ရှမ်းပြည်နယ်(မြောက်ပိုင်း) ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် ကျောက်စိမ်းတုံးများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ရေပူအမြဲတမ်း စစ်ဆေးရေးဂိတ်တွင် ကျောက်စိမ်းတုံးများကို ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းရမိ
ဇူလိုငျ 19, 2019
By Tachileik News Agency


၂၀၁၉ခုနှစ် ဇူလိုင်လ (၁၉)ရက် နံနက် (၃)နာရီဝန်းကျင်က လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသော Toyota Crown  အမျိုးအစား မော်တော်ယာဉ်အား ရေပူစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့များက တားမြစ် စစ်ဆေး နေစဉ် ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ဆက်လက် ရှာဖွေမှုများ ပြုလုပ်ရာ အဆိုပါယာဉ်အတွင်း အံဝှက်ပြုလုပ်၍ ထည့်သွင်း သယ်ဆောင်လာပြီး  အလေးချိန် (၂၇၁)ကီလိုဝန်းကျင်ရှိသည့် ကျောက်စိမ်းတုံးများကို ရှာဖွေတွေ့ရှိရ၍ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းပြီးနောက်  သိန်းနီမြို့မရဲစခန်းတွင်   ကျောက်မျက်ဥပဒေဖြင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။


သတင်း  - နေဖြိုးမြင့်
ဓါတ်ပုံ - ပြန်/ဆက်


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်( မြောက်ပိုင်း ) ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ရေပူအမြဲတမ်းစစ်ဆေးရေးဂိတ်တွင် ဇူလိုင်လ (၁၉)ရက် နံနက်အစောပိုင်းက စစ်ဆေးရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် အိမ်စီးယာဉ်ငယ်တစ်စီးအား စစ်ဆေးရာ ယာဉ်မောင်းမှ ထွက်ပြေး လွတ်မြောက်သွားပြီးနောက် ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာသော ကျောက်စိမ်းတုံးများအား ပိုင်ရှင်မဲ့အဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

၂၀၁၉ခုနှစ် ဇူလိုင်လ (၁၉)ရက် နံနက် (၃)နာရီဝန်းကျင်က လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသော Toyota Crown အမျိုးအစား မော်တော်ယာဉ်အား ရေပူစစ်ဆေးရေးဂိတ်မှ စစ်ဆေးရေးအဖွဲ့များက တားမြစ် စစ်ဆေး နေစဉ် ယာဉ်မောင်းဖြစ်သူမှာ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် ဆက်လက် ရှာဖွေမှုများ ပြုလုပ်ရာ အဆိုပါယာဉ်အတွင်း အံဝှက်ပြုလုပ်၍ ထည့်သွင်း သယ်ဆောင်လာပြီး အလေးချိန် (၂၇၁)ကီလိုဝန်းကျင်ရှိသည့် ကျောက်စိမ်းတုံးများကို ရှာဖွေတွေ့ရှိရ၍ ပိုင်ရှင်မဲ့အဖြစ် သိမ်းဆည်းပြီးနောက် သိန်းနီမြို့မရဲစခန်းတွင် ကျောက်မျက်ဥပဒဖြေင့် အမှုဖွင့်လှစ်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၁၁)ရက်နေ့တွင်လည်း လားရှိုးဘက်မှ မူဆယ်ဘက်သို့ မောင်းနှင်လာသော Harrier ယာဉ်တစ်စီးအား စစ်ဆေးရာ အမျိုးသားတစ်ဦးနှင့်အတူ ယာဉ်အတွင်း သိုဝှက်သယ်ဆောင်လာပြီး စုစုပေါင်း အလေးချိန် (၆၇၉)ကီလိုရှိသည့် ကျောက်စိမ်းတုံးများကိုလည်း သိမ်းဆည်းရမိ ခဲ့ကြောင်းလည်း သိရှိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ - ပြန်/ဆက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net