တာခ်ီလိတ္ေလဆိပ္တြင္ ဟဲဟိုးေလဆိပ္မွ လာသည့္ ပစၥည္းမ်ားထဲက ေက်ာက္အရိုင္းမ်ား ရွာေဖြသိမ္းဆည္း ရမိ

တာခ်ီလိတ္ေလဆိပ္တြင္ ဟဲဟိုးေလဆိပ္မွ လာသည့္ ပစၥည္းမ်ားထဲက ေက်ာက္အရိုင္းမ်ား ရွာေဖြသိမ္းဆည္း ရမိ
ဇွန် 13, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ တာခ်ီလိတ္ၿမိဳ႕ရွိ တာခ်ီလိတ္ ေလဆိပ္တြင္ ဟဲဟိုးေလဆိပ္မွ တာခ်ီလိတ္ေလဆိပ္သို႔ ဆိုက္ေရာက္လာေသာ ေလယာဥ္ျဖင့္ ပါရွိလာသည့္ ပစၥည္းမ်ားအား X-Ray စက္ျဖင့္ စစ္ေဆးမႈမ်ား ျပဳလုပ္ရာက  ပတၱျမား ႏွင့္ မဟူရာဟု ယူဆရသည့္ ေက်ာက္အရိုင္းမ်ားကို ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

ဟဲဟိုးေလဆိပ္မွ တာခ်ီလိတ္ေလဆိပ္သို႔ ၂၀၁၉ခုႏွစ္ ဇြန္လ(၁၃)ရက္ေန႔ ေန႔လည္(၁၁)နာရီ(၄၀)မိနစ္၀န္းက်င္က ဆိုက္ေရာက္လာၿပီး Air KBZ ေလယာဥ္ျဖင့္ ပါရွိလာသည့္ ပစၥည္းမ်ားအား Cargo X-Ray စက္ျဖင့္ တာ၀န္ရွိသူမ်ားက ျဖတ္သန္းစစ္ေဆးမႈမ်ား ျပဳလုပ္ရာ ပစၥည္းမ်ားထဲက စကၠဴဖာ (၁)အဖာအား မသကၤာဖြယ္စစ္ေဆးေတြ႔ရွိရျခင္း ျဖစ္ေၾကာင္း သိရသည္။

မသကၤာဖြယ္ေတြ႔ရွိရသည့္ အဆိုပါ စကၠဴဖာအား  ဖြင့္ေဖာက္စစ္ေဆးရာက ပတၱျမားဟု ယူဆရသည့္ ေက်ာက္ရိုင္းတံုးအေသး (၄၅)ခဲ ႏွင့္ မဟူရာဟု ယူဆရသည့္ ေက်ာက္ရိုင္းအတံုးအေသး (၁)ခဲတို႔အား ေတြ႔ရွိရာ စုစုေပါင္း အေလးခ်ိန္မွာ (၀.၂၅)ကီလိုဂရမ္၀န္းက်င္ရွိေၾကာင္း သိရသည္။

အဆိုပါ ပစၥည္းမ်ားႏွင့္ ပတ္သက္၍ သက္ဆိုင္ရာက စစ္ေဆးမႈမ်ား ဆက္လက္ ေဆာင္ရြက္ေနလ်က္ ရွိေၾကာင္း ကနဦး သိရွိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ တာချီလိတ် လေဆိပ်တွင် ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ဆိုက်ရောက်လာသော လေယာဉ်ဖြင့် ပါရှိလာသည့် ပစ္စည်းများအား X-Ray စက်ဖြင့် စစ်ဆေးမှုများ ပြုလုပ်ရာက ပတ္တမြား နှင့် မဟူရာဟု ယူဆရသည့် ကျောက်အရိုင်းများကို ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

ဟဲဟိုးလေဆိပ်မှ တာချီလိတ်လေဆိပ်သို့ ၂၀၁၉ခုနှစ် ဇွန်လ(၁၃)ရက်နေ့ နေ့လည်(၁၁)နာရီ(၄၀)မိနစ်ဝန်းကျင်က ဆိုက်ရောက်လာပြီး Air KBZ လေယာဉ်ဖြင့် ပါရှိလာသည့် ပစ္စည်းများအား Cargo X-Ray စက်ဖြင့် တာဝန်ရှိသူများက ဖြတ်သန်းစစ်ဆေးမှုများ ပြုလုပ်ရာ ပစ္စည်းများထဲက စက္ကူဖာ (၁)အဖာအား မသင်္ကာဖွယ်စစ်ဆေးတွေ့ရှိရခြင်း ဖြစ်ကြောင်း သိရသည်။

မသင်္ကာဖွယ်တွေ့ရှိရသည့် အဆိုပါ စက္ကူဖာအား ဖွင့်ဖောက်စစ်ဆေးရာက ပတ္တမြားဟု ယူဆရသည့် ကျောက်ရိုင်းတုံးအသေး (၄၅)ခဲ နှင့် မဟူရာဟု ယူဆရသည့် ကျောက်ရိုင်းအတုံးအသေး (၁)ခဲတို့အား တွေ့ရှိရာ စုစုပေါင်း အလေးချိန်မှာ (ဝ.၂၅)ကီလိုဂရမ်ဝန်းကျင်ရှိကြောင်း သိရသည်။

အဆိုပါ ပစ္စည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာက စစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်နေလျက် ရှိကြောင်း ကနဦး သိရှိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net