နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းမႀကီးေဘး ႏွင့္ ခ်စ္ၾကည္ေရးတံတားေပၚ ေနထိုင္သည့္ အိမ္ယာမဲ့မ်ားကို လိုက္လံရွင္းလင္း ဖယ္ရွားေနၿပီး ေနရပ္ျပန္ပို႔ေရး စီစဥ္ေန

နယ္စပ္ေဒသ တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းမႀကီးေဘး ႏွင့္ ခ်စ္ၾကည္ေရးတံတားေပၚ ေနထိုင္သည့္ အိမ္ယာမဲ့မ်ားကို လိုက္လံရွင္းလင္း ဖယ္ရွားေနၿပီး ေနရပ္ျပန္ပို႔ေရး စီစဥ္ေန
သြဂုတ် 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕တြင္ အိမ္ေျခမဲ့ေနထုိင္သူမ်ားကို အမ်ားျပည္သူသြားလာရာ ေနရာမ်ားတြင္ ေနထုိင္ျခင္းမရိွေစရန္ ဖယ္ရွားရွင္းလင္းမႈမ်ား လုပ္ေဆာင္ၿပီး ေနရပ္ျပန္ပို႔ႏုိင္ေရး စီစဥ္ေဆာင္ရြက္ေနေၾကာင္း သိရသည္။

"ကၽြန္ေတာ္တို႔ တာခ်ီလိတ္ၿမိဳ႕က ႏွစ္ႏိုင္ငံနယ္စပ္ၿမို႕ ျဖစ္တာေပါ့။ ၿမို႕ရဲ႕ဂုဏ္သိကၡာကို ထိေစႏိုင္တာေပါ့။ ခ်စ္ၾကည္ေရးတံတား အမွတ္(၁)မွာဆိုလည္း သြားရွင္းတဲ့အခါမွာ ျမင္လို႔မေကာင္းဘူးေပါ့။ ဒီတံတားဆိုရင္
ထိုင္းႏိုင္ငံသားေတြ၊ ႏိုင္ငံတကာကဧည့္သည္ေတြ ဧည့္သည္မ်ိဳးစံုသြားလာတဲ့ေနရာေတြျဖစ္တယ္။ ဒါေၾကာင့္ သြားေရာက္ရွင္းလင္းျခင္းျဖစ္ပါတယ္"ဟု တာခ်ီလိတ္ ဒုတိယၿမို႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၇)ရက္ေန႔တြင္ ေျပာသည္။

ၿမိဳ႕တြင္းလမ္းမႀကီးမ်ားတေလွ်ာက္ႏွင့္ ျမန္မာ-ထိုင္း ခ်စ္ၾကည္ေရးတံတား အမွတ္(၁)ေပၚတြင္ ေနထုိင္ေနသည့္ အိမ္ေျခမဲ့မ်ားကို ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၇) ရက္ေန႔ ညေနပိုင္းက ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ အရန္မီးသတ္တပ္ဖြဲ႕ႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္းတို႔ ပါ၀င္သည့္ ပူးေပါင္းအဖြဲ႔ျဖင့္ လိုက္လံရွင္းလင္းမႈမ်ား လုပ္ေဆာင္ခဲ့ၾကျခင္း ျဖစ္သည္။

"ပထမအဆင့္အေနနဲ႔ အမ်ားျပည္သူေတြနဲ႔ ဆိုင္တဲ့ေနရာေတြေပါ့။ အမွတ္(၁) ခ်စ္ၾကည္ေရးတံတားမွာ ေနထိုင္တဲ့သူေတြကို ဒီမွာေနလို႔မရဘူးဆိုတာေျပာၿပီးေတာ့ အထုပ္ေတြ၊ အပိုးေတြ၊ အိပ္ယာလိပ္ေတြကို စည္ပင္ကားနဲ႔ သိမ္းဆည္းပစ္လိုက္ၿပီ။ ညက်ရင္လည္း ဒီမွာေနလို႔မရဘူးဆိုတာ ထပ္ေျပာမယ္။ ဗိုလ္ခ်ဳပ္လမ္းမႀကီးေဘးမွာေနတဲ့သူေတြကို ဒီမွာေနလို႔မရဘူးဆိုတာ အသိပညာေပးတာေပါ့။ ဒုတိယအဆင့္ စက္တင္ဘာလထဲဆိုရင္ေတာ့ သူတို႔ေဆးျဖတ္ခ်င္တယ္ဆိုရင္ျဖတ္ေပးမယ္။ ေနရပ္ကိုျပန္ပို႔ေပးမယ္"ဟု မဇၥ်ိမလူမႈကူညီေရးအသင္းဥကၠဌ ဦးတင့္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

တာခ်ီလိတ္ၿမိဳ႕တြင္း လမ္းမႀကီးမ်ားေဘးႏွင့္ ခ်စ္ၾကည္ေရးတံတားမ်ားအနီးတြင္ေနထိုင္သည့္ အိမ္ေျခမဲ့မ်ားႏွင့္ ေတာင္းရမ္းေနသူမ်ားကို ပညာေပးမႈမ်ားလုပ္ေဆာင္သြားမည္ျဖစ္ၿပီး လိုအပ္ပါက ေနရပ္ျပန္ပို႔မႈမ်ား လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် အိမ်ခြေမဲ့နေထိုင်သူများကို အများပြည်သူသွားလာရာ နေရာများတွင် နေထိုင်ခြင်းမရှိစေရန် ဖယ်ရှားရှင်းလင်းမှုများ လုပ်ဆောင်ပြီး နေရပ်ပြန်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

"ကျွန်တော်တို့ တာချီလိတ်မြို့က နှစ်နိုင်ငံနယ်စပ်မြို့ ဖြစ်တာပေါ့။ မြို့ရဲ့ဂုဏ်သိက္ခါကို ထိစေနိုင်တာပေါ့။ ချစ်ကြည်ရေးတံတား အမှတ်(၁)မှာဆိုလည်း သွားရှင်းတဲ့အခါမှာ မြင်လို့မကောင်းဘူးပေါ့။ ဒီတံတားဆိုရင်

ထိုင်းနိုင်ငံသားတွေ၊ နိုင်ငံတကာကဧည့်သည်တွေ ဧည့်သည်မျိုးစုံသွားလာတဲ့နေရာတွဖြေစ်တယ်။ ဒါကြောင့် သွားရောက်ရှင်းလင်းခြင်းဖြစ်ပါတယ်"ဟု တာချီလိတ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇)ရက်နေ့တွင် ပြောသည်။

မြို့တွင်းလမ်းမကြီးများတလျှောက်နှင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား အမှတ်(၁)ပေါ်တွင် နေထိုင်နေသည့် အိမ်ခြေမဲ့များကို ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၇) ရက်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ အရန်မီးသတ်တပ်ဖွဲ့နှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြခြင်း ဖြစ်သည်။

"ပထမအဆင့်အနေနဲ့ အများပြည်သူတွေနဲ့ ဆိုင်တဲ့နေရာတွေပေါ့။ အမှတ်(၁) ချစ်ကြည်ရေးတံတားမှာ နေထိုင်တဲ့သူတွေကို ဒီမှာနေလို့မရဘူးဆိုတာပြောပြီးတော့ အထုပ်တွေ၊ အပိုးတွေ၊ အိပ်ယာလိပ်တွေကို စည်ပင်ကားနဲ့ သိမ်းဆည်းပစ်လိုက်ပြီ။ ညကျရင်လည်း ဒီမှာနေလို့မရဘူးဆိုတာ ထပ်ပြောမယ်။ ဗိုလ်ချုပ်လမ်းမကြီးဘေးမှာနေတဲ့သူတွေကို ဒီမှာနေလို့မရဘူးဆိုတာ အသိပညာပေးတာပေါ့။ ဒုတိယအဆင့် စက်တင်ဘာလထဲဆိုရင်တော့ သူတို့ဆေးဖြတ်ချင်တယ်ဆိုရင်ဖြတ်ပေးမယ်။ နေရပ်ကိုပြန်ပို့ပေးမယ်"ဟု မဇ္ဈိမလူမှုကူညီရေးအသင်းဥက္ကဌ ဦးတင့်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

တာချီလိတ်မြို့တွင်း လမ်းမကြီးများဘေးနှင့် ချစ်ကြည်ရေးတံတားများအနီးတွင်နေထိုင်သည့် အိမ်ခြေမဲ့များနှင့် တောင်းရမ်းနေသူများကို ပညာပေးမှုများလုပ်ဆောင်သွားမည်ဖြစ်ပြီး လိုအပ်ပါက နေရပ်ပြန်ပို့မှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net