ထိုင္းႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရၿပီးေနာက္ တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္(၂၅) ဦးတြင္ ထိုင္းတရားရံုးမွ ေထာင္ဒဏ္ခ်မွတ္ခံထားရသူ (၁၀)ဦး ပါ၀င္

ထိုင္းႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရၿပီးေနာက္ တာခ်ီလိတ္သို႔ ျပန္လည္လႊဲေျပာင္းေပးလာသည့္(၂၅) ဦးတြင္ ထိုင္းတရားရံုးမွ ေထာင္ဒဏ္ခ်မွတ္ခံထားရသူ (၁၀)ဦး ပါ၀င္
မေ 24, 2019
By Tachileik News Agency

ထိုင္းႏိုင္ငံတြင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဖမ္းဆီးခံရသည့္ ျမန္မာႏိုင္ငံသားမ်ားကို တာခ်ီလိတ္ၿမိဳ႕ ျမန္မာ-ထိုင္းခ်စ္ၾကည္ေရး အမွတ္ (၂) တံတားသို႔ ၂၀၁၉ ခုႏွစ္ ေမလ (၂၄) ရက္ေန႔တြင္ (၂၅) ဦးလႊဲေျပာင္းေပးအပ္ရာ ထိုင္းတရားရံုးမွ ေထာင္ဒဏ္ခ်မွတ္ခံထားရသူ (၁၀) ဦး ပါ၀င္ေၾကာင္း သိရသည္။

"ေထာင္ႀကီးပိုင္း (၇) ေယာက္ဆိုတာ ျပစ္ဒဏ္ေစ့ၿပီး ျပန္လြတ္လာတာေပါ့။ (၃) ေယာက္လြတ္ၿငိမ္းခ်မ္းသာခြင့္နဲ႔ဆိုေတာ့ ေထာင္ကလြတ္လာတာ (၁၀) ဦး ရိွတာေပါ့။ က်န္တာကရိုးရိုးအလုပ္သမားေတြပဲ။ သူတို႔သြားဖို႔ လာဖို႔ ကားေတြဘာေတြ ေခၚေပးရတာေပါ့။ ေခ်ာင္းသာဖက္က (၁) ေယာက္ပါလာတယ္။ ျမ၀တီဘက္ကေနသြားတာေပါ့။ ျပန္ပို႔လာေတာ့ ဒီဘက္ဆိုေတာ့ ေတာ္ေတာ္အခက္ေတြ႕တယ္"ဟု  ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) မွ ကိုထြန္းႏိုင္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ျမန္မာႏိုင္ငံသို႔ ျပန္လည္လႊဲေျပာင္းေပးသည့္ (၂၅) ဦးတြင္ တရားမ၀င္သြားေရာက္မႈေၾကာင့္ အမ်ိဳးသား (၁) ဦး၊ နယ္ေျမေက်ာ္လြန္သြားေရာက္မႈျဖင့္ အမ်ိဳးသား (၁၀) ဦးႏွင့္ အမ်ိဳးသမီး (၅) ဦး၊ ရက္ေက်ာ္ေနထိုင္မႈျဖင့္ အမ်ိဳးသား (၆) ဦးႏွင့္ အမ်ိဳးသမီး (၃) ဦး ပါ၀င္ၿပီး၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္းမွ (၅) ဦး၊ ရွမ္းျပည္နယ္ေတာင္ပိုင္းမွ (၉) ဦး၊ ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ (၈) ဦးႏွင့္ ဧရာ၀တီတိုင္းေဒသႀကီးမွ (၁) ဦး၊ မႏၱေလးတိုင္းေဒသႀကီးမွ (၂) ဦးပါ၀င္ေၾကာင္း သိရသည္။

၎တို႔အား မယ္ဆိုင္ လ၀က ႏွင့္ အဖြဲ႔က ျမန္မာ - ထိုင္းခ်စ္ၾကည္ေရး အမွတ္(၂)တံတားမွ တာခ်ီလိတ္သို႔ လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာဘက္မွ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အလုပ္သမား လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဆုိင္ရာ ဦးစီးဌာန၊ ၿမိဳ႕နယ္အလုပ္သမား ညႊန္ၾကားမႈဦးစီးဌာန၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရးရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - CNCMC


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို တာချီလိတ်မြို့ မြန်မာ-ထိုင်းချစ်ကြည်ရေး အမှတ် (၂) တံတားသို့ ၂၀၁၉ ခုနှစ် မေလ (၂၄) ရက်နေ့တွင် (၂၅) ဦးလွှဲပြောင်းပေးအပ်ရာ ထိုင်းတရားရုံးမှ ထောင်ဒဏ်ချမှတ်ခံထားရသူ (၁၀) ဦး ပါဝင်ကြောင်း သိရသည်။

"ထောင်ကြီးပိုင်း (၇) ယောက်ဆိုတာ ပြစ်ဒဏ်စေ့ပြီး ပြန်လွတ်လာတာပေါ့။ (၃) ယောက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ဆိုတော့ ထောင်ကလွတ်လာတာ (၁၀) ဦး ရှိတာပေါ့။ ကျန်တာကရိုးရိုးအလုပ်သမားတွေပဲ။ သူတို့သွားဖို့ လာဖို့ ကားတွေဘာတွေ ခေါ်ပေးရတာပေါ့။ ချောင်းသာဖက်က (၁) ယောက်ပါလာတယ်။ မြဝတီဘက်ကနေသွားတာပေါ့။ ပြန်ပို့လာတော့ ဒီဘက်ဆိုတော့ တော်တော်အခက်တွေ့တယ်"ဟု ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) မှ ကိုထွန်းနိုင်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးသည့် (၂၅) ဦးတွင် တရားမဝင်သွားရောက်မှုကြောင့် အမျိုးသား (၁) ဦး၊ နယ်မြေကျော်လွန်သွားရောက်မှုဖြင့် အမျိုးသား (၁၀) ဦးနှင့် အမျိုးသမီး (၅) ဦး၊ ရက်ကျော်နေထိုင်မှုဖြင့် အမျိုးသား (၆) ဦးနှင့် အမျိုးသမီး (၃) ဦး ပါဝင်ပြီး၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှ (၅) ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်းမှ (၉) ဦး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှ (၈) ဦးနှင့် ဧရာဝတီတိုင်းဒေသကြီးမှ (၁) ဦး၊ မန္တလေးတိုင်းဒေသကြီးမှ (၂) ဦးပါဝင်ကြောင်း သိရသည်။

၎င်းတို့အား မယ်ဆိုင် လဝက နှင့် အဖွဲ့က မြန်မာ - ထိုင်းချစ်ကြည်ရေး အမှတ်(၂)တံတားမှ တာချီလိတ်သို့ လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန၊ မြို့နယ်အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net