မူဆယ္ၿမိဳ႕နယ္ မႏၱေလး - မူဆယ္လမ္းတြင္ ကုန္တင္ယာဥ္ႏွစ္စီးတုိက္မိ၍ (၄)ဦးေသ၊ (၃)ဦးဒဏ္ရာရ

မူဆယ္ၿမိဳ႕နယ္ မႏၱေလး - မူဆယ္လမ္းတြင္ ကုန္တင္ယာဥ္ႏွစ္စီးတုိက္မိ၍ (၄)ဦးေသ၊ (၃)ဦးဒဏ္ရာရ
ဇန်နဝါရီ 11, 2019
By 🌸
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မူဆယ္ၿမိဳ႕နယ္ နမ့္ေပၚတံတားရဲကင္းအနီး မႏၱေလး - မူဆယ္လမ္းတြင္ ပ်က္၍ ရပ္ထားသည့္ သၾကားတင္ယာဥ္အား ဓါတ္ေျမၾသဇာတင္လာသည့္ယာဥ္က မ်က္ႏွာခ်င္းဆုိင္မွ ဝင္တုိက္မိ၍ (၄)ဦး ေသဆံုးၿပီး (၃)ဦးဒဏ္ရာရသြားေၾကာင္း သိရသည္။

မႏၱေလးမွ မူဆယ္ဘက္သို႔ သၾကားတင္လာသည့္ ကုန္တင္ယာဥ္ပ်က္၍ ရပ္ထားစဥ္ မူဆယ္ဘက္မွ မႏၱေလးဘက္သို႔ ဓါတ္ေျမၾသဇာတင္လာသည့္ ကုန္တင္ယာဥ္က ဘရိတ္ေပါက္ၿပီး မ်က္ႏွာခ်င္းဆိုင္မွ ဝင္တုိက္မိသျဖင့္ အခင္းျဖစ္ေနရာတြင္ အမ်ိဳးသား (၄)ဦး ေသဆံုးသြားကာ အမ်ိဳးသား (၃)ဦး ဒဏ္ရာရသြားျခင္းျဖစ္ေၾကာင္း သိရသည္။

ေသဆံုးသူႏွင့္ ဒဏ္ရာရသူမ်ားအား မူဆယ္ယာဥ္ထိန္းတပ္ဖြဲ႕စုမွ တပ္ဖြဲ႕ဝင္မ်ားႏွင့္ နမ့္ေပၚတံတားရဲကင္းမွ ရဲတပ္ဖြဲ႕ဝင္မ်ားက မူဆယ္ေဆးရံုႀကီးသို႔ လူနာတင္ယာဥ္မ်ားျဖင့္ပို႔ေဆာင္ေပးထားၿပီး ယာဥ္တုိက္မႈႏွင့္ပတ္သက္၍ အမႈဖြင့္အေရးယူထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မူဆယ်မြို့နယ် မန္တလေး - မူဆယ်လမ်းတွင် ကုန်တင်ယာဉ်နှစ်စီးတိုက်မိ၍ (၄)ဦးသေ၊ (၃)ဦးဒဏ်ရာရ
************
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်ပေါ်တံတားရဲကင်းအနီး မန္တလေး - မူဆယ်လမ်းတွင် ပျက်၍ ရပ်ထားသည့် သကြားတင်ယာဉ်အား ဓါတ်မြေသြဇာတင်လာသည့်ယာဉ်က မျက်နှာချင်းဆိုင်မှ ဝင်တိုက်မိ၍ (၄)ဦး သေဆုံးပြီး (၃)ဦးဒဏ်ရာရသွားကြောင်း သိရသည်။

မန္တလေးမှ မူဆယ်ဘက်သို့ သကြားတင်လာသည့် ကုန်တင်ယာဉ်ပျက်၍ ရပ်ထားစဉ် မူဆယ်ဘက်မှ မန္တလေးဘက်သို့ ဓါတ်မြေသြဇာတင်လာသည့် ကုန်တင်ယာဉ်က ဘရိတ်ပေါက်ပြီး မျက်နှာချင်းဆိုင်မှ ဝင်တိုက်မိသဖြင့် အခင်းဖြစ်နေရာတွင် အမျိုးသား (၄)ဦး သေဆုံးသွားကာ အမျိုးသား (၃)ဦး ဒဏ်ရာရသွားခြင်းဖြစ်ကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရသူများအား မူဆယ်ယာဉ်ထိန်းတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များနှင့် နမ့်ပေါ်တံတားရဲကင်းမှ ရဲတပ်ဖွဲ့ဝင်များက မူဆယ်ဆေးရုံကြီးသို့ လူနာတင်ယာဉ်များဖြင့်ပို့ဆောင်ပေးထားပြီး ယာဉ်တိုက်မှုနှင့်ပတ်သက်၍ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~