တာချီလိတ်မြို့ ဧဒင်ရွာ လမ်းဘေးတွင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

သတ်ခံရသူ
သတ်ခံရသူ
တာချီလိတ်မြို့ ဧဒင်ရွာ လမ်းဘေးတွင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

 

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရမှု နိုဝင်ဘာလ(၂၆)ရက်နေ့ အကူးပိုင်းအချိန်က ဖြစ်ပွားကြောင်း သိရသည်။

တာချီလိတ်မြို့နယ်၊ ဖန်မင်ကျေးရွာအုပ်စု၊ ဧဒင်ကျေးရွာ၏ ကျိုင်းတုံ - တာချီလိတ်သွား ကားလမ်းဘေးတွင် လူငယ်တစ်ဦး၏ အလောင်းတစ်လောင်းတွေ့ရှိ၍ ဟောင်လိတ်ရဲကင်းစခန်းမှ စခန်းမှူးနှင့်တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးရာ သေဆုံးသူ၏ ရင်ညွှန့်တွင် ကျည်ထိမှန်ထားသည့် ကျည်ဒဏ်ရာ(၁)ချက်ရရှိထားကာ သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း သိရသည်။

သေဆုံး၏ အနီးအနားတွင် 9MM ပစ္စတိုကျည် အခွံ (၄)ခုကို တွေ့ရသလို သစ်သားတုတ်တစ်ချောင်းကိုလည်းတွေ့ရကြောင်း သိရသည်။

ဆက်လက်စစ်ဆေးမှုများအရ သတ်ခံရသူမှာ ဧဒင်ရွာတွင် နေထိုင်သူ အသက်(၂၀)အရွယ် ပေတလုဆိုသူဖြစ်သည်ဟု သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဟောင်လိတ်နယ်မြေရဲကင်းစခန်းတွင် (ပ) ၁၆၄/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားရှိပြီး ပစ်ခတ်သတ်သွားသူအား စုံစမ်းနေကြောင်း သိရသည်။၊