က်ဳိင္းတံုၿမိဳ႕ ပန္ေလာ့ေက်းရြာအတြင္းရွိ ေနအိမ္(၃)အိမ္မွ ေဒသထြက္ခ်က္အရက္မ်ား ရွာေဖြေတြ႔ရွိ၍ ယစ္မ်ဳိးဥပေဒျဖင့္ အမႈဖြင့္ အေရးယူထားက်ဳိင္းတံုၿမိဳ႕ ပန္ေလာ့ေက်းရြာအတြင္းရွိ ေနအိမ္(၃)အိမ္မွ ေဒသထြက္ခ်က္အရက္မ်ား ရွာေဖြေတြ႔ရွိ၍ ယစ္မ်ဳိးဥပေဒျဖင့္ အမႈဖြင့္ အေရးယူထား

က်ဳိင္းတံုၿမိဳ႕ ပန္ေလာ့ေက်းရြာအတြင္းရွိ ေနအိမ္(၃)အိမ္မွ ေဒသထြက္ခ်က္အရက္မ်ား ရွာေဖြေတြ႔ရွိ၍ ယစ္မ်ဳိးဥပေဒျဖင့္ အမႈဖြင့္ အေရးယူထားက်ဳိင္းတံုၿမိဳ႕ ပန္ေလာ့ေက်းရြာအတြင္းရွိ ေနအိမ္(၃)အိမ္မွ ေဒသထြက္ခ်က္အရက္မ်ား ရွာေဖြေတြ႔ရွိ၍ ယစ္မ်ဳိးဥပေဒျဖင့္ အမႈဖြင့္ အေရးယူထား
မေ 17, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕နယ္တြင္းရွိ ေက်းရြာမ်ားတြင္ မူးယစ္ေဆး၀ါးသတင္းအရ သြားေရာက္စစ္ေဆးရာမွ မိုင္းဇင္းေက်းရြာအုပ္စု၊ ပန္ေလာ့ေက်းရြာတြင္ တရားမ၀င္ေရာင္းခ်ေနသည့္ ေဒသထြက္ခ်က္အရက္ (၂၈)ပံုးကို ေနအိမ္(၃)အိမ္မွ ၂၀၁၉ခုႏွစ္ ေမလ(၁၆)ရက္ေန႔က ဖမ္းဆီးရမိ၍ ယစ္မ်ိဳးဥပေဒျဖင့္ က်ဳိင္းတံုၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္လွစ္ထားရွိေၾကာင္း သိရသည္။

သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔တို႔က ၂၀၁၉ခုႏွစ္ ေမလ(၁၆)ရက္ေန႔ ညေန(၄)နာရီ၀န္းက်င္က ပန္ေလာ့ေက်းရြာအတြင္းသို႔ သြားေရာက္စစ္ေဆးရွာေဖြရာမွ ခ်က္အရက္မ်ားကို ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

ညေန(၄)နာရီ၀န္းက်င္တြင္ ပန္ေလာ့ေက်းရြာမွ စိုင္း၀န္းေထာင္း၏ ေနအိမ္အား ၀င္ေရာက္စစ္ေဆးရာ (၆) ဂါလံပလပ္စတစ္ပံုးျဖင့္ ထည့္ထားသည့္ ေဒသထြက္ခ်က္အရက္ (၉) ပံုးႏွင့္ (၁.၂၅) လီတာဆန္႔ အခ်ိဳရည္ပုလင္းမ်ားျဖင့္ ထည့္ထားသည့္ အရက္ဘူး (၈) ဘူးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

ဆက္လက္၍ အဆိုပါ ေက်းရြာေန စိုင္းမုန္႔တစ္၏ ေနအိမ္အား  ၀င္ေရာက္ရွာေဖြရာ (၆) ဂါလံ၀င္ ပလပ္စတစ္ပံုးျဖင့္ ထည့္ထားသည့္ ေဒသထြက္ခ်က္အရက္ (၁၂) ပံုးႏွင့္ (၁.၂၅) လီတာဆန္႔ အခ်ိဳရည္ဘူးျဖင့္ထည့္ထားသည့္ အရက္ဘူး (၁၀) ဘူးကို သိမ္းဆည္းရမိခဲ့ေၾကာင္း ႏွင့္ အဆိုပါ ေက်းရြာမွပင္ စိုင္း၀န္းေက်ာက္၏ေနအိမ္အား ၀င္ေရာက္ရွာေဖြရာ (၆) ဂါလံ၀င္ ပလပ္စတစ္ပံုးျဖင့္ ထည့္ထားသည့္ ေဒသထြက္ခ်က္အရက္ (၈) ပံုးႏွင့္ (၁.၂၅) လီတာဆန္႔ အခ်ိဳရည္ဘူးျဖင့္ထည့္ထားသည့္ အရက္ဘူး (၆) ဘူးကို သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕  မိုင္းဇင္းေက်းရြာအုပ္စု၊ ပန္ေလာ့ေက်းရြာတြင္ တရားမ၀င္ေရာင္းခ်ေနသည့္ ေဒသထြက္ခ်က္ အရက္မ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ စိုင္း၀န္းေထာင္းအား (ပ)၅၂၇/၂၀၁၉ ယစ္မ်ိဳးဥပေဒပုဒ္မ ၃၀(က) ျဖင့္လည္းေကာင္း၊   စိုင္းမုန္႔တစ္အား (ပ)၅၂၈/၂၀၁၉၊ ယစ္မ်ိဳးဥပေဒပုဒ္မ ၃၀(က) ျဖင့္ လည္းေကာင္း၊ စိုင္း၀န္းေက်ာက္အား (ပ)၅၃၀/၂၀၁၉၊ ယစ္မ်ိဳးဥပေဒပုဒ္မ ၃၀(က) ျဖင့္လည္းေကာင္း က်ိဳင္းတံုၿမိဳ႕ရဲစခန္းတြင္ အသီးသီးအမႈဖြင့္ အေရးယူထားေၾကာင္း သိရသည္။     

၁၉၁၇ခုႏွစ္ ယစ္မ်ဳိးဥပေဒ၏ ပုဒ္မ ၃၀(က)သည္ ာ ေထာင္ဒဏ္(၆)လအထိ ျဖစ္ေစ၊ ဒဏ္ေငြ (၁၀၀၀)က်ပ္ ျဖစ္ေစ၊ ေထာင္ဒဏ္ႏွင့္ ေငြဒဏ္ ႏွစ္ရပ္စလံုး ျပစ္ဒဏ္ခ်မွတ္ႏိုင္ေၾကာင္း ေဖာ္ျပထားရွိသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင်းရှိ ကျေးရွာများတွင် မူးယစ်ဆေးဝါးသတင်းအရ သွားရောက်စစ်ဆေးရာမှ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် တရားမဝင်ရောင်းချနေသည့် ဒေသထွက်ချက်အရက် (၂၈)ပုံးကို နေအိမ်(၃)အိမ်မှ ၂၀၁၉ခုနှစ် မေလ(၁၆)ရက်နေ့က ဖမ်းဆီးရမိ၍ ယစ်မျိုးဥပဒဖြေင့် ကျိုင်းတုံမြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားရှိကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့တို့က ၂၀၁၉ခုနှစ် မေလ(၁၆)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်က ပန်လော့ကျေးရွာအတွင်းသို့ သွားရောက်စစ်ဆေးရှာဖွေရာမှ ချက်အရက်များကို ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

ညနေ(၄)နာရီဝန်းကျင်တွင် ပန်လော့ကျေးရွာမှ စိုင်းဝန်းထောင်း၏ နေအိမ်အား ဝင်ရောက်စစ်ဆေးရာ (၆) ဂါလံပလပ်စတစ်ပုံးဖြင့် ထည့်ထားသည့် ဒေသထွက်ချက်အရက် (၉) ပုံးနှင့် (၁.၂၅) လီတာဆန့် အချိုရည်ပုလင်းများဖြင့် ထည့်ထားသည့် အရက်ဘူး (၈) ဘူးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အဆိုပါ ကျေးရွာနေ စိုင်းမုန့်တစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ (၆) ဂါလံဝင် ပလပ်စတစ်ပုံးဖြင့် ထည့်ထားသည့် ဒေသထွက်ချက်အရက် (၁၂) ပုံးနှင့် (၁.၂၅) လီတာဆန့် အချိုရည်ဘူးဖြင့်ထည့်ထားသည့် အရက်ဘူး (၁၀) ဘူးကို သိမ်းဆည်းရမိခဲ့ကြောင်း နှင့် အဆိုပါ ကျေးရွာမှပင် စိုင်းဝန်းကျောက်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ (၆) ဂါလံဝင် ပလပ်စတစ်ပုံးဖြင့် ထည့်ထားသည့် ဒေသထွက်ချက်အရက် (၈) ပုံးနှင့် (၁.၂၅) လီတာဆန့် အချိုရည်ဘူးဖြင့်ထည့်ထားသည့် အရက်ဘူး (၆) ဘူးကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျိုင်းတုံမြို့ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်လော့ကျေးရွာတွင် တရားမဝင်ရောင်းချနေသည့် ဒေသထွက်ချက် အရက်များနှင့်အတူ ဖမ်းဆီးရမိသည့် စိုင်းဝန်းထောင်းအား (ပ)၅၂၇/၂၀၁၉ ယစ်မျိုးဥပဒေပုဒ်မ ၃၀(က) ဖြင့်လည်းကောင်း၊ စိုင်းမုန့်တစ်အား (ပ)၅၂၈/၂၀၁၉၊ ယစ်မျိုးဥပဒေပုဒ်မ ၃၀(က) ဖြင့် လည်းကောင်း၊ စိုင်းဝန်းကျောက်အား (ပ)၅၃၀/၂၀၁၉၊ ယစ်မျိုးဥပဒေပုဒ်မ ၃၀(က) ဖြင့်လည်းကောင်း ကျိုင်းတုံမြို့ရဲစခန်းတွင် အသီးသီးအမှုဖွင့် အရေးယူထားကြောင်း သိရသည်။

၁၉၁၇ခုနှစ် ယစ်မျိုးဥပဒေ၏ ပုဒ်မ ၃၀(က)သည်ာ ထောင်ဒဏ်(၆)လအထိ ဖြစ်စေ၊ ဒဏ်ငွေ (၁၀၀၀)ကျပ် ဖြစ်စေ၊ ထောင်ဒဏ်နှင့် ငွေဒဏ် နှစ်ရပ်စလုံး ပြစ်ဒဏ်ချမှတ်နိုင်ကြောင်း ဖော်ပြထားရှိသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net