ကြတ္ခုိင္ႏွင့္ မူဆယ္ၾကားတြင္ ပစ္ခတ္မႈမ်ားေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ား ပိတ္မိေန၍ အနီးဝန္းက်င္ ေဒသခံမ်ားက ကူညီေပးေန

ကြတ္ခုိင္ႏွင့္ မူဆယ္ၾကားတြင္ ပစ္ခတ္မႈမ်ားေၾကာင့္ ေမာ္ေတာ္ယာဥ္မ်ား ပိတ္မိေန၍ အနီးဝန္းက်င္ ေဒသခံမ်ားက ကူညီေပးေန
သြဂုတ် 24, 2019
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ကြတ္ခုိင္ၿမိဳ႕ႏွင့္ မူဆယ္ၿမိဳ႕ဘက္သို႔အဝင္ ခိုမုန္းေက်းရြာၾကားတြင္ ၾသဂုတ္လ (၂၄)ရက္ေန႔အထိ ပိတ္မိေနသည့္ကားမ်ား ရိွေနၿပီး အနီးဝန္းက်င္ေက်းရြာမ်ားတြင္ ခိုလံႈေနၾကရဆဲျဖစ္ေၾကာင္း သိရသည္။

“ဒီေန႔အေျခအေနအထိက တစ္ရြာနဲ႔တစ္ရြာလည္း သြားလုိ႔ လာလုိ႔မရျဖစ္ေနတယ္။ ရြာျပင္ကို ထြက္လုိ႔မရ ျဖစ္ေနတယ္။ ကြတ္ခုိင္ကေန နမ့္ဖက္ကာအေက်ာ္ ခိုမုန္းအထိ ျပည္ေထာင္စုလမ္းတေလွ်ာက္ေတာ့ ကားေတြက လမ္းေပၚမွာ သူ႔ေနရာနဲ႔သူေတာ့ ပိတ္မိေနၾကတာပဲ။ ပိတ္မိေနၾကတဲ့ကားေတြက နမ့္ဖက္ကာ အထြက္နားနဲ႔ ရြာထဲမွာ ႏွစ္ဖြဲ႕ ရိွေနတယ္။ သူတုိ႔ဆို စျဖစ္ေနကတည္းက ပိတ္မိေနၾကတာ။ ကားႀကီးသမားေရာ ကားေလးသမားေရာ အကုန္ပိတ္မိေနၾကတာ။ ဘယ္သူမွ သြားလို႔မရဘူး။ ကားေလးေတြက ခရီးသည္တင္တဲ့ ကားေလးေတြေပါ့”ဟု ေမတၱာရွင္ လူမႈကူညီေရးအသင္း (နမ့္ဖက္ကာ)၏ အဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြတ္ခုိင္ႏွင့္ မူဆယ္ၾကားတြင္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၇)ရက္ေန႔မွစ၍ ပစ္ခတ္တုိက္ခိုက္မႈမ်ား ျဖစ္ပြားေနျခင္းျဖစ္ၿပီး ပစ္ခတ္မႈမ်ားစတင္ခ်ိန္က နမ့္ဖက္ကာေက်းရြာအနီး တုိက္ပြဲအတြင္းမွ ဒဏ္ရာရ လူနာသြားသည္သည့္ ေမတၱာရွင္လူမႈကူညီေရးအသင္း(နမ့္ဖက္ကာ)၏ လူနာတင္ယာဥ္ (၂)စီး ပစ္ခတ္ခံရကာ အသင္းသား (၂)ဦး ဒဏ္ရာရသြားခဲ့ၿပီးေနာက္ လမ္းတေလွ်ာက္ ပိတ္မိေနသည့္ ကားမ်ားက အကူအညီေတာင္းခံလာသည္ကို သြားေရာက္ကူညီရန္ လံုၿခံဳေရးေၾကာင့္ အခက္အခဲျဖစ္ေနေၾကာင္း သိရသည္။

“ၾသဂုတ္လ (၂၀)ရက္ေန႔က လမ္းတေလွ်ာက္ ပိတ္မိေနတဲ့ ကားသမားေတြ စားေရးေသာက္ေရး အခက္အခဲျဖစ္ေနလို႔ သြားကူညီခ်င္ေပမဲ့ လမ္းေၾကာင္းကို ခြင့္ျပဳမယ့္သူေတြကလည္း ဘယ္သူမွ တက္မလာဘူး။ ဒီေတာ့ လမ္းတေလွ်ာက္ရြာေတြက အသင္းေတာ္တုိ႔ စာေပယဥ္ေက်းမႈအဖြဲ႕တုိ႔ကို လွမ္းခ်ိတ္ၿပီး ကူညီေပးဖုိ႔နဲ႔ အကူအညီေတာင္းလာတဲ့ ကားေတြကိုလည္း နီးစပ္ရာရြာမွာ အကူအညီေတာင္းဖို႔ ေျပာထားရတယ္”ဟု ေမတၱာရွင္ လူမႈကူညီေရးအသင္း (နမ့္ဖက္ကာ)၏ အဖြဲ႕ဝင္က ေျပာသည္။

နမ့္ဖက္ကာေက်းရြာအနီးတြင္ ပစ္ခတ္မႈမ်ားစတင္ကတည္းက ပိတ္မိေနသည့္ ကုန္တင္ယာဥ္ႀကီး (၆)စီးအပါအဝင္ ကားအစီးေရ (၂၀)ေက်ာ္ရိွေနၿပီး ကားသမားမ်ားကို ေက်းရြာလူထုက ကူညီေပးေနၾကေၾကာင္း သိရသည္။

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္တြင္ ၾသဂုတ္လ (၁၅)ရက္ေန႔မွစၿပီး TNLA၊ AA ႏွင့္ MNDAA တို႔၏ ပစ္ခတ္တုိက္ခုိက္မႈမ်ားေၾကာင့္ မႏၱေလး - မူဆယ္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္း ျပတ္ေတာက္ေနျခင္းျဖစ္ၿပီး အေရးေပၚသြားလာရသူမ်ားအေနျဖင့္ ေရွာင္ကြင္းလမ္းမ်ားမွ သြားလာေနၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - [ျပည္ေထာင္စုလမ္းမွ ပစ္ခတ္မႈမ်ားေၾကာင့္ ၁၀၅ မုိင္ယာဥ္စစ္ကြင္းတြင္ ပိတ္မိေနသည့္ ကားသမားမ်ားအား ၁၀၅ မိုင္လူငယ္အဖြဲ႕က အမ်ားျပည္သူလွဴဒါန္းမႈျဖင့္ ကူညီေပးေနျခင္းျဖစ္ပါသည္။]

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကွတ်ခိုင်နှင့် မူဆယ်ကြားတွင် ပစ်ခတ်မှုများကြောင့် မော်တော်ယာဉ်များ ပိတ်မိနေ၍ အနီးဝန်းကျင် ဒေသခံများက ကူညီပေးနေ
*************
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နှင့် မူဆယ်မြို့ဘက်သို့အဝင် ခိုမုန်းကျေးရွာကြားတွင် သြဂုတ်လ (၂၄)ရက်နေ့အထိ ပိတ်မိနေသည့်ကားများ ရှိနေပြီး အနီးဝန်းကျင်ကျေးရွာများတွင် ခိုလှုံနေကြရဆဲဖြစ်ကြောင်း သိရသည်။

“ဒီနေ့အခြေအနေအထိက တစ်ရွာနဲ့တစ်ရွာလည်း သွားလို့ လာလို့မရဖြစ်နေတယ်။ ရွာပြင်ကို ထွက်လို့မရ ဖြစ်နေတယ်။ ကွတ်ခိုင်ကနေ နမ့်ဖက်ကာအကျော် ခိုမုန်းအထိ ပြည်ထောင်စုလမ်းတလျှောက်တော့ ကားတွေက လမ်းပေါ်မှာ သူ့နေရာနဲ့သူတော့ ပိတ်မိနေကြတာပဲ။ ပိတ်မိနေကြတဲ့ကားတွေက နမ့်ဖက်ကာ အထွက်နားနဲ့ ရွာထဲမှာ နှစ်ဖွဲ့ ရှိနေတယ်။ သူတို့ဆို စဖြစ်နေကတည်းက ပိတ်မိနေကြတာ။ ကားကြီးသမားရော ကားလေးသမားရော အကုန်ပိတ်မိနေကြတာ။ ဘယ်သူမှ သွားလို့မရဘူး။ ကားလေးတွေက ခရီးသည်တင်တဲ့ ကားလေးတွေပေါ့”ဟု မေတ္တာရှင် လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)၏ အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွတ်ခိုင်နှင့် မူဆယ်ကြားတွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၇)ရက်နေ့မှစ၍ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေခြင်းဖြစ်ပြီး ပစ်ခတ်မှုများစတင်ချိန်က နမ့်ဖက်ကာကျေးရွာအနီး တိုက်ပွဲအတွင်းမှ ဒဏ်ရာရ လူနာသွားသည်သည့် မေတ္တာရှင်လူမှုကူညီရေးအသင်း(နမ့်ဖက်ကာ)၏ လူနာတင်ယာဉ် (၂)စီး ပစ်ခတ်ခံရကာ အသင်းသား (၂)ဦး ဒဏ်ရာရသွားခဲ့ပြီးနောက် လမ်းတလျှောက် ပိတ်မိနေသည့် ကားများက အကူအညီတောင်းခံလာသည်ကို သွားရောက်ကူညီရန် လုံခြုံရေးကြောင့် အခက်အခဲဖြစ်နေကြောင်း သိရသည်။

“သြဂုတ်လ (၂၀)ရက်နေ့က လမ်းတလျှောက် ပိတ်မိနေတဲ့ ကားသမားတွေ စားရေးသောက်ရေး အခက်အခဲဖြစ်နေလို့ သွားကူညီချင်ပေမဲ့ လမ်းကြောင်းကို ခွင့်ပြုမယ့်သူတွေကလည်း ဘယ်သူမှ တက်မလာဘူး။ ဒီတော့ လမ်းတလျှောက်ရွာတွေက အသင်းတော်တို့ စာပေယဉ်ကျေးမှုအဖွဲ့တို့ကို လှမ်းချိတ်ပြီး ကူညီပေးဖို့နဲ့ အကူအညီတောင်းလာတဲ့ ကားတွေကိုလည်း နီးစပ်ရာရွာမှာ အကူအညီတောင်းဖို့ ပြောထားရတယ်”ဟု မေတ္တာရှင် လူမှုကူညီရေးအသင်း (နမ့်ဖက်ကာ)၏ အဖွဲ့ဝင်က ပြောသည်။

နမ့်ဖက်ကာကျေးရွာအနီးတွင် ပစ်ခတ်မှုများစတင်ကတည်းက ပိတ်မိနေသည့် ကုန်တင်ယာဉ်ကြီး (၆)စီးအပါအဝင် ကားအစီးရေ (၂၀)ကျော်ရှိနေပြီး ကားသမားများကို ကျေးရွာလူထုက ကူညီပေးနေကြကြောင်း သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတလျှောက်တွင် သြဂုတ်လ (၁၅)ရက်နေ့မှစပြီး TNLA၊ AA နှင့် MNDAA တို့၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် မန္တလေး - မူဆယ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်နေခြင်းဖြစ်ပြီး အရေးပေါ်သွားလာရသူများအနေဖြင့် ရှောင်ကွင်းလမ်းများမှ သွားလာနေကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - [ပြည်ထောင်စုလမ်းမှ ပစ်ခတ်မှုများကြောင့် ၁၀၅ မိုင်ယာဉ်စစ်ကွင်းတွင် ပိတ်မိနေသည့် ကားသမားများအား ၁၀၅ မိုင်လူငယ်အဖွဲ့က အများပြည်သူလှူဒါန်းမှုဖြင့် ကူညီပေးနေခြင်းဖြစ်ပါသည်။]

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net