တာခ်ီလိတ္ၿမိဳ႕ အမက(၀မ္မိုင္ - ၂ )အတြင္း စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္

တာခ်ီလိတ္ၿမိဳ႕ အမက(၀မ္မိုင္ - ၂ )အတြင္း စုေပါင္းသန္႔ရွင္းေရး ျပဳလုပ္
ဇွန် 1, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ ဆန္ဆိုင္း (ခ) ရပ္ကြက္အတြင္း၊ ၀မ္မိုင္ရြာရွိ ၀မ္မိုင္ (၂) အေျခခံပညာမႈလတန္းေက်ာင္းတြင္ ဆရာ၊ ဆရာမမ်ားႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္းတို႔ ပူးေပါင္းၿပီး ၂၀၁၉ ခုႏွစ္ ဇြန္လ (၁) ရက္ေန႔ နံနက္ပိုင္းက စုေပါင္းသန္႔ရွင္းေရးလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

"ေက်ာင္းက (၃) ရက္ေန႔ စဖြင့္မွာဆိုေတာ့ ကေလးေတြ သန္႔သန္႔ရွင္းရွင္းနဲ႔ ကိုယ့္အတန္းကိုယ္ တက္လို႔ရေအာင္ေပါ့။ ေက်ာင္းဖြင့္တဲ့အခ်ိန္မွာ အခန္းေတြသန္႔ရွင္းေရး မလုပ္ထားဘူးဆိုရင္ ကေလးေတြေက်ာင္းတက္ရင္အဆင္မေျပမွာစိုးလို႔။ ေက်ာင္းစဖြင့္တဲ့အခ်ိန္မွ ာသန္႔ရွင္းေနဖို႔ေပါ့။ အမိႈက္ပံုးေတြက အလံုအေလာက္ရိွတယ္။ တာရာပံုးေတြေရာရိွတယ္။ ေကာ္ပံုးေတြလည္းထားတယ္။ အခန္းေတြက ပိတ္ထားတာေတြဆိုေတာ့ ေႏြရာသီေက်ာင္းပိတ္ရက္နဲ႔ဆိုေတာ့ ဖုုန္တြ၊ ပင္ကူမွ်င္ေတြရိွတာေပါ့။ ခံုေတြျပန္စီၿပီးေတာ့ သန္႔ရွင္းေရးျပန္လုပ္တာေပါ့"ဟု ၀မ္မိုင္ (၂) အေျခခံပညာမႈလတန္းေက်ာင္းမွ ေက်ာင္းအုပ္ဆရာမႀကီး ေဒၚဇင္မာေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေက်ာင္းအတြင္းရိွ အမိႈက္မ်ားရွင္းလင္းျခင္း၊ ေရေျမာင္းမ်ားျပန္လည္တူးေဖာ္ျခင္း၊ ျမက္မ်ားရွင္းလင္းျခင္းႏွင့္ စာသင္ခန္းမ်ားအတြင္း သန္႔ရွင္းေရးမ်ားျပဳလုပ္ခဲ့ၿပီး ဆရာ၊ ဆရာမ (၈) ဦးႏွင့္ မဇၥ်ိမလူမႈကူညီေရးအသင္းမွ အဖြဲ႕၀င္ (၁၀) ဦးတို႔ စုေပါင္းသန္႔ရွင္းေရးလုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါေက်ာင္းတြင္ ၂၀၁၉ - ၂၀၂၀ ပညာေရးႏွစ္အတြက္ လက္ရွိတြင္ ေက်ာင္းသား၊ ေက်ာင္းသူ (၂၃၀) ဦႏွင့္း  ဆရာ၊ ဆရာမ (၈) ဦးရိွေၾကာင္း သိရသည္။

သတင္း - ဟန္စိုးထိုက္
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~


ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်း၊ ဝမ်မိုင်ရွာရှိ ဝမ်မိုင် (၂) အခြေခံပညာမှုလတန်းကျောင်းတွင် ဆရာ၊ ဆရာမများနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းတို့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် ဇွန်လ (၁) ရက်နေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

"ကျောင်းက (၃) ရက်နေ့ စဖွင့်မှာဆိုတော့ ကလေးတွေ သန့်သန့်ရှင်းရှင်းနဲ့ ကိုယ့်အတန်းကိုယ် တက်လို့ရအောင်ပေါ့။ ကျောင်းဖွင့်တဲ့အချိန်မှာ အခန်းတွေသန့်ရှင်းရေး မလုပ်ထားဘူးဆိုရင် ကလေးတွေကျောင်းတက်ရင်အဆင်မပြေမှာစိုးလို့။ ကျောင်းစဖွင့်တဲ့အချိန်မှာသန့်ရှင်းနေဖို့ပေါ့။ အမှိုက်ပုံးတွေက အလုံအလောက်ရှိတယ်။ တာရာပုံးတွေရောရှိတယ်။ ကော်ပုံးတွေလည်းထားတယ်။ အခန်းတွေက ပိတ်ထားတာတွေဆိုတော့ နွေရာသီကျောင်းပိတ်ရက်နဲ့ဆိုတော့ ဖုန်တွ၊ ပင်ကူမျှင်တွေရှိတာပေါ့။ ခုံတွပြေန်စီပြီးတော့ သန့်ရှင်းရေးပြန်လုပ်တာပေါ့"ဟု ဝမ်မိုင် (၂) အခြေခံပညာမှုလတန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဇင်မာဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ကျောင်းအတွင်းရှိ အမှိုက်များရှင်းလင်းခြင်း၊ ရေမြောင်းများပြန်လည်တူးဖော်ခြင်း၊ မြက်များရှင်းလင်းခြင်းနှင့် စာသင်ခန်းများအတွင်း သန့်ရှင်းရေးများပြုလုပ်ခဲ့ပြီး ဆရာ၊ ဆရာမ (၈) ဦးနှင့် မဇ္ဈိမလူမှုကူညီရေးအသင်းမှ အဖွဲ့ဝင် (၁၀) ဦးတို့ စုပေါင်းသန့်ရှင်းရေးလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါကျောင်းတွင် ၂၀၁၉ - ၂၀၂၀ ပညာရေးနှစ်အတွက် လက်ရှိတွင် ကျောင်းသား၊ ကျောင်းသူ (၂၃၀) ဦနှင့်း ဆရာ၊ ဆရာမ (၈) ဦးရှိကြောင်း သိရသည်။

သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net