တန္႔ယန္းၿမိဳ႕နယ္အတြင္း အသက္(၁၄)ႏွစ္အရြယ္ အမ်ဳိးသမီးငယ္အား ရြယ္တူအမ်ဳိးသမီးအဖြဲ႔မွ အုပ္စုဖြဲ႔ ၀ိုင္း၀န္းရိုက္ႏွက္ကာ ဗီဒီယိုရိုက္ၿပီး လူမႈကြန္ရက္ေပၚတင္သည့္ ကိစၥႏွင့္ ပတ္သက္၍ ပါ၀င္ ပတ္သက္သူ (၇)ဦးကို ဖမ္းဆီးရမိ

တန္႔ယန္းၿမိဳ႕နယ္အတြင္း အသက္(၁၄)ႏွစ္အရြယ္ အမ်ဳိးသမီးငယ္အား ရြယ္တူအမ်ဳိးသမီးအဖြဲ႔မွ အုပ္စုဖြဲ႔ ၀ိုင္း၀န္းရိုက္ႏွက္ကာ ဗီဒီယိုရိုက္ၿပီး လူမႈကြန္ရက္ေပၚတင္သည့္ ကိစၥႏွင့္ ပတ္သက္၍ ပါ၀င္ ပတ္သက္သူ (၇)ဦးကို ဖမ္းဆီးရမိ
ဇူလိုင် 20, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) တန္႔ယန္းၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ (၈)ရက္ေန႔က အသက္ (၁၄)ႏွစ္၀န္းက်င္အရြယ္ အမ်ိဳးသမီးငယ္ တစ္ဦးအား  ၎ႏွင့္ရြယ္တူ အမ်ိဳးသမီး အဖြဲ႔က  အုပ္စုဖြဲ႔၍ ဝိုင္းဝန္းရိုက္ႏွက္ကာ ဗြီဒီယိုရိုက္ၿပီး လူမႈကြန္ရက္၌ ျဖန္႔ေဝခဲ့သည့္အတြက္ ရိုက္ႏွက္ခံရသူ၏ မိသားစုက ရဲစခန္းသို႔ အမႈဖြင့္ တိုင္ၾကားထားခဲ့ရာ ဝိုင္းဝန္းရိုက္ႏွက္ခဲ့သူ (၇)ဦးလံုးကို ဇူလိုင္လ(၂၀)ရက္ေန႔တြင္ ဖမ္းဆီးရမိထားၿပီျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔ထံက သိရသည္။

"သတင္းေတြမွာလည္း ေဖၚျပေနၾကတာေတြျမင္ရပါတယ္၊ အဲ့ဒီထဲက က်ဴးလြန္သူ (၇)ဦးလံုးကို အခုဖမ္းဆီးရမိထားပါတယ္၊ ရဲလုပ္ထံုးလုပ္နည္းအတိုင္း ေဆာင္ရြက္ေနဆဲပဲ ရွိပါေသးတယ္၊ အကုန္လံုးကို မိထားပါတယ္၊ အမႈတည္ေဆာက္ၿပီး အေျဖထြက္လာတဲ့အခါမွာ သိရပါလိမ့္မယ္၊ ေလာေလာဆယ္ေတာ့ဒီေလာက္ပဲ ေျပာျပႏိုင္ပါတယ္"ဟု တန္႔ယန္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး ဝင္းေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ဇူလိုင္လ(၂၀)ရက္ေန႔တြင္ ေျပာသည္။

ဇူလိုင္လ (၈)ရက္ေန႔က တန္႔ယန္းၿမိဳ႕ ေက်ာက္ေတာင္ရပ္ရွိ တရုတ္ဘုရားေက်ာင္းဝန္းအတြင္း ဝိုင္းဝန္းရိုက္ႏွက္ ခံရသူ အမ်ိဳးသမီးသည္ အသက္ ၁၄ ႏွစ္အရြယ္( ျမန္မာေက်ာင္း ၇ တန္းေအာင္ၿပီး ေခတၱနားကာ တရုတ္ေက်ာင္း တက္ေနသူ) ေက်ာင္းသူတစ္ဦးျဖစ္ၿပီး ၎အား ဝိုင္းဝန္းရိုက္ႏွက္ၾကသူမ်ားထဲမွ အသက္ ၁၄ ႏွစ္ဝန္းက်င္အရြယ္မ်ားရွိသည့္ အမ်ိဳးသမီး ၄ ဦးကို ကနဦး ရွာေဖြေတြ႔ရွိကာ ဇူလိုင္လ (၂၀)ရက္ေန႔တြင္ က်ဴးလြန္သူ (၇)ဦးလံုးကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

"ဘာရန္ျငိဳးမွ မရွိထားဘူး၊ သူတို႔ကို လမ္းမွာေတြ႔ေတာ့ မ်က္လံုးျခင္း ဆံုေအာင္ၾကည့္မိလို႔ဆိုၿပီး ဖုန္းဆက္ေခၚၿပီး ဝိုင္းရိုက္ၾကတယ္၊ အဝတ္ေတြခ်ြတ္ၿပီး ကန္တယ္၊ ဗြီဒီယို ရိုက္ၿပီး ေဖ့စဘုတ္(Facebook)မွာတင္တယ္၊ အခုေတာ့ အကုန္လံုး မိၿပီလို႔ သိရတယ္၊ က်ြန္မတို႔ က တရားဥပေဒအတိုင္းမ်ွမွ်တတပဲ ျဖစ္ေစခ်င္ပါတယ္၊ ကြ်န္မတူမကိုလည္း မႏၱေလး အထိသြားၿပီး ေဆးကုသထားရတယ္၊ အခုထိ အိမ္ျပန္မေရာက္လာေသးဘူး" ဟု ရိုက္ႏွက္ခံရသူ၏ အေဒၚေတာ္စပ္သူ ေဒၚနန္းလွခမ္းက တာခ်ီလိတ္သတင္းေအဂ်င္စီသုိ႔ ဇူလိုင္လ(၂၀)ရက္ေန႔တြင္ ေျပာသည္။

ဝိုင္းဝန္းရိုက္ႏွက္ၾကသူမ်ားထဲမွ ဦးေဆာင္သူဟု ယူဆရသည့္ အသက္ (၁၆)ႏွစ္ မျပည့္ေသးသည့္ ေအးလံု ဆိုသူ မိန္းကေလးသည္ တန္႔ယန္းၿမိဳ႕ ႏွင့္ (၅)မိုင္ခန္႔အကြာရွိ ေက်းရြာတစ္ခုတြင္ ဇူလိုင္လ (၉)ရက္ေန႔ကစ၍ တိမ္းေရွာင္ပုန္းေအာင္းေနသည့္ အတြက္ သက္ဆိုင္ရာရဲတပ္ဖြဲ႔ အပါအ၀င္ အုပ္ခ်ဳပ္ေရးမ်ားႏွင့္ ဌာေနျပည္သူ႔စစ္မ်ားစုေပါင္း ေစာင့္ဆိုင္း ဖမ္းဆီးရာ ဇူလိုင္လ(၁၉)ရက္ ညပိုင္းက ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ေနၿဖဳိးျမင့္


~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် ၂၀၁၉ခုနှစ် ဇူလိုင်လ (၈)ရက်နေ့က အသက် (၁၄)နှစ်ဝန်းကျင်အရွယ် အမျိုးသမီးငယ် တစ်ဦးအား၎င်းနှင့်ရွယ်တူ အမျိုးသမီး အဖွဲ့က အုပ်စုဖွဲ့၍ ဝိုင်းဝန်းရိုက်နှက်ကာ ဗွီဒီယိုရိုက်ပြီး လူမှုကွန်ရက်၌ ဖြန့်ဝေခဲ့သည့်အတွက် ရိုက်နှက်ခံရသူ၏ မိသားစုက ရဲစခန်းသို့ အမှုဖွင့် တိုင်ကြားထားခဲ့ရာ ဝိုင်းဝန်းရိုက်နှက်ခဲ့သူ (၇)ဦးလုံးကို ဇူလိုင်လ(၂၀)ရက်နေ့တွင် ဖမ်းဆီးရမိထားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ထံက သိရသည်။

"သတင်းတွေမှာလည်း ဖော်ပြနကြေတာတွမြေင်ရပါတယ်၊ အဲ့ဒီထဲက ကျူးလွန်သူ (၇)ဦးလုံးကို အခုဖမ်းဆီးရမိထားပါတယ်၊ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆောင်ရွက်နေဆဲပဲ ရှိပါသေးတယ်၊ အကုန်လုံးကို မိထားပါတယ်၊ အမှုတည်ဆောက်ပြီး အဖြေထွက်လာတဲ့အခါမှာ သိရပါလိမ့်မယ်၊ လောလောဆယ်တော့ဒီလောက်ပဲ ပြောပြနိုင်ပါတယ်"ဟု တန့်ယန်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ဝင်းကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၀)ရက်နေ့တွင် ပြောသည်။

ဇူလိုင်လ (၈)ရက်နေ့က တန့်ယန်းမြို့ ကျောက်တောင်ရပ်ရှိ တရုတ်ဘုရားကျောင်းဝန်းအတွင်း ဝိုင်းဝန်းရိုက်နှက် ခံရသူ အမျိုးသမီးသည် အသက် ၁၄ နှစ်အရွယ်( မြန်မာကျောင်း ၇ တန်းအောင်ပြီး ခေတ္တနားကာ တရုတ်ကျောင်း တက်နေသူ) ကျောင်းသူတစ်ဦးဖြစ်ပြီး၎င်းအား ဝိုင်းဝန်းရိုက်နှက်ကြသူများထဲမှ အသက် ၁၄ နှစ်ဝန်းကျင်အရွယ်များရှိသည့် အမျိုးသမီး ၄ ဦးကို ကနဦး ရှာဖွေတွေ့ရှိကာ ဇူလိုင်လ (၂၀)ရက်နေ့တွင် ကျူးလွန်သူ (၇)ဦးလုံးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ဘာရန်ငြိုးမှ မရှိထားဘူး၊ သူတို့ကို လမ်းမှာတွေ့တော့ မျက်လုံးခြင်း ဆုံအောင်ကြည့်မိလို့ဆိုပြီး ဖုန်းဆက်ခေါ်ပြီး ဝိုင်းရိုက်ကြတယ်၊ အဝတ်တွေချွတ်ပြီး ကန်တယ်၊ ဗွီဒီယို ရိုက်ပြီး ဖေ့စဘုတ်(Facebook)မှာတင်တယ်၊ အခုတော့ အကုန်လုံး မိပြီလို့ သိရတယ်၊ ကျွန်မတို့ က တရားဥပဒေအတိုင်းမျှမျှတတပဲ ဖြစ်စေချင်ပါတယ်၊ ကျွန်မတူမကိုလည်း မန္တလေး အထိသွားပြီး ဆေးကုသထားရတယ်၊ အခုထိ အိမ်ပြန်မရောက်လာသေးဘူး" ဟု ရိုက်နှက်ခံရသူ၏ အဒေါ်တော်စပ်သူ ဒေါ်နန်းလှခမ်းက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၀)ရက်နေ့တွင် ပြောသည်။

ဝိုင်းဝန်းရိုက်နှက်ကြသူများထဲမှ ဦးဆောင်သူဟု ယူဆရသည့် အသက် (၁၆)နှစ် မပြည့်သေးသည့် အေးလုံ ဆိုသူ မိန်းကလေးသည် တန့်ယန်းမြို့ နှင့် (၅)မိုင်ခန့်အကွာရှိ ကျေးရွာတစ်ခုတွင် ဇူလိုင်လ (၉)ရက်နေ့ကစ၍ တိမ်းရှောင်ပုန်းအောင်းနေသည့် အတွက် သက်ဆိုင်ရာရဲတပ်ဖွဲ့ အပါအဝင် အုပ်ချုပ်ရေးများနှင့် ဌာနပြေည်သူ့စစ်များစုပေါင်း စောင့်ဆိုင်း ဖမ်းဆီးရာ ဇူလိုင်လ(၁၉)ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net