အထက(တာခ်ီလိတ္)တြင္ အားကစား ႏွင့္ အခမ္းအနားမ်ား က်င္းပျပဳလုပ္ႏုိင္မည့္ ခန္းမေဆာင္သစ္ေဆာက္လုပ္ရန္အတြက္ ျပည္နယ္လူမႈေရး၀န္ႀကီး သြားေရာက္ၾကည့္ရႈ

အထက(တာခ်ီလိတ္)တြင္ အားကစား ႏွင့္ အခမ္းအနားမ်ား က်င္းပျပဳလုပ္ႏုိင္မည့္ ခန္းမေဆာင္သစ္ေဆာက္လုပ္ရန္အတြက္ ျပည္နယ္လူမႈေရး၀န္ႀကီး သြားေရာက္ၾကည့္ရႈ
စက်တင်ဘာ 22, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အတြင္း အားကစားခန္းမပါ၀င္မည့္ ခန္းမေဆာင္သစ္ေဆာက္လုပ္ရန္အတြက္  ျပည္နယ္၀န္ႀကီးႏွင့္ ေက်ာင္းအက်ဳိးေတာ္ေဆာင္အဖြဲ႔တို႔ ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၂၂)ရက္ေန႔ နံနက္က သြားေရာက္ၾကည့္ရႈေၾကာင္း သိရသည္။

အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)အတြင္းရွိ လက္ရွိခန္းမေဆာင္ေနရာႏွင့္ ခန္းမေဆာင္ေရွ႕ရွိ ေက်ာင္းေဆာင္ေဟာင္းအား ဖ်က္ကာ အားကစား ျပဳလုပ္ရန္ႏွင့္ ေက်ာင္းပြဲမ်ားျပဳလုပ္ရန္အတြက္ အသံုးျပဳႏိုင္မည့္ ခန္းမေဆာင္အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႔၀င္ ျပည္နယ္လူမႈေရး၀န္ႀကီးေဒါက္တာမ်ဳိးထြန္အား လိုက္လံရွင္းလင္းျပသျခင္းျဖစ္ေၾကာင္း အဆိုပါ ေက်ာင္း၏ ေက်ာင္းအက်ဳိးေတာ္ေဆာင္အဖြဲ႔ ဥကၠဌ က ဆိုသည္။

"ဒီေနရာမွာ ကေလးေတြ အားကစားလုပ္ႏိုင္ေအာင္ရယ္၊ ေက်ာင္းအခမ္းအနားေတြ ျပဳလုပ္ႏုိင္ေအာင္လို႔ ေနရာေဟာင္းက အခန္းနဲ႔အေဆာင္ကို ဖ်က္ၿပီး ခန္းမေဆာက္သြားမယ္၊ ခန္းမရဲ႕ အေပၚထပ္မွာ စာသင္ခန္ း(၄)ခန္းပါမယ္၊ အဲ့လိုလုပ္မယ့္ အေျခအေနကို ျပည္နယ္၀န္ႀကီးကို လိုက္လံရွင္းလင္းျပသေတာ့ ၀န္ႀကီးကလလည္း သေဘာက်တယ္၊ ၀န္ႀကီးဒီကေန ျပန္သြားၿပီးရင္ ဖ်က္မိန္႔က်လာတာနဲ႔ ကြ်န္ေတာ္တို႔ စလုပ္ေတာ့မွာပါ"ဟု အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)၏ ေက်ာင္းအက်ဳိးေတာ္ေဆာင္အဖြဲ႔ ဥကၠဌ ဦးတင္၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အသစ္ေဆာက္မည့္ ခန္းမတြင္ ေဘာ္လီေဘာ၊ ဘတ္စကတ္ေဘာ၊ ပိုက္ေက်ာ္ျခင္း ႏွင့္ အျခားကစားနည္းမ်ားပါ ကစားႏုိင္ရန္ စီစဥ္ေပးမည့္အျပင္ ေက်ာင္းတြင္း အသိပညာေပးမႈမ်ား ႏွင့္ အျခားအခမ္းအနားမ်ား အတြက္ပါ အသံုးျပဳႏိုင္မည့္ ခန္းမအား ေဆာက္လုပ္ရန္ ကနဦး ဖ်က္မိန္႔ေတာင္းခံထားျခင္း ျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ခန္းမသစ္၏ ကုန္က်မႈအား ေက်ာင္းသားမိဘမ်ား၊ ေက်ာင္းအက်ဳိးေတာ္ေဆာင္အဖြဲ႔ ႏွင့္ အထက(တာခ်ီလိတ္)ေက်ာင္းသူ ေက်ာင္းသားေဟာင္းမ်ားအဖြဲ႔တို႔မွ စုေပါင္းကုန္က်ခံက ေဆာက္လုပ္သြားမည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ အဆိုပါ ေက်ာင္း၏ ခန္းမေဆာင္မွာ ေဟာင္းႏြမ္းေနၿပီး လူဦးေရပမာဏအားျဖင့္ အမ်ားအျပားမဆံ့သည့္အတြက္ ေက်ာင္းအဂၤါႏွင့္အညီ ေဆာက္လုပ္ရန္ စီစဥ္ျခင္း ျဖစ္ေၾကာင္း သိရွိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်း အားကစားခန်းမပါဝင်မည့် ခန်းမဆောင်သစ်ဆောက်လုပ်ရန်အတွက် ပြည်နယ်ဝန်ကြီးနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့တို့ ၂၀၁၉ခုနှစ် စက်တင်ဘာလ(၂၂)ရက်နေ့ နံနက်က သွားရောက်ကြည့်ရှုကြောင်း သိရသည်။

အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)အတွင်းရှိ လက်ရှိခန်းမဆောင်နေရာနှင့် ခန်းမဆောင်ရှေ့ရှိ ကျောင်းဆောင်ဟောင်းအား ဖျက်ကာ အားကစား ပြုလုပ်ရန်နှင့် ကျောင်းပွဲများပြုလုပ်ရန်အတွက် အသုံးပြုနိုင်မည့် ခန်းမဆောင်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်အား လိုက်လံရှင်းလင်းပြသခြင်းဖြစ်ကြောင်း အဆိုပါ ကျောင်း၏ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ က ဆိုသည်။

"ဒီနေရာမှာ ကလေးတွေ အားကစားလုပ်နိုင်အောင်ရယ်၊ ကျောင်းအခမ်းအနားတွေ ပြုလုပ်နိုင်အောင်လို့ နေရာဟောင်းက အခန်းနဲ့အဆောင်ကို ဖျက်ပြီး ခန်းမဆောက်သွားမယ်၊ ခန်းမရဲ့ အပေါ်ထပ်မှာ စာသင်ခန်း(၄)ခန်းပါမယ်၊ အဲ့လိုလုပ်မယ့် အခြေအနေကို ပြည်နယ်ဝန်ကြီးကို လိုက်လံရှင်းလင်းပြသတော့ ဝန်ကြီးကလလည်း သဘောကျတယ်၊ ဝန်ကြီးဒီကနေ ပြန်သွားပြီးရင် ဖျက်မိန့်ကျလာတာနဲ့ ကျွန်တော်တို့ စလုပ်တော့မှာပါ"ဟု အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)၏ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ ဥက္ကဌ ဦးတင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အသစ်ဆောက်မည့် ခန်းမတွင် ဘော်လီဘော၊ ဘတ်စကတ်ဘော၊ ပိုက်ကျော်ခြင်း နှင့် အခြားကစားနည်းများပါ ကစားနိုင်ရန် စီစဉ်ပေးမည့်အပြင် ကျောင်းတွင်း အသိပညာပေးမှုများ နှင့် အခြားအခမ်းအနားများ အတွက်ပါ အသုံးပြုနိုင်မည့် ခန်းမအား ဆောက်လုပ်ရန် ကနဦး ဖျက်မိန့်တောင်းခံထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ခန်းမသစ်၏ ကုန်ကျမှုအား ကျောင်းသားမိဘများ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ နှင့် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့တို့မှ စုပေါင်းကုန်ကျခံက ဆောက်လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ကျောင်း၏ ခန်းမဆောင်မှာ ဟောင်းနွမ်းနပြေီး လူဦးရေပမာဏအားဖြင့် အများအပြားမဆံ့သည့်အတွက် ကျောင်းအင်္ဂါနှင့်အညီ ဆောက်လုပ်ရန် စီစဉ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net