ထိုင္းႏိုင္ငံ မယ့္ဆေလာင္းတြင္ ေနထုိင္သည့္ အာခါတုိင္းရင္းသားမ်ားက (၆)ႀကိမ္ေျမာက္အျဖစ္ စုေပါင္းအာခါရိုးရာဒန္းစီးပြဲေတာ္ က်င္းပ

ထိုင္းႏိုင္ငံ မယ့္ဆေလာင္းတြင္ ေနထုိင္သည့္ အာခါတုိင္းရင္းသားမ်ားက (၆)ႀကိမ္ေျမာက္အျဖစ္ စုေပါင္းအာခါရိုးရာဒန္းစီးပြဲေတာ္ က်င္းပ
စက်တင်ဘာ 8, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံေျမာက္ပိုင္း၊ ခ်င္းရိုင္းခရိုင္၊ မယ့္ဖလံုၿမိဳ႕နယ္၊ မယ့္ဆေလာင္းေက်းရြာအုပ္စု(အတြင္း)၏ သံုးလမ္းဆံုရြာတြင္ (၆)ႀကိမ္ေျမာက္ အာခါတိုင္းရင္းသားရိုးရာ စုေပါင္းဒန္းစီးပြဲေတာ္အား ၂၀၁၉ခုႏွစ္ စက္တင္ဘာလလ(၇)ရက္ေန႔မွ စက္တင္ဘာလ(၈)ရက္ေန႔အထိ က်င္းပျပဳလုပ္ရာ ျမန္မာႏိုင္ငံမွ အာခါတိုင္းရင္းသားမ်ားလည္း တက္ေရာက္ခဲ့ၾကသည္။

"တကယ္ေတာ့ ဒန္းစီးပြဲက်င္းပလာတာ (၇)ႀကိမ္ရွိပါၿပီ၊ ပထမတစ္ႀကိမ္က အျခားေနရာမွာလုပ္တာ၊ အဲ့ဒီေနာက္ပိုင္းမွာေတာ့ ဒီေနရာမွာ က်င္းပလာတာေတာ့ (၆)ႀကိမ္ရွိပါၿပီ၊ ေနာက္ၿပီး ကြ်န္ေတာ္တို႔ မယ့္ဆေလာင္း(အတြင္း)မွာက အာခါတိုင္းရင္းသားေတြ အမ်ားဆံုးေနထိုင္တယ္၊ (၈၀)ရာခိုင္ႏႈန္းေလာက္ရွိပါတယ္၊ ဒန္းစီးပြဲနဲ႔အတူ ညစာစားပြဲကို က်င္းတာကေတာ့ ဒါ ပထမဆံုးအႀကိမ္ပါ၊"ဟု ထိုင္းႏိုင္ငံအစိုးရအဖြဲ႔၀င္ အာခါတိုင္းရင္းသားေရးရာ၀န္ႀကီး ျဖစ္သူ ဦးအာမဲ ယက္ေရွာဂူက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ဒန္းစီးပြဲသို႔ ထိုင္းႏိုင္ငံအစိုးရအဖြဲ႔၀င္ အာခါတိုင္းရင္းသားေရးရာ၀န္ႀကီး ဦးအာမဲ ယက္ေရွာဂူ ၊ လႊတ္ေတာ္ကိုယ္စားမ်ား ႏွင့္ မယ့္ဆေလာင္းၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး အပါအ၀င္ ထိုင္းႏုိင္ငံအတြင္းမွ ဖိတ္ၾကားထားသူမ်ားအျပင္ ျမန္မာႏိုင္ငံမွ အာခါတိုင္းရင္းသားမ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ၾကသည္။

အဆိုပါ ဒန္းစီးပြဲေတာ္အား ထိုင္းႏိုင္ငံတြင္းေန အာခါတိုင္းရင္းသားမ်ားအေနျဖင့္ အာခါတိုင္းရင္းသားရိုးရာကို ဆက္လက္ထိန္းသိမ္းႏုိင္ရန္ ႏွင့္ ေနာင္လာေနာက္သား အာခါတုိင္းရင္းသားမ်ားအေနျဖင့္ မိမိတို႔ရဲ႕ ရိုးရာယဥ္ေက်းမႈႏွင့္ ရိုးရာပြဲမ်ားကို အစဥ္ေအာင္းေမ့ေနေစရန္အျပင္ ခရီးသြားလာေရးလုပ္ငန္းဖြံ႕ၿဖဳိးရန္အတြက္ ရည္ရြယ္၍ က်င္းပျပဳလုပ္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ႏွစ္ရက္တိုင္တိုင္ က်င္းပျပဳလုပ္သည့္ အဆိုပါ ဒန္းစီးပြဲေတာ္တြင္ မယ့္ဆေလာင္းေက်းရြာအုပ္စုအတြင္းမွ အာခါတိုင္းရင္းသားရိုးရာယဥ္ေက်းမႈအကအဖြဲ႔မ်ားမွ လာေရာက္ကျပေဖ်ာ္ေျဖခဲ့ၾကသည္။

ထိုင္းႏိုင္ငံအတြင္း အာခါတိုင္းရင္းသား (၃၀၀၀၀)ေက်ာ္ ေနထိုင္သည့္ မယ္ဆေလာင္းေက်းရြာအုပ္စု(အတြင္း)တြင္ ေက်းရြာေပါင္း (၃၃)ရြာရွိၿပီး အဓိက အားျဖင့္ စိုက္ပ်ဳိးေရးလုပ္ငန္းကို အားထားလုပ္ကိုင္ၾကၿပီး ေနာက္ပိုင္းတြင္ ခရီးသြားလာေရးလုပ္ငန္းကိုလည္း ခ်ဲ႕ထြင္ကာ အာခါရိုးရာအ၀တ္အထည္မ်ားႏွင့္ လက္ေဆာင္ပစၥည္းမ်ားေရာင္းခ်ျခင္းမ်ား လုပ္ကိုင္ေၾကာင္း သိရသည္။

အာခါရိုးရာ ဒန္းစီးျခင္း ႏွင့္ ပတ္သက္၍ အာခါတုိင္းရင္းသားတို႔၏ ႏွစ္စဥ္ က်င္းပေလ့ရိွသည့္ ဒန္းစီးပြဲေတာ္တြင္ မ်ိဳးႏြယ္စုတစ္ခုစီက ဒန္းအတြက္ တုိင္တစ္တုိင္စီ ခုတ္ယူေပးၾကၿပီး စည္းလံုးျခင္း အဓိပၸါယ္ျဖင့္ အလယ္တြင္ ခ်ည္ထားသည့္ ႀကိဳးကိုလႊဲ၍ ဒန္းစီးနင္းၾကျခင္းျဖစ္ေၾကာင္း ႏွင့္ ဒန္းစီးပြဲေတာ္တြင္ ေက်းရြာအုပ္ခ်ဳပ္သူက မိုးနတ္မင္း၊ ေျမနတ္မင္းႏွင့္ ေရနတ္မင္းတုိ႔ကို တိုင္တည္ၿပီး ေဒသလူထုအတြက္ ဆုမြန္ေျခြၿပီး စတင္စီးနင္းၿပီးေနာက္ အျခားသူမ်ားက စီးနင္းၾကျခင္းျဖစ္ကာ ဒန္းစီးပြဲေတာ္တြင္ လူငယ္လူရြယ္မ်ားက အစြမ္းျပသည့္အေနျဖင့္ ဒန္းကို အျမင့္ဆံုးစီးႏုိင္ရန္ အားထုတ္ၾကေလ့ရိွေၾကာင္း သိရသည္။

အာခါတိုင္းရင္းသားမ်ားသည္ ျမန္မာႏိုင္ငံ၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ အမ်ားဆံုးေနထုိင္ၾကၿပီး၊ ျမန္မာႏုိင္ငံႏွင့္အိမ္နီးခ်င္းႏုိင္ငံမ်ားျဖစ္သည့္ တရုတ္၊ လာအို ႏွင့္ ထိုင္းႏုိင္ငံတို႔တြင္ ပ်ံ႕ႏွံ႔ေနထိုင္ၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင်၊ မယ့်ဖလုံမြို့နယ်၊ မယ့်ဆလောင်းကျေးရွာအုပ်စု(အတွင်း)၏ သုံးလမ်းဆုံရွာတွင် (၆)ကြိမ်မြောက် အာခါတိုင်းရင်းသားရိုးရာ စုပေါင်းဒန်းစီးပွဲတော်အား ၂၀၁၉ခုနှစ် စက်တင်ဘာလလ(၇)ရက်နေ့မှ စက်တင်ဘာလ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံမှ အာခါတိုင်းရင်းသားများလည်း တက်ရောက်ခဲ့ကြသည်။

"တကယ်တော့ ဒန်းစီးပွဲကျင်းပလာတာ (၇)ကြိမ်ရှိပါပြီ၊ ပထမတစ်ကြိမ်က အခြားနေရာမှာလုပ်တာ၊ အဲ့ဒီနောက်ပိုင်းမှာတော့ ဒီနေရာမှာ ကျင်းပလာတာတော့ (၆)ကြိမ်ရှိပါပြီ၊ နောက်ပြီး ကျွန်တော်တို့ မယ့်ဆလောင်း(အတွင်း)မှာက အာခါတိုင်းရင်းသားတွေ အများဆုံးနေထိုင်တယ်၊ (၈၀)ရာခိုင်နှုန်းလောက်ရှိပါတယ်၊ ဒန်းစီးပွဲနဲ့အတူ ညစာစားပွဲကို ကျင်းတာကတော့ ဒါ ပထမဆုံးအကြိမ်ပါ၊"ဟု ထိုင်းနိုင်ငံအစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဖြစ်သူ ဦးအာမဲ ယက်ရှောဂူက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဒန်းစီးပွဲသို့ ထိုင်းနိုင်ငံအစိုးရအဖွဲ့ဝင် အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးအာမဲ ယက်ရှောဂူ၊ လွှတ်တော်ကိုယ်စားများ နှင့် မယ့်ဆလောင်းမြို့နယ်အုပ်ချုပ်ရေးမှူး အပါအဝင် ထိုင်းနိုင်ငံအတွင်းမှ ဖိတ်ကြားထားသူများအပြင် မြန်မာနိုင်ငံမှ အာခါတိုင်းရင်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ဒန်းစီးပွဲတော်အား ထိုင်းနိုင်ငံတွင်းနေ အာခါတိုင်းရင်းသားများအနဖြေင့် အာခါတိုင်းရင်းသားရိုးရာကို ဆက်လက်ထိန်းသိမ်းနိုင်ရန် နှင့် နောင်လာနောက်သား အာခါတိုင်းရင်းသားများအနဖြေင့် မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုနှင့် ရိုးရာပွဲများကို အစဉ်အောင်းမေ့နေစေရန်အပြင် ခရီးသွားလာရေးလုပ်ငန်းဖွံ့ဖြိုးရန်အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်သည့် အဆိုပါ ဒန်းစီးပွဲတော်တွင် မယ့်ဆလောင်းကျေးရွာအုပ်စုအတွင်းမှ အာခါတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များမှ လာရောက်ကပြဖျော်ဖြေခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်း အာခါတိုင်းရင်းသား (၃၀၀၀၀)ကျော် နေထိုင်သည့် မယ်ဆလောင်းကျေးရွာအုပ်စု(အတွင်း)တွင် ကျေးရွာပေါင်း (၃၃)ရွာရှိပြီး အဓိက အားဖြင့် စိုက်ပျိုးရေးလုပ်ငန်းကို အားထားလုပ်ကိုင်ကြပြီး နောက်ပိုင်းတွင် ခရီးသွားလာရေးလုပ်ငန်းကိုလည်း ချဲ့ထွင်ကာ အာခါရိုးရာအဝတ်အထည်များနှင့် လက်ဆောင်ပစ္စည်းများရောင်းချခြင်းများ လုပ်ကိုင်ကြောင်း သိရသည်။

အာခါရိုးရာ ဒန်းစီးခြင်း နှင့် ပတ်သက်၍ အာခါတိုင်းရင်းသားတို့၏ နှစ်စဉ် ကျင်းပလေ့ရှိသည့် ဒန်းစီးပွဲတော်တွင် မျိုးနွယ်စုတစ်ခုစီက ဒန်းအတွက် တိုင်တစ်တိုင်စီ ခုတ်ယူပေးကြပြီး စည်းလုံးခြင်း အဓိပ္ပါယ်ဖြင့် အလယ်တွင် ချည်ထားသည့် ကြိုးကိုလွှဲ၍ ဒန်းစီးနင်းကြခြင်းဖြစ်ကြောင်း နှင့် ဒန်းစီးပွဲတော်တွင် ကျေးရွာအုပ်ချုပ်သူက မိုးနတ်မင်း၊ မြေနတ်မင်းနှင့် ရေနတ်မင်းတို့ကို တိုင်တည်ပြီး ဒေသလူထုအတွက် ဆုမွန်ခြွပြေီး စတင်စီးနင်းပြီးနောက် အခြားသူများက စီးနင်းကြခြင်းဖြစ်ကာ ဒန်းစီးပွဲတော်တွင် လူငယ်လူရွယ်များက အစွမ်းပြသည့်အနဖြေင့် ဒန်းကို အမြင့်ဆုံးစီးနိုင်ရန် အားထုတ်ကြလေ့ရှိကြောင်း သိရသည်။

အာခါတိုင်းရင်းသားများသည် မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် အများဆုံးနေထိုင်ကြပြီး၊ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်၊ လာအို နှင့် ထိုင်းနိုင်ငံတို့တွင် ပျံ့နှံ့နေထိုင်ကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net