စက္ရံုအတြက္ ပစၥည္းဝယ္ရာတြင္ လုပ္ထံုးလုပ္နည္းမညီ၍ BPI စက္ရံုမွဴးကို အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္

စက္ရံုအတြက္ ပစၥည္းဝယ္ရာတြင္ လုပ္ထံုးလုပ္နည္းမညီ၍ BPI စက္ရံုမွဴးကို အဂတိလုိက္စားမႈျဖင့္ အမႈဖြင့္
စက်တင်ဘာ 7, 2019
By 🌸
စက္မႈဝန္ႀကီးဌာန၊ ျမန္မာ့ေဆးဝါးလုပ္ငန္း၊ ေဆးဝါးစက္႐ုံ(အင္းစိန္)၏  စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ဥပေဒျဖင့္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၆)ရက္ေန႔တြင္ အင္းစိန္ၿမိဳ႕မ ရဲစခန္း၌ အမႈဖြင့္လွစ္ထားေၾကာင္း အဂတိလိုက္စားမႈတုိက္ဖ်က္ေရးေကာ္မရွင္က သတင္းထုတ္ျပန္သည္။

ေဆးဝါးစက္႐ုံ(အင္းစိန္) BPI ႏွင့္ ေဆးဝါးစက္႐ုံ(အင္ေရာင္း) ေက်ာက္ဆည္တို႔တြင္ ေသြးေၾကာသြင္း ေဆးရည္ဘူးမ်ား ထုတ္လုပ္ရန္အတြက္ ေကာ္ေစ့မ်ားႏွင့္ စက္ပစၥည္းမ်ား ဝယ္ယူရာတြင္ ကုမၸဏီႏွင့္ ပူးေပါင္း၍ ႐ိုက္စားခြင္မ်ား ဖန္တီးေနသူမ်ားအား အေရးယူ ေပးပါရန္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္သို႔ တိုင္ၾကားခဲ့သည့္အတြက္ စုံစမ္းစစ္ေဆးေရးအဖြဲ႕ျဖင့္ စစ္ေဆးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ေဆးဝါးစက္႐ုံ(အင္းစိန္)၏ စက္႐ုံမႉး ေဒါက္တာေအာင္ေဇာ္သည္ ေဆးဝါးထုပ္ပိုးပစၥည္းမ်ား ထုတ္လုပ္ရန္ အတြက္ ေကာ္ေစ့ (၂၆) တန္ကို လုပ္ထုံးလုပ္နည္းႏွင့္မညီဘဲ ဝယ္ယူခဲ့သည္ကို စစ္ေဆးေတြ႔ရိွရသျဖင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၆ အရ ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ၿမိဳ႕မရဲစခန္းတြင္ ပထမသတင္းေပး တိုင္ၾကားခ်က္ဖြင့္လွစ္၍ တရားစြဲဆို အေရးယူႏိုင္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
စက်ရုံအတွက် ပစ္စည်းဝယ်ရာတွင် လုပ်ထုံးလုပ်နည်းမညီ၍ BPI စက်ရုံမှူးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်
***********************
စက်မှုဝန်ကြီးဌာန၊ မြန်မာ့ဆေးဝါးလုပ်ငန်း၊ ဆေးဝါးစက်ရုံ(အင်းစိန်)၏  စက်ရုံမှူး ဒေါက်တာအောင်ဇော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၆)ရက်နေ့တွင် အင်းစိန်မြို့မ ရဲစခန်း၌ အမှုဖွင့်လှစ်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။

ဆေးဝါးစက်ရုံ(အင်းစိန်) BPI နှင့် ဆေးဝါးစက်ရုံ(အင်ရောင်း) ကျောက်ဆည်တို့တွင် သွေးကြောသွင်း ဆေးရည်ဘူးများ ထုတ်လုပ်ရန်အတွက် ကော်စေ့များနှင့် စက်ပစ္စည်းများ ဝယ်ယူရာတွင် ကုမ္ပဏီနှင့် ပူးပေါင်း၍ ရိုက်စားခွင်များ ဖန်တီးနေသူများအား အရေးယူ ပေးပါရန် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သို့ တိုင်ကြားခဲ့သည့်အတွက် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆေးဝါးစက်ရုံ(အင်းစိန်)၏ စက်ရုံမှူး ဒေါက်တာအောင်ဇော်သည် ဆေးဝါးထုပ်ပိုးပစ္စည်းများ ထုတ်လုပ်ရန် အတွက် ကော်စေ့ (၂၆) တန်ကို လုပ်ထုံးလုပ်နည်းနှင့်မညီဘဲ ဝယ်ယူခဲ့သည်ကို စစ်ဆေးတွေ့ရှိရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့မရဲစခန်းတွင် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net