တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းၿမိဳ႕မေစ်းအတြင္းရိွ အေရာင္းဆုိင္ပိုင္ရွင္မ်ားအား စားသံုးသူေရးရာဥပေဒသစ္၏ ကုန္ပစၥည္းအညႊန္းဆုိင္ရာမ်ားကို အသိေပးေဆြးေႏြး

တာခ်ီလိတ္ၿမိဳ႕ ဝမ္ေကာင္းၿမိဳ႕မေစ်းအတြင္းရိွ အေရာင္းဆုိင္ပိုင္ရွင္မ်ားအား စားသံုးသူေရးရာဥပေဒသစ္၏ ကုန္ပစၥည္းအညႊန္းဆုိင္ရာမ်ားကို အသိေပးေဆြးေႏြး
သြဂုတ် 21, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ဝမ္ေကာင္းေစ်းမွ ကုန္စံုဆုိင္၊ အလွကုန္ႏွင့္ ေဆးမ်ိဳးစံုဆိုင္ ပိုင္ရွင္မ်ားကို ကုန္အညႊန္းေဖၚျပျခင္းဆုိင္ရာႏွင့္ FDA က ခြင့္မျပဳသည့္ စားေသာက္ကုန္၊ အလွကုန္၊ ေဆးဝါးမ်ား၏ ေဘးထြက္ဆိုးက်ိဳးမ်ားကို FDA က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၁)ရက္ေန႔က အသိေပးရွင္းလင္းသည္။

စားသံုးသူကာကြယ္ေရးဥပေဒအရ ကုန္ပစၥည္းႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားကို ျမန္မာဘာသာျဖင့္ မျဖစ္မေန ေဖၚျပရမည္ျဖစ္ေၾကာင္း အသိေပးရွင္းလင္းျခင္းအျပင္ သက္ဆုိင္ရာဌာနမ်ားပါဝင္သည့္ ပူးေပါင္းအဖြဲ႕က ဝမ္ေကာင္းေစ်းအတြင္းရိွ ကုန္စံုဆိုင္ (၁၅) ဆိုင္၊ အလွကုန္ပစၥည္းေရာင္းခ်သည့္ဆိုင္ (၅) ဆိုင္ႏွင့္ ေဆးဝါးပစၥည္းအေရာင္းဆိုင္ (၃) ဆိုင္တို႔ကို စစ္ေဆးၿပီး ပစၥည္းနမူနာအခ်ို႕ကိုလည္း ေကာက္ယူထားေၾကာင္း သိရသည္။

"အဓိကက အစားအေသာက္ သက္တမ္းလြန္တာေတြ၊ အလွကုန္ေတြက သံုးစြဲရန္မသင့္ ေၾကာ္ျငာထားတဲ့ အလွကုန္ေတြ၊ ေဆးဝါးေတြက်ေတာ့ တရားဝင္မွတ္ပံုတင္ထားမႈမရိွတဲ့ ေဆးဝါးေတြ၊ သက္တမ္းလြန္ ေဆးဝါးေတြ၊ ေဆးဝါးအတုေတြ ေရာင္းခ်မႈရိွ၊ မရိွစစ္ေဆးခဲ့တာပါ"ဟု တာခ်ီလိတ္ခရိုင္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန (FDA) ဒုႀကီးၾကပ္ေရးမွဴး(ေဆး၀ါး)မွ ေဒၚသိဂီၤထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ခရိုင္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန(FDA)က တာခ်ီလိတ္ၿမို႕နယ္ စည္ပင္သာယာေရးေကာ္မတီ၊ စားသံုးသူေရးရာဦးစီးဌာန၊ တာခ်ီလိတ္ၿမိဳ႕နယ္ရဲတပ္ဖြဲ႕၊ ခရိုင္က်န္းမာေရးဦးစီးဌာန၊ ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနတို႔ပါဝင္သည့္ ပူးေပါင္းအဖြဲ႕ျဖင့္ စစ္ေဆးျခင္းျဖစ္သည္။

စားသံုးသူကာကြယ္ေရးဥပေဒ၏ ကုန္အညႊန္းအမွတ္အသားေဖၚျပျခင္းဆုိင္ရာ ျပဌာန္းခ်က္တြင္ ျပည္တြင္းထုတ္ျဖစ္ေစ၊ မည္သည့္ႏိုင္ငံမွ တင္သြင္းသည္ျဖစ္ေစ ကုန္ပစၥည္းဆုိင္ရာ အခ်က္အလက္မ်ားအား ျမန္မာဘာသာျဖင့္ မျဖစ္မေနေဖၚျပထားရမည္ျဖစ္ၿပီး ေဘးထြက္ဆိုးက်ိဳး (သို႔မဟုတ္) ဓါတ္မတည့္ေၾကာင္းေဖၚျပခ်က္မ်ားကို ႀကိဳတင္သတိေပးထားရမည္ျဖစ္သည္။

စားသံုးသူေရးရာဥပေဒသစ္အရ စားသံုးသူအခြင့္အေရးခ်ိဳးေဖါက္ခံရျခင္းမ်ားအား ထိေရာက္စြာအေရးယူႏုိင္မည့္ ျပစ္ဒဏ္မ်ားလည္းပါဝင္လာၿပီး အဆိုပါဥပေဒမွာ ၂၀၂၀ ခုႏွစ္၊ မတ္လ (၁၅)ရက္ေန႔တြင္ စတင္သက္ဝင္မည္ျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့ ဝမ်ကောင်းမြို့မဈေးအတွင်းရှိ အရောင်းဆိုင်ပိုင်ရှင်များအား စားသုံးသူရေးရာဥပဒေသစ်၏ ကုန်ပစ္စည်းအညွှန်းဆိုင်ရာများကို  အသိပေးဆွေးနွေး
**********
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ဝမ်ကောင်းဈေးမှ ကုန်စုံဆိုင်၊ အလှကုန်နှင့် ဆေးမျိုးစုံဆိုင် ပိုင်ရှင်များကို ကုန်အညွှန်းဖေါ်ပြခြင်းဆိုင်ရာနှင့် FDA က ခွင့်မပြုသည့် စားသောက်ကုန်၊ အလှကုန်၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးများကို FDA က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၁)ရက်နေ့က အသိပေးရှင်းလင်းသည်။

စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်ပစ္စည်းနှင့်ပတ်သက်သည့် အချက်အလက်များကို မြန်မာဘာသာဖြင့် မဖြစ်မနေ ဖေါ်ပြရမည်ဖြစ်ကြောင်း အသိပေးရှင်းလင်းခြင်းအပြင် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့က ဝမ်ကောင်းဈေးအတွင်းရှိ ကုန်စုံဆိုင် (၁၅) ဆိုင်၊ အလှကုန်ပစ္စည်းရောင်းချသည့်ဆိုင် (၅) ဆိုင်နှင့် ဆေးဝါးပစ္စည်းအရောင်းဆိုင် (၃) ဆိုင်တို့ကို စစ်ဆေးပြီး ပစ္စည်းနမူနာအချို့ကိုလည်း ကောက်ယူထားကြောင်း သိရသည်။

"အဓိကက အစားအသောက် သက်တမ်းလွန်တာတွေ၊ အလှကုန်တွေက သုံးစွဲရန်မသင့် ကြော်ငြာထားတဲ့ အလှကုန်တွေ၊ ဆေးဝါးတွေကျတော့ တရားဝင်မှတ်ပုံတင်ထားမှုမရှိတဲ့ ဆေးဝါးတွေ၊ သက်တမ်းလွန် ဆေးဝါးတွေ၊ ဆေးဝါးအတုတွေ ရောင်းချမှုရှိ၊ မရှိစစ်ဆေးခဲ့တာပါ"ဟု တာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဒုကြီးကြပ်ရေးမှူး(ဆေးဝါး)မှ ဒေါ်သိဂီၤထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က တာချီလိတ်မြို့နယ် စည်ပင်သာယာရေးကော်မတီ၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်မြို့နယ်ရဲတပ်ဖွဲ့၊ ခရိုင်ကျန်းမာရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးခြင်းဖြစ်သည်။

စားသုံးသူကာကွယ်ရေးဥပဒေ၏ ကုန်အညွှန်းအမှတ်အသားဖေါ်ပြခြင်းဆိုင်ရာ ပြဌာန်းချက်တွင် ပြည်တွင်းထုတ်ဖြစ်စေ၊ မည်သည့်နိုင်ငံမှ တင်သွင်းသည်ဖြစ်စေ ကုန်ပစ္စည်းဆိုင်ရာ အချက်အလက်များအား မြန်မာဘာသာဖြင့် မဖြစ်မနေဖေါ်ပြထားရမည်ဖြစ်ပြီး ဘေးထွက်ဆိုးကျိုး (သို့မဟုတ်) ဓါတ်မတည့်ကြောင်းဖေါ်ပြချက်များကို ကြိုတင်သတိပေးထားရမည်ဖြစ်သည်။

စားသုံးသူရေးရာဥပဒေသစ်အရ စားသုံးသူအခွင့်အရေးချိုးဖေါက်ခံရခြင်းများအား ထိရောက်စွာအရေးယူနိုင်မည့် ပြစ်ဒဏ်များလည်းပါဝင်လာပြီး အဆိုပါဥပဒေမှာ ၂၀၂၀ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် စတင်သက်ဝင်မည်ဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net