁)မဲ၊ SNDP က (၁၀၂၇)မဲ၊ SNLD က (၉၅၆)မဲနှင့် တစညက (၅၅၁)မဲရရှိထားခြင်းဖြစ်သည်။
 
Tachileik News Agency
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~