သိန္းနီ - ခ်င္းေရႊေဟာ္လမ္းမွ တံတား(၂)စင္း မိုင္းခြဲဖ်က္ဆီးခံရ၍ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္

သိန္းနီ - ခ်င္းေရႊေဟာ္လမ္းမွ တံတား(၂)စင္း မိုင္းခြဲဖ်က္ဆီးခံရ၍ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္
သြဂုတ် 17, 2019
By 🌸
႐ွမ္းျပည္နယ္(ေျမာက္ပိုင္း) ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္တြင္ ၂၀၁၉ ခုႏွစ္၊ ျသဂုတ္လ (၁၆) ရက္ေန႔ ညပိုင္းႏွင့္ (၁၇ ရက္ေန႔ နံနက္ပိုင္းတို႔၌ တိုက္ပြဲမ်ားဆက္တိုက္ျဖစ္ပြားေနၿပီး ခ်င္းေရႊေဟာ္- သိန္းနီလမ္းပိုင္းမွ တံတား (၂) စင္း မိုင္းခြဲဖ်က္ဆီးခံလိုက္ရသည္။

“သိန္းနီ-ခ်င္းေရႊေဟာ္လမ္းက နားတီးေက်းရြာနဲ႔ ကြမ္းလံုၿမိဳ႕အၾကား ေကာင္းေဟာ္ေက်းရြာအနီးက တံတားတစ္စင္းနဲ႔ အဲဒီလမ္းေပၚက ေနာက္ထပ္တံတားတစ္စင္း ဒီမနက္မွာ ဖ်က္ဆီးခံရပါတယ္။ ေကာင္းေဟာ္နားက တံတားက ပို႐ွည္တယ္။ လံုးဝက်ိဳးက်သြားတယ္။ ခရီးသြားျပည္သူေတြပဲ ဒုကၡေရာက္ရတာေပါ့။ ေနာက္တံတား တစ္စင္းက အေပါက္ျဖစ္သြားတယ္။ သိန္းနီနဲ႔ လားရိႈးအစပ္မွာ တိုက္ပြဲေတြလည္း အခုထိျဖစ္ေနၾကပါတယ္”ဟု အမွတ္ (၂) မဲဆႏၵနယ္မွ ႐ွမ္းျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္ထားရီက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ၾသဂုတ္လ(၁၇)ရက္ေန႔ နံနက္(၈)နာရီဝန္းက်င္က ေျပာသည္။

သိန္းနီႏွင့္ နမ့္စလပ္ၾကား နမ့္တုန္ဆုန္ရြာအနီးမွ တံတား၊ နားတီးႏွင့္ ကြမ္းလံုၾကား ၿဗံဳးေတာင္တံတားတို႔ မုိင္းခြဲဖ်က္ဆီးခံရလုိက္ရျခင္းျဖစ္ေၾကာင္း သိရသည္။

သိန္းနီ - ခ်င္းေရႊေဟာ္လမ္းပိုင္းမွ တံတား(၂)စင္း ပ်က္ဆီးသြားသည့္အတြက္ ကုန္စည္ႏွင့္ ခရီးသည္ပို႔ေဆာင္ေရးမ်ား ရပ္တန္႔သြားၿပီး လားရိႈး - မႏၱေလးလမ္းပိုင္းမွ ဂုတ္တြင္းတံတားမွာလည္း ၾသဂုတ္လ (၁၅)ရက္ေန႔ နံနက္ပိုင္းက မုိင္းခြဲခံထားရသျဖင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ေနျခင္းျဖစ္သည္။

TNLA၊ AA ႏွင့္ MNDAA အဖြဲ႕မ်ားက ၾသဂုတ္လ (၁၅)ရက္ေန႔တြင္ မႏၱေလးတိုင္းေဒသႀကီး ျပင္ဦးလြင္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီးတစ္ေလွ်ာက္တြင္ တုိက္ခုိက္မႈမ်ားျပဳလုပ္ခဲ့ၿပီး ၾသဂုတ္လ (၁၆)ရက္ေန႔ညပိုင္းက ေက်ာက္မဲၿမိဳ႕အဝင္ႏွင့္ ၾသဂုတ္လ (၁၇) ရက္ေန႔ နံနက္ပိုင္းတြင္ လားရိႈး - မူဆယ္လမ္းပိုင္းရိွ ကြတ္ခိုင္ၿမိဳ႕အနီးႏွင့္ လားရိႈး - ခ်င္းေရႊေဟာ္လမ္းပိုင္းတစ္ေလွ်ာက္ တိုက္ပြဲမ်ား ဆက္တိုက္ျဖစ္ပြားေနျခင္းျဖစ္သည္ဟု ေဒသခံမ်ားထံမွ သိရသည္။

သတင္း #ေနၿဖိိိိိိိိဳးျမင့္
ဓါတ္ပံု - Myo Thant Aung, Ah Gyung T. Hpukjawng

~~~~~~~~⊰❂ Unicode Version ~~~~~~~~
သိန်းနီ - ချင်းရွှေဟော်လမ်းမှ တံတား(၂)စင်း မိုင်းခွဲဖျက်ဆီးခံရ၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်
************
ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၆) ရက်နေ့ ညပိုင်းနှင့် (၁၇ ရက်နေ့ နံနက်ပိုင်းတို့၌ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး ချင်းရွှေဟော်- သိန်းနီလမ်းပိုင်းမှ တံတား (၂) စင်း မိုင်းခွဲဖျက်ဆီးခံလိုက်ရသည်။

“သိန်းနီ-ချင်းရွှေဟော်လမ်းက နားတီးကျေးရွာနဲ့ ကွမ်းလုံမြို့အကြား ကောင်းဟော်ကျေးရွာအနီးက တံတားတစ်စင်းနဲ့ အဲဒီလမ်းပေါ်က နောက်ထပ်တံတားတစ်စင်း ဒီမနက်မှာ ဖျက်ဆီးခံရပါတယ်။ ကောင်းဟော်နားက တံတားက ပိုရှည်တယ်။ လုံးဝကျိုးကျသွားတယ်။ ခရီးသွားပြည်သူတွေပဲ ဒုက္ခရောက်ရတာပေါ့။ နောက်တံတား တစ်စင်းက အပေါက်ဖြစ်သွားတယ်။ သိန်းနီနဲ့ လားရှိုးအစပ်မှာ တိုက်ပွဲတွေလည်း အခုထိဖြစ်နေကြပါတယ်”ဟု အမှတ် (၂) မဲဆန္ဒနယ်မှ ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ထားရီက တာချီလိတ်သတင်း အေဂျင်စီသို့ သြဂုတ်လ(၁၇)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်က ပြောသည်။

သိန်းနီနှင့် နမ့်စလပ်ကြား နမ့်တုန်ဆုန်ရွာအနီးမှ တံတား၊ နားတီးနှင့် ကွမ်းလုံကြား ဗြုံးတောင်တံတားတို့ မိုင်းခွဲဖျက်ဆီးခံရလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

သိန်းနီ - ချင်းရွှေဟော်လမ်းပိုင်းမှ တံတား(၂)စင်း ပျက်ဆီးသွားသည့်အတွက် ကုန်စည်နှင့် ခရီးသည်ပို့ဆောင်ရေးများ ရပ်တန့်သွားပြီး လားရှိုး - မန္တလေးလမ်းပိုင်းမှ ဂုတ်တွင်းတံတားမှာလည်း သြဂုတ်လ (၁၅)ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲခံထားရသဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခြင်းဖြစ်သည်။

TNLA၊ AA နှင့် MNDAA အဖွဲ့များက သြဂုတ်လ (၁၅)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်တွင် တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး သြဂုတ်လ (၁၆)ရက်နေ့ညပိုင်းက ကျောက်မဲမြို့အဝင်နှင့် သြဂုတ်လ (၁၇) ရက်နေ့ နံနက်ပိုင်းတွင် လားရှိုး - မူဆယ်လမ်းပိုင်းရှိ ကွတ်ခိုင်မြို့အနီးနှင့် လားရှိုး - ချင်းရွှေဟော်လမ်းပိုင်းတစ်လျှောက် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။

သတင်း #နေဖြိိိိိိိိုးမြင့်
ဓါတ်ပုံ - Myo Thant Aung, Ah Gyung T. Hpukjawng

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net