မႏၱေလး - လားရိႈးလမ္းပိုင္းမွ မုိင္းခြဲခံရသည့္ ဂုတ္တြင္းတံတား ယေန႔ညေနပိုင္းတြင္ စတင္ျဖတ္သန္း အသံုးျပဳႏိုင္မည္

မႏၱေလး - လားရိႈးလမ္းပိုင္းမွ မုိင္းခြဲခံရသည့္ ဂုတ္တြင္းတံတား ယေန႔ညေနပိုင္းတြင္ စတင္ျဖတ္သန္း အသံုးျပဳႏိုင္မည္
သြဂုတ် 20, 2019
By 🌸
ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) ရိွ မႏၱေလး - လားရိႈးလမ္းပိုင္းမွ မိုင္းခြဲခံရသည့္ ဂုတ္တြင္းတံတားေနရာတြင္ တည္ေဆာက္ေနသည့္ ယာယီေဘလီတံတားဂုတ္တြင္းတံတားကို၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၀)ရက္ေန႔ ညေနပိုင္းမွစ၍ ျဖတ္သန္းခြင့္ျပဳမည္ျဖစ္ေၾကာင္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္သည္။

အိမ္စီးကားမ်ား၊ ခရီးသည္တင္ကားမ်ားႏွင့္ ကုန္ကားမ်ားကို ယာဥ္ႏွင့္ ကုန္အမ်ားဆံုး (၃၆)တန္ကို ျဖတ္သန္းခြင့္ျပဳမည္ျဖစ္ၿပီး ေမာ္ေတာ္ယာဥ္မ်ား စနစ္တက်ျဖတ္သန္းရန္ ႀကီးၾကပ္ေဆာင္ရြက္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

"(၂၀) ရက္ေန႔မွာ အၿပီးေဆာက္လုပ္ႏိုင္ဖို႔အတြက္ လုပ္ေဆာင္ေနခဲ့တာ အေတာ္ၿပီးစီးေနပါၿပီ။ (၂၀) ရက္ေန႔ ဒီညေနပိုင္းမွာ လံုးဝအၿပီးသတ္ႏိုင္မယ္လို႔ ခန္႔မွန္းရတယ္။ လံုးဝၿပီးသြားၿပီဆိုတာနဲ႔ ျဖတ္သန္းခြင့္ ျပဳေပးသြားမွာပါ။ တစ္ခုရွိတာက အၿပီးတည္ေဆာက္ၿပီးတဲ့အခ်ိန္က်မွ တံတားရဲ့ခံႏိုင္ဝန္ကို စမ္းသပ္ စစ္ေဆးမႈေတြ လုပ္ရမွာျဖစ္တဲ့အတြက္ ဘယ္ေလာက္ခံႏိုင္ဝန္ရွိမယ္ဆိုတာ အခုမသိရေသးဘူး" ဟု ျပည္ေထာင္စုလမ္းမႀကီး ေနာင္ခ်ိဳ-ေက်ာက္မဲလမ္းပိုင္းမွ တာဝန္ရွိသူတစ္ဦးျဖစ္သည့္ Oriental Highway Co.ltd မွ စီမံကိန္းမန္ေနဂ်ာ  ဦးသက္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

မႏၱေလး - လားရိႈးကားလမ္းရိွ ဂုတ္တြင္းတံတားမွာ ၾသဂုတ္လ (၁၅) ရက္ေန႔က မုိင္းခြဲဖ်က္ဆီးခံလုိက္ရၿပီး ၾသဂုတ္လ (၁၆)ရက္ေန႔မွစ၍ ႏွစ္လမ္းသြား သံေဘာင္ေဘလီတံတား တစ္စင္းကို ေဆာက္လုပ္ေရး ဝန္ႀကီးဌာနက ေန႔ဆုိင္း၊ ညဆုိင္းျဖင့္ ေဆာင္ရြက္ေပးေနျခင္း ျဖစ္သည္။

လက္ရိွတြင္လည္း ေဆာက္လုပ္ေရးဝန္ႀကီးဌာနမွ လမ္း/တံတား အင္ဂ်င္နီယာမ်ားႏွင့္ ကၽြမ္းက်င္လုပ္သား အင္အား (၂၀၀) ေက်ာ္က စက္/ယာဥ္ ယႏၲရားမ်ားျဖင့္လည္းေကာင္း၊ Oriental Highways BOT ကုမၸဏီမွ အင္ဂ်င္နီယာမ်ား၊ စက္/ယာဥ္ ယႏၲရားမ်ားျဖင့္လည္းေကာင္း တံတားခ်ဥ္းကပ္လမ္းခင္းျခင္းလုပ္ငန္းမ်ားႏွင့္ တံတားသံေဘာင္ မူလီမ်ားျကပ္ျခင္းလုပ္ငန္းမ်ားအား ဆက္လက္ေဆာင္ရြက္ေနကာ တံတားအေလးခံႏုိင္ဝန္ စမ္းသပ္စစ္ေဆးၿပီးသည္ႏွင့္ ျဖတ္သန္းသြားလာခြင့္ျပဳမည္ျဖစ္ေၾကာင္း သိရသည္။

ျပင္ဦးလြင္ၿမိဳ႕နယ္အပါအဝင္ ရွမ္းျပည္နယ္ (ေျမာက္ပိုင္း) အတြင္း ၾသဂုတ္လ (၁၅) ရက္ေန႔မွစ၍ AA၊ TNLA ႏွင့္ MNDAA တို႔က ပစ္ခတ္တုိက္ခုိက္မႈမ်ားျပဳလုပ္ေနၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း နယ္စပ္ကုန္သြယ္ေရး လမ္းေၾကာင္းျဖစ္သည့္ မႏၱေလး - မူဆယ္လမ္းပိုင္းမွ ဂုတ္တြင္းတံတား၊ သိန္းနီ-ကြမ္းလံုလမ္းပိုင္းမွ တံတား (၃) စင္းတုိ႔ မုိင္းခြဲဖ်က္ဆီးခံလုိက္ရျခင္း ျဖစ္သည္။

သတင္း #ေနၿဖိဳးျမင့္ (Tachileik News Agency)
ဓါတ္ပံု - ေဆာက္လုပ္ေရးဝန္ႀကီးဌာန

~~~~~~~~⊰❂ Unicode Version ~~~~~~~~

မန္တလေး - လားရှိုးလမ်းပိုင်းမှ မိုင်းခွဲခံရသည့် ဂုတ်တွင်းတံတား ယနေ့ညနေပိုင်းတွင် စတင်ဖြတ်သန်း အသုံးပြုနိုင်မည်
**********
ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မန္တလေး - လားရှိုးလမ်းပိုင်းမှ မိုင်းခွဲခံရသည့် ဂုတ်တွင်းတံတားနေရာတွင် တည်ဆောက်နေသည့် ယာယီဘေလီတံတားဂုတ်တွင်းတံတားကို၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်နေ့ ညနေပိုင်းမှစ၍ ဖြတ်သန်းခွင့်ပြုမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အိမ်စီးကားများ၊ ခရီးသည်တင်ကားများနှင့် ကုန်ကားများကို ယာဉ်နှင့် ကုန်အများဆုံး (၃၆)တန်ကို ဖြတ်သန်းခွင့်ပြုမည်ဖြစ်ပြီး မော်တော်ယာဉ်များ စနစ်တကျဖြတ်သန်းရန် ကြီးကြပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

"(၂၀) ရက်နေ့မှာ အပြီးဆောက်လုပ်နိုင်ဖို့အတွက် လုပ်ဆောင်နေခဲ့တာ အတော်ပြီးစီးနေပါပြီ။ (၂၀) ရက်နေ့ ဒီညနေပိုင်းမှာ လုံးဝအပြီးသတ်နိုင်မယ်လို့ ခန့်မှန်းရတယ်။ လုံးဝပြီးသွားပြီဆိုတာနဲ့ ဖြတ်သန်းခွင့် ပြုပေးသွားမှာပါ။ တစ်ခုရှိတာက အပြီးတည်ဆောက်ပြီးတဲ့အချိန်ကျမှ တံတားရဲ့ခံနိုင်ဝန်ကို စမ်းသပ် စစ်ဆေးမှုတွေ လုပ်ရမှာဖြစ်တဲ့အတွက် ဘယ်လောက်ခံနိုင်ဝန်ရှိမယ်ဆိုတာ အခုမသိရသေးဘူး" ဟု ပြည်ထောင်စုလမ်းမကြီး နောင်ချို-ကျောက်မဲလမ်းပိုင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် Oriental Highway Co.ltd မှ စီမံကိန်းမန်နေဂျာ  ဦးသက်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မန္တလေး - လားရှိုးကားလမ်းရှိ ဂုတ်တွင်းတံတားမှာ သြဂုတ်လ (၁၅) ရက်နေ့က မိုင်းခွဲဖျက်ဆီးခံလိုက်ရပြီး သြဂုတ်လ (၁၆)ရက်နေ့မှစ၍ နှစ်လမ်းသွား သံဘောင်ဘေလီတံတား တစ်စင်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနက နေ့ဆိုင်း၊ ညဆိုင်းဖြင့် ဆောင်ရွက်ပေးနေခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လမ်း/တံတား အင်ဂျင်နီယာများနှင့် ကျွမ်းကျင်လုပ်သား အင်အား (၂၀၀) ကျော်က စက်/ယာဉ် ယန္တရားများဖြင့်လည်းကောင်း၊ Oriental Highways BOT ကုမ္ပဏီမှ အင်ဂျင်နီယာများ၊ စက်/ယာဉ် ယန္တရားများဖြင့်လည်းကောင်း တံတားချဉ်းကပ်လမ်းခင်းခြင်းလုပ်ငန်းများနှင့် တံတားသံဘောင် မူလီများကြပ်ခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက်နေကာ တံတားအလေးခံနိုင်ဝန် စမ်းသပ်စစ်ဆေးပြီးသည်နှင့် ဖြတ်သန်းသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ပြင်ဦးလွင်မြို့နယ်အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်း သြဂုတ်လ (၁၅) ရက်နေ့မှစ၍ AA၊ TNLA နှင့် MNDAA တို့က ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေပြီး ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းဖြစ်သည့် မန္တလေး - မူဆယ်လမ်းပိုင်းမှ ဂုတ်တွင်းတံတား၊ သိန်းနီ-ကွမ်းလုံလမ်းပိုင်းမှ တံတား (၃) စင်းတို့ မိုင်းခွဲဖျက်ဆီးခံလိုက်ရခြင်း ဖြစ်သည်။

သတင်း #နေဖြိုးမြင့် (Tachileik News Agency)
ဓါတ်ပုံ - ဆောက်လုပ်ရေးဝန်ကြီးဌာန

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net