ထိုင်းနှင့် စင်္ကာပူနိုင်ငံသား (၁၇) ဦးပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာ

ထိုင်းနှင့် စင်္ကာပူနိုင်ငံသား (၁၇) ဦးပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာ
ဒီဇင်ဘာ 15, 2019
By Tachileik News Agency
ထိုင်းနှင့် စင်္ကာပူနိုင်ငံသား (၁၇) ဦးပါဝင်သည့် ဆိုင်ကယ်စီးအဖွဲ့ တာချီလိတ်မှ ထိုင်းနိုင်ငံသို့ ထွက်ခွာ

မြန်မာ - ထိုင်းနယ်စပ် မြဝတီမြို့မှ ဝင်ရောက်လာသည့် ထိုင်းနှင့် စင်္ကာပူနိုင်ငံသား (၁၇) ဦးအဖွဲ့သည် ဆိုင်ကယ် (၁၅) စီးနှင့် မော်တော်ယာဉ် (၁)စီး နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားမှ တစ်ဆင့် ထိုင်းနိုင်ငံသို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့ နံနက်ပိုင်းက ပြန်လည်ထွက်ခွာသွားသည်။

"ကျိုင်းတုံမှာ (၂) ညအိပ်ဖို့ စီစဉ်ထားတာမှာ ကျိုင်းတုံမှာ (၁) ရက်ပဲလည်တယ်။ ကျိုင်းတုံရောက်ရင် အိမ်ရောက်သလိုဖြစ်နေပြီဆိုပြီး ပြန်သွားတော့ (၂) ရက်စောပြန်သွားတာ"ဟု အဆိုပါခရီးစဉ်ကို စီစဉ်သည့် Glorify Travel & Tours Co.,LTD မှ ဧည့်လမ်းညွှန် ဒေါ်နန်းဝိတိုးလျားက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံသား အမျိုးသား (၁၅) ဦး၊ အမျိုးသမီး (၁) ဦးနှင့် စင်္ကပူနိုင်ငံသား (၁) ဦးတို့ပါဝင်သောအဖွဲ့သည့် ဒီဇင်ဘာ (၆) ရက်နေ့က မြဝတီမြို့မှဝင်ရောက်ခဲ့ပြီး မြဝတီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ (၁၀) ရက်တာ လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ခရီးသွားအဖွဲ့သည် ဒီဇင်ဘာ (၆) ရက်နေ့မှ ဒီဇင်ဘာ (၁၇) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း (၁၂) ရက်တာလည်ပတ်ရန် ခွင့်ပြုချက်တင်ခဲ့သော်လည်း (၂) ရက်စောကာ ပြန်လည်ထွက်ခွာသွားခဲ့ခြင်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၏ တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~