တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးအမွတ္(၁)တံတားေအာက္တြင္ အမ်ဳိးသားအေလာင္းေတြ႔ရွိ

တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးအမွတ္(၁)တံတားေအာက္တြင္ အမ်ဳိးသားအေလာင္းေတြ႔ရွိ
စက်တင်ဘာ 10, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕ရွိ ခ်စ္ၾကည္ေရးအမွတ္(၁)တံတားေအာက္ မယ္ဆုိင္ေခ်ာင္း၏ ျမန္မာဘက္ကမ္းတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၀) ရက္ေန႔ ညေန (၄) နာရီ မိနစ္ (၂၀) ဝန္းက်င္က အမည္မသိ အမ်ိဳးသားအေလာင္းေတြ႔သျဖင့္ သက္ဆုိင္ရာက စစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္။

"လြန္ခဲ့တဲ့ မိနစ္ (၄၀) ေလာက္က ဖုန္းဝင္လာတာေပါ့။ ေရထဲမွာ လူတစ္ေယာက္ ေမ်ာလာတယ္လို႔ေျပာတယ္။ ကြ်န္မတို႔သြားေတာ့ ေသေနတာေတြ႕တယ္"ဟု တာခ်ီလိတ္နာေရးကူညီေရးအသင္းမွ တာဝန္ရိွသူတစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔  ညေန (၅) နာရီတြင္ ေျပာသည္။

အဆိုပါ အေလာင္းေတြ႔ရွိရသည့္ ေနရာသို႔ ရဲတပ္ဖြဲ႕က သြားေရာက္စစ္ေဆးမႈမ်ား ျပဳလုပ္ၿပီးေနာက္ အေလာင္းအား ဆက္လက္ စစ္ေဆးႏုိင္ရန္ တာခ်ီလိတ္နာေရးကူညီမႈအသင္းက ေဆးရံုသို႔ ပို႔ေဆာင္ေပးထားေၾကာင္း ႏွင့္ ေသဆံုးသူတြင္ ထိခိုက္ဒဏ္ရရွိထားျခင္းမရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေးအမှတ်(၁)တံတားအောက် မယ်ဆိုင်ချောင်း၏ မြန်မာဘက်ကမ်းတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၀) ရက်နေ့ ညနေ (၄) နာရီ မိနစ် (၂၀) ဝန်းကျင်က အမည်မသိ အမျိုးသားအလောင်းတွေ့သဖြင့် သက်ဆိုင်ရာက စစ်ဆေးမှုများ ပြုလုပ်နေသည်။

"လွန်ခဲ့တဲ့ မိနစ် (၄၀) လောက်က ဖုန်းဝင်လာတာပေါ့။ ရေထဲမှာ လူတစ်ယောက် မျောလာတယ်လို့ပြောတယ်။ ကျွန်မတို့သွားတော့ သေနေတာတွေ့တယ်"ဟု တာချီလိတ်နာရေးကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ညနေ (၅) နာရီတွင် ပြောသည်။

အဆိုပါ အလောင်းတွေ့ရှိရသည့် နေရာသို့ ရဲတပ်ဖွဲ့က သွားရောက်စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် အလောင်းအား ဆက်လက် စစ်ဆေးနိုင်ရန် တာချီလိတ်နာရေးကူညီမှုအသင်းက ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း နှင့် သေဆုံးသူတွင် ထိခိုက်ဒဏ်ရရှိထားခြင်းမရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net