“ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းမွ လူကုန္ကူးႏွစ္ဦးကို ဖမ္းဆီးကာ ရဲတပ္ဖြဲ႔ထံ လႊဲေျပာင္း

“ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသအတြင္းမွ လူကုန္ကူးႏွစ္ဦးကို ဖမ္းဆီးကာ ရဲတပ္ဖြဲ႔ထံ လႊဲေျပာင္း
ဇူလိုင် 20, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(ေျမာက္ပိုင္း) “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွ လူကုန္ကူးသူႏွစ္ဦးကို ဖမ္းဆီး လႊဲေျပာင္းေပးရန္ လားရိႈးၿမိဳ႕ လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕စုက  “ဝ”ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ တာဝန္ရိွသူမ်ားထံ အကူအညီေတာင္းခံထားသည့္ (၁၈)ရက္ေျမာက္ေန႔ျဖစ္သည့္ ၂၀၁၉ ခုႏွစ္၊ ဇူလုိင္လ (၂၀)ရက္ေန႔တြင္ ဖမ္းဆီးလႊဲေျပာင္းေပးလုိက္ၿပီျဖစ္ေၾကာင္း သိရသည္။

“ဖမ္းမိတာက (၃)ရက္၊ (၄)ရက္ေလာက္ေတာ့ ရိွပါၿပီ။ ကၽြန္ေတာ္တုိ႔ ဒီလိုပဲ ပူးေပါင္းလုပ္ေဆာင္ေပးေနၾကပါ။ လူကုန္ကူးတာကေတာ့ ကၽြန္ေတာ္တုိ႔ဘက္ကို ေရာင္းစားခံရတာေတြလည္းရိွပါတယ္။ အဲဒီလိုျဖစ္တယ္ဆိုၿပီး အေၾကာင္းၾကားလာၿပီဆုိရင္ ကၽြန္ေတာ္တို႔ ရွာေဖြဖမ္းဆီးေပးပါတယ္”ဟု  UWSA ၏ လားရိႈးၿမိဳ႕အေျခစိုက္ ဆက္ဆံေရးရံုးတာဝန္ခံ ဦးညီရန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ(၂၀)ရက္ေန႔တြင္ ေျပာသည္။

ရန္ကုန္ၿမိဳ႕မွ မိန္းကေလးတစ္ဦးကို တရုတ္ႏုိင္ငံရိွ KTV တစ္ခုတြင္ ဝင္ေငြေကာင္းအလုပ္ရမည္ဟုဆိုကာ အသက္ (၁၉)ႏွစ္အရြယ္ မိန္းကေလးက စည္းရံုးေခၚေဆာင္ကာ လားရိႈးၿမိဳ႕ရိွ ၎၏ မိခင္အကူအညီျဖင့္ ပန္ဆန္းၿမိဳ႕ရိွ စီပီေက(၃) ျပည့္တန္ဆာခန္းတြင္ ျမန္မာေငြ (၆)သိန္းဝန္းက်င္ျဖင့္ ေရာင္းစားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ျပည့္တန္ဆာခန္းမွ ျပန္လည္လြတ္ေျမာက္ရန္ ေရာင္းစားခံရသည့္ မိန္းကေလး၏ ဖခင္ထံမွ ေငြက်ပ္ (၂)သိန္းခြဲကို ဆိုင္ပိုင္ရွင္အမ်ိဳးသမီးက ေတာင္းယူခဲ့သျဖင့္ လူကုန္ကူးမႈတြင္ ပါဝင္သူမ်ားအား ေတာင္ငူၿမိဳ႕နယ္ အမွတ္(၂)နယ္ေျမရဲစခန္းတြင္ ဇြန္လ (၂၈)ရက္ေန႔က (ပ)၄၄၈/၂၀၁၉၊ လူကုန္ကူးမႈတားဆီးကာကြယ္ေရးဥပေဒပုဒ္မ ၂၄/၃၂ ျဖင့္အမႈဖြင့္ထားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

လူကုန္ကူးခဲ့သည့္ အသက္(၁၉)ႏွစ္အရြယ္မိန္းကေလးမွာ စီပီေက(၃)ျပည့္တန္ဆာခန္းတြင္ အလုပ္လုပ္ကိုင္ေနသျဖင့္ အဆိုပါ မိန္းကေလးႏွင့္ လူကုန္ကူးမႈတြင္ ပါဝင္သည့္ ဆုိင္ရွင္တို႔ကို ဖမ္းဆီးေပးရန္ လားရိႈးၿမိဳ႕လူကုန္ကူးမႈတားဆီးႏွိမ္ႏွင္းေရးရဲတပ္ဖြဲ႕က ဇူလုိင္လ(၂)ရက္ေန႔တြင္ “ဝ”အထူးေဒသ (၂) ဆက္ဆံေရးရံုးသို႔ ဆက္သြယ္ အကူအညီေတာင္းခံခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က အေၾကာင္းၾကားစာတြင္ ပန္ဆန္းၿမိဳ႕ရိွ ျပည့္တန္ဆာခန္းဟုေဖၚျပထားေသာ္လည္း “ဝ”ေဒသတြင္ ျပည့္တန္ဆာခန္းဟု တရားဝင္ဖြင့္လွစ္ထားျခင္း မရိွေသာ္လည္း အႏွိပ္ခန္း၊ မာဆတ္ခန္းမ်ား ဖြင့္လွစ္ထားကာ လူကုန္ကူးသူမ်ားက ေရာင္းစားမႈမ်ားကို ဖမ္းဆီးေပးရေလ့ရိွေၾကာင္း UWSA “ဝ”ျပည္နယ္ ျပင္ပဆက္ဆံေရးရံုး လားရိႈးရံုး တာဝန္ခံ ဦးညီရန္းက ဆိုသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လူကုန်ကူးသူနှစ်ဦးကို ဖမ်းဆီး လွှဲပြောင်းပေးရန် လားရှိုးမြို့ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့စုက “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တာဝန်ရှိသူများထံ အကူအညီတောင်းခံထားသည့် (၁၈)ရက်မြောက်နေ့ဖြစ်သည့် ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၀)ရက်နေ့တွင် ဖမ်းဆီးလွှဲပြောင်းပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

“ဖမ်းမိတာက (၃)ရက်၊ (၄)ရက်လောက်တော့ ရှိပါပြီ။ ကျွန်တော်တို့ ဒီလိုပဲ ပူးပေါင်းလုပ်ဆောင်ပေးနကြေပါ။ လူကုန်ကူးတာကတော့ ကျွန်တော်တို့ဘက်ကို ရောင်းစားခံရတာတွေလည်းရှိပါတယ်။ အဲဒီလိုဖြစ်တယ်ဆိုပြီး အကြောင်းကြားလာပြီဆိုရင် ကျွန်တော်တို့ ရှာဖွေဖမ်းဆီးပေးပါတယ်”ဟု UWSA၏ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၀)ရက်နေ့တွင် ပြောသည်။

ရန်ကုန်မြို့မှ မိန်းကလေးတစ်ဦးကို တရုတ်နိုင်ငံရှိ KTV တစ်ခုတွင် ဝင်ငွေကောင်းအလုပ်ရမည်ဟုဆိုကာ အသက် (၁၉)နှစ်အရွယ် မိန်းကလေးက စည်းရုံးခေါ်ဆောင်ကာ လားရှိုးမြို့ရှိ၎င်း၏ မိခင်အကူအညီဖြင့် ပန်ဆန်းမြို့ရှိ စီပီကေ(၃) ပြည့်တန်ဆာခန်းတွင် မြန်မာငွေ (၆)သိန်းဝန်းကျင်ဖြင့် ရောင်းစားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပြည့်တန်ဆာခန်းမှ ပြန်လည်လွတ်မြောက်ရန် ရောင်းစားခံရသည့် မိန်းကလေး၏ ဖခင်ထံမှ ငွေကျပ် (၂)သိန်းခွဲကို ဆိုင်ပိုင်ရှင်အမျိုးသမီးက တောင်းယူခဲ့သဖြင့် လူကုန်ကူးမှုတွင် ပါဝင်သူများအား တောင်ငူမြို့နယ် အမှတ်(၂)နယ်မြေရဲစခန်းတွင် ဇွန်လ (၂၈)ရက်နေ့က (ပ)၄၄၈/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ ဖြင့်အမှုဖွင့်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လူကုန်ကူးခဲ့သည့် အသက်(၁၉)နှစ်အရွယ်မိန်းကလေးမှာ စီပီကေ(၃)ပြည့်တန်ဆာခန်းတွင် အလုပ်လုပ်ကိုင်နေသဖြင့် အဆိုပါ မိန်းကလေးနှင့် လူကုန်ကူးမှုတွင် ပါဝင်သည့် ဆိုင်ရှင်တို့ကို ဖမ်းဆီးပေးရန် လားရှိုးမြို့လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ဇူလိုင်လ(၂)ရက်နေ့တွင် “ဝ”အထူးဒေသ (၂) ဆက်ဆံရေးရုံးသို့ ဆက်သွယ် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အကြောင်းကြားစာတွင် ပန်ဆန်းမြို့ရှိ ပြည့်တန်ဆာခန်းဟုဖော်ပြထားသော်လည်း “ဝ”ဒေသတွင် ပြည့်တန်ဆာခန်းဟု တရားဝင်ဖွင့်လှစ်ထားခြင်း မရှိသော်လည်း အနှိပ်ခန်း၊ မာဆတ်ခန်းများ ဖွင့်လှစ်ထားကာ လူကုန်ကူးသူများက ရောင်းစားမှုများကို ဖမ်းဆီးပေးရလေ့ရှိကြောင်း UWSA “ဝ”ပြည်နယ် ပြင်ပဆက်ဆံရေးရုံး လားရှိုးရုံး တာဝန်ခံ ဦးညီရန်းက ဆိုသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net