နယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ဝမ်ကောင်းရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထ လှည့်ကင်း ဆောင်ရွက်

နယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ဝမ်ကောင်းရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထ လှည့်ကင်း ဆောင်ရွက်
ဖေဖော်ဝါရီ 12, 2020
By Tachileik News Agency

နယ်စပ်ဒေသ တာချီလိတ်မြို့ပေါ် ဝမ်ကောင်းရပ်ကွက်အတွင်း ကိုယ်ထူကိုယ်ထ လှည့်ကင်း ဆောင်ရွက်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်တွင် ကိုယ်ထူကိုယ်ထ လှည့်ကင်း ဆောင်ရွက်ခြင်းကို ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလမှစ၍ ပုံမှန်ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း သိရသည်။

ဒီလိုလုပ်ဖို့  ကျွန်တော်တို့ တိုင်ပင်နေတာတော့ ကြာပါပြီ။ ရပ်ကွက်ထဲမှာ ရန်ဖြစ်လို့ လာတိုင်တာတို့ တစ်ခုခုဖြစ်လို့ လာတိုင်ရင် ကျွန်တော်တို့ ရပ်ကွက်ရုံးမှာ လူမရှိတော့ ချက်ချင်းလိုက် မသွားနိုင်ဘူး။ ဒါကြောင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေနဲ့ တိုင်ပင်ပြီး ရပ်ကွက်ရုံးမှာ ပုံမှန်လူစု ထိုင်ပေးဖို့နဲ့ အခုလို လှည့်ကင်းလုပ်ဖို့ စီစဉ်ဖြစ်သွားတာ။ အမြဲတမ်းပုံမှန်လုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။ ကိုယ့်ရပ်ကွက်လုံခြုံရေးအတွက် ကူညီချင်သူတွေရှိရင်လည်း ရပ်ကွက်ရုံးမှာ ညတိုင်း (၇)နာရီမှာ လူစုပါတယ်။ လာပူးပေါင်းကြပါ။ အခုတော့ ရပ်ကွက်ရုံးမှာ ကူညီတဲ့သူတွေအတွက် အစားအသောက် လှူတဲ့သူတွေလည်း ရှိကြတယ်

ဟု ဝမ်ကောင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ညပိုင်းက ပြောသည်။

ဝမ်ကောင်းရပ်ကွက်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုံခြုံရေးကိစ္စရပ်များဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ ညနေပိုင်းက အစည်းအဝေးကျင်းပခဲ့ရာ ဝမ်ကောင်းပြည်သူ့စစ်၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများနှင့် ရပ်ကွက်အတွင်း စိတ်ပါဝင်စားသည့် လူငယ်များစုပေါင်းပြီး ကိုယ်ထူကိုယ်ထ လှည့်ကင်းများ ဆောင်ရွက်ရန် စီစဉ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် မြို့ပေါ်ရပ်ကွက် (၁၁)ရပ်ကွက်ရှိပြီး ရပ်ကွက်လုံခြုံရေးအတွက် ကိုယ်ထူကိုယ်ထ ကင်းလှည့်ခြင်းကို ယခင်ကလည်း မယ်ခေါင်ရပ်ကွက်က ၂၀၁၈ ခုနှစ်အတွင်းက ဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၀ ခုနှစ်တွင် ဝမ်ကောင်းရပ်ကွက်က ရပ်ကွက်အတွင်းမှ စုပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။

နယ်စပ်မြို့ တာချီလိတ်တွင် မှုခင်းများကျဆင်းရေးအတွက် ရဲတပ်ဖွဲ့ကလည်း ဖေဖေါ်ဝါရီလမှ စတင်ကာ ရက်ပေါင်း (၉၀)ကြာမည့် ကျားမင်းစီမံချက်ကို ဆောင်ရွက်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကိုထထဝ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~