မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLAတို့ တိုက်ပွဲဖြစ်

မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် TNLAတို့ တိုက်ပွဲဖြစ်
အောက်တိုဘာ 13, 2023 | 2021 Military Coup| ရှမ်းမြောက်

မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ နံနက်ပိုင်းက ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)တို့ (၂)နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယမန်နေ့ နံနက်ပိုင်းတွင် မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းနှင့် ဖြူရောင်ကျေးရွာကြား၌ တစ်ကြိမ်၊ နေ့လယ်ပိုင်းတွင် အထပ်ညောင်ကုန်းကျေးရွာအနီး၌ တစ်ကြိမ် စစ်ကောင်စီတပ်ဖွဲ့ ခလရ(၄၄)၊ (၈၈)၊ (၁၀၂)၊ (၁၀၄)တို့မှ အင်အား (၁၅၀)ကျော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAထံမှ သိရသည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကိုမူ မသိရသေးပါ။

ရှမ်းမြောက်ဒေသတွင် ပြီးခဲ့သည့် ဇူလိုင်လမှစတင်၍ ယနေ့ အောက်တိုဘာလ (၁၃)ရက်နေ့ထိ တိုက်ပွဲအကြိမ်ပေါင်း(၇၀)ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီးအခြေစိုက်စခန်းဖြစ်သည့် လွယ်ကျယ်လောက်၊ ၁၀၅ မိုင်၊ သိန္နီတပ်စခန်း၊ နမ့်ဖက်ကာ (၁၂၃)တပ်စခန်းနှင့် မိုးကုတ်တပ်စခန်းတို့မှ TNLA တပ်ဖွဲ့ များရှိရာနေရာကို နေ့စဉ် လက်နက်ကြီးနှင့် ပစ်ခတ်နေကြောင်း သိရသည်။

#TachileikNewsAgency