တာချီလိတ်မြို့ အာခါဈေးမီးပွိုင့်အနီး လမ်းမီးတိုင်တွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများ မီးလောင်

တာချီလိတ်မြို့ အာခါဈေးမီးပွိုင့်အနီး လမ်းမီးတိုင်တွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများ မီးလောင်
ဒီဇင်ဘာ 17, 2019
By Tachileik News Agency

တာချီလိတ်မြို့ အာခါဈေးမီးပွိုင့်အနီး လမ်းမီးတိုင်တွင် သွယ်တန်းထားသည့် အင်တာနက်ကြိုးများ မီးလောင်

မြန်မာ - ထိုင်း နယ်စပ်ဒေသ တာချီလိတ်မြို့ အာခါဈေးမီးပွိုင့်အနီးမှာ  လမ်းမီးတိုင်များမှာ သွယ်တန်းထားတဲ့ အင်တာနက်ဖိုင်ဘာလိုင်းကြိုးတွေ မီးလောင်ကျွမ်းမှု ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၇)ရက်နေ့ နံနက်ပိုင်းက  ဖြစ်ပွားခဲ့ပါတယ်။

အခုလို မီးလောင်တာဟာ အင်တာနက်ဖိုင်ဘာ လိုင်းကြိုးတွေကနေ စတင်လောင်ကျွမ်းတာလို့ မီးလင်းရေးက  ယူဆထားကြောင်းနဲ့ အဲ့ဒီနေရာမှာ အင်တာနက်ဖိုင်ဘာကြိုးတွေ (၁၂)ကြိုးဆွဲထားတယ်လို့လဲ သိရပါတယ်။

အခုလို  ဖြစ်စဉ်တွေ ထပ်မံမဖြစ်စေဖို့ တာချီလိတ်မြို့မီးလင်းရေးကော်မတီက ဆက်သွယ်ရေး အပါအဝင်  အင်တာနက် ကုမ္ပဏီတွေနဲ့ တွေ့ပြီး စည်းကမ်းသတ်မှတ်ချက်တွေ  ပြန်လည်သတ်မှတ်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~