တာခ်ီလိတ္ B.H.S ၏ စေန၊တနဂၤေႏြ အဂၤလိပ္ေက်ာင္းသားမ်ားအတြက္ မုိးရာသီပြဲေတာ္ က်င္းပ

တာခ်ီလိတ္ B.H.S ၏ စေန၊တနဂၤေႏြ အဂၤလိပ္ေက်ာင္းသားမ်ားအတြက္ မုိးရာသီပြဲေတာ္ က်င္းပ
သြဂုတ် 28, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ B.H.S ၏ စေန၊တနဂၤေႏြ အဂၤလိပ္ေက်ာင္းမွ ေက်ာင္းသားေက်ာင္းသူမ်ားအတြက္ မိုးရာသီ သဘာဝေဘးကာကြယ္ေရးႏွင့္ သဘာဝပတ္ဝန္းက်င္အေၾကာင္း အသိပညာေပးသည့္ မိုးရာသီပြဲေတာ္က်င္းပေပးသည္။

၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၄)ရက္ႏွင့္ (၂၅)ရက္မ်ားတြင္ က်င္းပခဲ့သည့္ အဆိုပါပြဲေတာ္တြင္ ကေလးငယ္မ်ားအေနျဖင့္ မိုးရာသီတြင္ေတြ႔ရတတ္ေသာ ျမင္ကြင္းမ်ား၊ သဘာဝေဘးအႏၱရာယ္မ်ား၊ သဘာဝေဘးအႏၱရာယ္မ်ားကို ႀကိဳတင္ကာကြယ္ရန္နည္းလမ္းမ်ား၊ မိုးရာသီသံုး အသံုးအေဆာင္မ်ား၊ မိုးရာသီတြင္ပြင့္ေသာပန္းမ်ား၊ ဟင္းသီးဟင္းရြက္မ်ား၊ အသီးအႏွံမ်ား၊ မိုးရာသီတြင္က်င္းပေလ့ရိွေသာ ျမန္မာ့႐ိုးရာပြဲေတာ္မ်ား၊ မိုးရာသီတြင္ အျဖစ္မ်ားေသာေရာဂါမ်ားႏွင့္ မိုးရာသီတြင္ ေတြ႔ရတတ္ေသာ အႏၱရာယ္ရိွေသာ တိရိစာၦန္မ်ား၊ ပိုးမႊားမ်ား အေၾကာင္းကိုသိရိွနားလည္၍ သဘာဝေဘးအႏၱရာယ္မ်ားကို ႀကိဳတင္ကာကြယ္ႏိုင္ရန္နည္းလမ္းမ်ားႏွင့္ မိုးရာသီဗဟုသုတမ်ားရရိွေစရန္ Monsoon Party မိုးရာသီပြဲေတာ္ က်င္းပေပးျခင္းျဖစ္ေၾကာင္း သိရသည္။
Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ် B.H.S ၏ စနေ၊တနင်္ဂနွေ အင်္ဂလိပ်ကျောင်းသားများအတွက် မိုးရာသီပွဲတော် ကျင်းပ
************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ B.H.S ၏ စနေ၊တနင်္ဂနွေ အင်္ဂလိပ်ကျောင်းမှ ကျောင်းသားကျောင်းသူများအတွက် မိုးရာသီ သဘာဝဘေးကာကွယ်ရေးနှင့် သဘာဝပတ်ဝန်းကျင်အကြောင်း အသိပညာပေးသည့် မိုးရာသီပွဲတော်ကျင်းပပေးသည်။

၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၄)ရက်နှင့် (၂၅)ရက်များတွင် ကျင်းပခဲ့သည့် အဆိုပါပွဲတော်တွင် ကလေးငယ်များအနေဖြင့် မိုးရာသီတွင်တွေ့ရတတ်သော မြင်ကွင်းများ၊ သဘာဝဘေးအန္တရာယ်များ၊ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ မိုးရာသီသုံး အသုံးအဆောင်များ၊ မိုးရာသီတွင်ပွင့်သောပန်းများ၊ ဟင်းသီးဟင်းရွက်များ၊ အသီးအနှံများ၊ မိုးရာသီတွင်ကျင်းပလေ့ရှိသော မြန်မာ့ရိုးရာပွဲတော်များ၊ မိုးရာသီတွင် အဖြစ်များသောရောဂါများနှင့် မိုးရာသီတွင် တွေ့ရတတ်သော အန္တရာယ်ရှိသော တိရိစ္ဆာန်များ၊ ပိုးမွှားများ အကြောင်းကိုသိရှိနားလည်၍ သဘာဝဘေးအန္တရာယ်များကို ကြိုတင်ကာကွယ်နိုင်ရန်နည်းလမ်းများနှင့် မိုးရာသီဗဟုသုတများရရှိစေရန် Monsoon Party မိုးရာသီပွဲတော် ကျင်းပပေးခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net