မူဆယ်မြို့နယ် ဆိုင်ခေါင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးနှင့်ပါပစ်ခတ်သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်များပျက်စီး

မူဆယ်မြို့နယ် ဆိုင်ခေါင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းအပြင် လက်နက်ကြီးနှင့်ပါပစ်ခတ်သဖြင့် အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်များပျက်စီး
ဇူလိုင် 25, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်‌(မြောက်ပိုင်း)၊ မူဆယ်မြို့နယ် ဆိုင်ခေါင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့တွင်  Mi-35 ရဟတ်ယာဉ်ဖြင့် (၃)ကြိမ်အပြင် လက်နက်ကြီးနှင့်ပါပစ်ခတ်ခဲ့ရာ အရပ်သားတစ်ဦးသေဆုံးပြီး နေအိမ်တချို့ထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဆိုပါကျေးရွာကို လေကြောင်းအပြင် တပ်မ (၉၉)လက်အောက်ခံ ခလရ(၂၄၁)မှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဇူလိုင်လ(၂၄)ရက်နေ့ ညပိုင်းကလည်း မူဆယ်(၁၀၅)မိုင်၊ နမ့်ဖက်ကာ (၁၂၃)တပ်နှင့် နောနားဒုံတို့မှ လက်နက်ကြီးများဖြင့် အကြိမ် (၂၀)ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဆိုင်ခေါင်ကျေးရွာရှိ နေအိမ်အချို့နှင့် ဈေးအတွင်းဆိုင်ခန်းများ ထိခိုက်ပျက်စီးသွားခဲ့သေးသည်။

#TachileikNewsAgency

Photo : News & Information Department