တာချီလိတ်မြို့အဝင် Covid-19 စစ်ဆေးရေးဂိတ်တွင် အလိုလျောက် ကိုယ်ပူချိန် တိုင်းတာစက်များဖြင့် စစ်ဆေးမှုစတင်

တာချီလိတ်မြို့အဝင် Covid-19 စစ်ဆေးရေးဂိတ်တွင် အလိုလျောက် ကိုယ်ပူချိန် တိုင်းတာစက်များဖြင့် စစ်ဆေးမှုစတင်
အောက်တိုဘာ 11, 2020
By Tachileik News Agency

တာချီလိတ်မြို့အဝင် Covid-19 စစ်ဆေးရေးဂိတ်တွင် အလိုလျောက် ကိုယ်ပူချိန် တိုင်းတာစက်များဖြင့် စစ်ဆေးမှုစတင်

 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အဝင် မယ်ယန်းစစ်ဆေးရေးဂိတ်တွင် မြို့တွင်းဝင်လာသူများအား ကိုယ်အပူချိန် တိုင်းရာတွင် ထိတွေ့မှုနည်းစေရန်အတွက် အလိုလျောက် ကိုယ်အပူချိန်တိုင်းသည့်စက်များဖြင့် စစ်ဆေးမှုအား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာ (၁၀) ရက်နေ့မှ စတင်စစ်ဆေးနေကြောင်း သိရသည်။
"ဒီစက်တွေထားလိုက်တော့ တိုင်းတဲ့သူတွေ ထိတွေ့မှုနည်းတာပေါ့။ Gun နဲ့တိုင်းတာနဲ့စာရင်တော့ ထိတွေ့မှု နည်းသွားတော့ ဂိတ်မှာ ကိုယ်အပူချိန်တိုင်းတဲ့သူတွေအတွက် အန္တရာယ်ကင်းတာပေါ့။ အပူချိန်မကျော်ရင် သတင်းပို့ပြီး သွားလို့ရတာပေါ့"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ (၁၁)ရက်နေ့တွင် ပြောသည်။
အဆိုပါ ကိုယ်အပူချိန်တိုင်းတာသည့်စက် (၂) လုံးကို နမ့်စန်မြို့မှ မှာယူခဲ့ခြင်းဖြစ်ပြီး စက်တွင်ပါရှိသော ဆင်ဆာရှေ့တွင် လက်ပြလိုက်ပါက ကိုယ်အပူချိန်ကိုဖော်ပြပေးပြီး ကိုယ်အပူချိန် (၃၈) ဒီဂရီစင်တီဂရိတ် နီးပါးရှိပါက အလိုလျောက်အချက်ပြစနစ်မှ အသံမြည်လာမည်ဖြစ်သည်။
ယင်းအပြင် အဆိုပါစက်များတွင် Hand Gel ထားရှိသည့်နေရာပါရှိပြီး တိုင်းတာသူမှ လက်ထည့်လိုက်ရုံဖြင့် အလိုလျောက်ကျလာမည်ဖြစ်ပြီး စက်တွင်တပ်ဆင်ထားသည့် ကင်မရာမှလည်း တိုင်းတာသူ၏ပုံကို မှတ်တမ်းရယူထားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့အဝင် မယ်ယန်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်မြို့သို့ဝင်ရောက်မည့် လူနှင့်မော်တော်ယာဉ်များအား ခရီးသွားရာဇဝင် စစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းနှင့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် COVID 19 ကင်းစင်ကြောင်း ထောက်ခံချက်မပါဝင်ပါက ကျန်းမာရေးဦးစီးဌာနက test kit ဖြင့် စစ်ဆေးပေးခြင်းများကို လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~