အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးလောင်းအတွက် တာချီလိတ်မြို့နယ်တွင် NLD က အနိုင်ရ

အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးလောင်းအတွက် တာချီလိတ်မြို့နယ်တွင် NLD က အနိုင်ရ
နိုဝင်ဘာ 10, 2020
By Tachileik News Agency
အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးလောင်းအတွက် တာချီလိတ်မြို့နယ်တွင် NLD က အနိုင်ရ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အတွင်း အာခါတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်နေရာတွင် NLD ပါတီ၏ ကိုယ်စားလှယ်လောင်းက အနိုင်ရထားကြောင်း မဲရုံများမှ ရရှိထားသည့် မဲရလဒ်များအရ သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် တာချီလိတ်မြို့နယ်အတွင်း အာခါတိုင်းရင်းသားလူမျိုးရေးရာ ကိုယ်စားလှယ်နေရာအတွက် လက်ရှိ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး အပါအဝင် အာခါတိုင်းရင်းသားကိုယ်စားလှယ်လောင်း (၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။
တာချီလိတ်မြို့နယ်အတွင်း ရရှိသော ဆန္ဒမဲရလဒ်များအရ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးယာကုပ်က ဆန္ဒမဲ (၅,၆၅၄)မဲ၊ အာခါအမျိုးသားဖွံံ့ဖြိုးတိုးတက်ရေးပါတီမှ ကိုယ်စားလှယ်လောင်းဖြစ်သည့်  လက်ရှိ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလက ဆန္ဒမဲ(၃,၄၄၂)မဲနှင့် ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်မိမိစောက ဆန္ဒမဲ (၂၉၀) ရရှိခဲ့ခြင်းဖြစ်သည်။
 Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~