မိုင်းယောင်းမြို့နယ်အတွင်း Covid-19 ကူးစက်ခံထားရသူ (၆)ဦး ထပ်တိုး၍ စုစုပေါင်း (၉၅)ဦးအထိ ရှိနေ

မိုင်းယောင်းမြို့နယ်အတွင်း Covid-19 ကူးစက်ခံထားရသူ (၆)ဦး ထပ်တိုး၍ စုစုပေါင်း (၉၅)ဦးအထိ ရှိနေ
သြဂုတ် 18, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်အတွင်း ယနေ့ ဩဂုတ်လ(၁၈)ရက်နေ့ တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၆)ဦး ထပ်တိုး၍ စုစုပေါင်း (၉၅)ဦးအထိ ရှိနေကြောင်း သိရသည်။

ယနေ့ အသစ်ထပ်တိုးတွေ့ရသည့် (၆)ဦးမှာ မိုင်းယောင်းမြို့ အမှတ်(၁)ရပ်ကွက်မှ အမျိုးသား(၂)ဦး၊ အမှတ်(၂)ရပ်ကွက်မှ အမျိုးသား(၁)ဦး နှင့် အမျိုးသမီး(၁)ဦး၊ ကုက္ကိုလ်ပင်ကျေးရွာမှ အမျိုးသား (၂)ဦးတို့ ဖြစ်ပြီး (၃၃)ဦးကို စစ်ဆေးရာက (၆)ဦးတွင် ပိုးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။



မိုင်းယောင်မြို့နယ်၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် ဇူလိုင်လ(၅)ရက်နေ့မှ ယနေ့ ဩဂုတ်လ(၁၈)ရက်နေ့ ညနေပိုင်းအထိ Covid-19 ကူးစက်ခံရသူ စုစုပေါင်း (၉၅)ဦးအထိ ရှိနေပြီး Covid-19 သီးသန့် စောင့်ကြည့် စင်တာများမှ သတ်မှတ်ရက်ပြည့်သွား၍ နေအိမ် ပြန်ခွင့်ရရှိသွားသူမှာ (၄၉)ဦးအထိ ရှိသွား၍ လက်ရှိတွင် (၄၆)ဦးသာ ကျန်ရှိကြောင်း သိရသည်။

စုစုပေါင်း ပိုးတွေ့သူ (၉၅)ဦးမှာ မိုင်းယောင်းမြို့မှ (၆၁)ဦး နှင့် မိုင်းယုမြို့မှ (၃၄)ဦး ဖြစ်သည်။