တန့်ယန်းမြို့ Generation-Z များရဲ့ ပန်းဝါတန်းလမ်းပေါ်က "We Want Democracy"

တန့်ယန်းမြို့ Generation-Z များရဲ့ ပန်းဝါတန်းလမ်းပေါ်က "We Want Democracy"

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့၏ အထင်ကရဖြစ်သည့် ပန်းဝါတန်းနေရာတွင် ယနေ့ မတ်လ(၁၀)ရက်နေ့ နံနက်ပိုင်းက တန့်ယန်းမြို့နေ Generation-Z များက "We Want Democracy" စာတန်းပါ ဗွီနိုင်းကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

တန့်ယန်းမြို့တွင် ဖေဖော်ဝါရီလ (၈)ရက်ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပွဲများကို နေ့စဥ်နီးပါး ပြုလုပ်ခဲ့ကြ‌သော်လည်း ဖေဖော်ဝါရီ(၂၈)နေ့တွင် ရဲကား၊အချုပ်ကား၊ရေကားနှင့်စစ်ကားများက ဆန္ဒပြသူများနောက် ထပ်ကြပ်မခွာ လိုက်နေ‌သောကြောင့် ဆန္ဒပြပွဲများ ရပ်နားသွားခဲ့ရကြောင်း သိရသည်။

တန့်ယန်းမြို့တွင် မြို့တွင်းလှည့်လည် ဆန္ဒထုတ်ဖော်ပွဲများ ရပ်နားထားသော်လည်း ဒီမိုကရေစီရရှိရေးအတွက် မိမိတို့၏ ဆန္ဒကို အ‌‌ခြေအနေပေးလျင်ပေးသလို ဆက်လက် ဖော်ထုတ်သွားမည်ဟု တန့်ယန်းမြို့နေ လူငယ်တစ်ဦးက ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၁)ရက်နေ့က တန့်ယန်းမြို့တွင်း ဆန္ဒပြပွဲတွင် ပါဝင်သူ(၃)ဦးကို သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုပုဒ်မ(၂၅)နှင့်အမှုဖွင့်ထားပြီး ထို(၃)ဦးအနက် ဖမ်းဆီးခံ (၁)ဦးကို လားရှိုးမြို့သို့လွှဲပြောင်းပို့ဆောင်ထား‌ကြောင်းလည်း သိရသည်။

#TachileikNewsAgency