တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းအချို့ကို အမှုဖွင့် ဖမ်းဆီးရန် စီစဉ်နေ

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းအချို့ကို အမှုဖွင့် ဖမ်းဆီးရန် စီစဉ်နေ
မေ 28, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း  CDM လုပ်ဆောင်ထားသည့် အင်အားနည်း ဌာနများမှ ဝန်ထမ်းများကို အမှုဖွင့်ဖမ်းဆီးရန်အတွက် ယနေ့ မေလ(၂၈)ရက်နေ့တွင် စတင် ဆောင်ရွက်နေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အင်အားအများအပြားဖြင့် CDM လုပ်ဆောင်ထားသည့် ဌာနများမှာ ကျန်းမာရေး နှင့် ပညာရေး ဌာနများဖြစ်ပြီး အင်အားနည်းဌာနများထဲတွင် အများဆုံးအနေဖြင့်  စည်ပင်မှ (၂၀)ကျော် CDM လုပ်ဆောင်ထားပြီးနောက် လုပ်ငန်းပြန်ဝင်သူများရှိသည့်အတွက် လက်ရှိတွင် (၁၅)ဦးကျော် ကျန်ရှိကြောင်း သိရသည်။

CDM လုပ်ဆောင်ထားသည့် အခြားဌာနများအနေဖြင့် မြေစာရင်း၊ ဘေးစီမံ နှင့် အခြားဌာနများလည်း ရှိနေသည်။

 

ပညာရေးဌာနတွင် CDM လုပ်ဆောင်ထားသူများထဲက မြို့နယ်ပညာရေးမှူး ကို အမှုဖွင့်ရန် အစီအစဉ်ရှိသည်ဟု ကြားသိထားရသော်လည်း ကျန်ပညာရေး CDM ဝန်ထမ်းများကိုတော့ အစီအစဉ်ရှိ မရှိကိုတော့ လတ်တလော မသိရသေးပါ။

ကျန်းမာရေး CDM ဝန်ထမ်းများကို အမှုဖွင့် ဖမ်းဆီးမည်ဟု မကြားရသေးသော်လည်း အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များကလို ပြည်နယ်(ရှမ်း/ရှေ့)ရုံးက အမည်နှင့်တကွ (၃)ကြိမ်စာထုတ်ပြီး ပြန်ခေါ်သည့် အစီအစဉ်များ လုပ်ဆောင်မည်ဟုလည်း ကြားသိရသည်။