စတုတၱအႀကိမ္ေျမာက္ ကရင္နီလူငယ္မ်ားသမဂၢ ညီလာခံအား မိုးၿဗဲၿမိဳ႕ တြင္စတင္က်င္းပ

စတုတၱအႀကိမ္ေျမာက္ ကရင္နီလူငယ္မ်ားသမဂၢ ညီလာခံအား မိုးၿဗဲၿမိဳ႕ တြင္စတင္က်င္းပ
ဇွန် 5, 2019
By 🌸
ကရင္နီျပည္လူငယ္မ်ားသမဂၢ၏ စတုတၱအႀကိမ္ျမာက္ ညီလာခံအား ရွမ္းျပည္နယ္ေတာင္ပိုင္း ၊ မိုးၿဗဲၿမိဳ႕ ပြဲကုန္းရပ္ကြက္တြင္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၅) ရက္ေန႔ (၇)ရက္ေန႔အထိ က်င္းပေနၿပီး ဗဟိုေကာ္မတီဝင္သစ္မ်ား ျပန္လည္ေရြးခ်ယ္ေနၿပီျဖစ္သည္။

 “ ကၽြန္မတို႔ ပထမရက္မွာေတာ့ အဖြဲ႕ဝင္အဖြဲ႕ေတြရဲ႕ သုံးႏွစ္တာအစီရင္ခံစာေတြ တင္သြင္းမယ္။ ၿပီးေတာ့ uksy ရဲ႕သုံးႏွစ္တာလႈပ္ရွားမႈအစီရင္ခံစာ တင္သြင္းမယ္။ ဒုတိယရက္မွာ ကၽြန္မတို႕ UKSY ရဲ႕ဖြဲ႕စည္းပုံအေျခခံ ဥပေဒကို ျပန္သုံးသပ္မယ္။ေနာက္ဆုံးရက္မွာေတာ့ ဗဟိုေကာ္မတီဝင္အသစ္ေတြ ျပန္ေရြးခ်ယ္မယ္။ ေရြးေကာက္ပြဲ ျပန္လုပ္မယ္ေပါ့ ” ဟု ညီလာခံေျပာခြင့္ရ မအီႏိုးဆင့္က တာခ်ီလိတ္သတင္းေအဂ်င္စီ သို႔ ေျပာသည္။

ညီလာခံအား သုံးႏွစ္တစ္ႀကိမ္က်င္းျခင္းျဖစ္ၿပီး ဗဟိုေကာ္မတီသစ္မ်ား  ျပန္လည္ေရြးခ်ယ္ျခင္းမ်ား ၊ အဖြဲ႕ဝင္မ်ား၏ အစီရင္ခံစာတင္သြင္းျခင္း မ်ားကို (၃)ရက္တာအတြင္း ေခါင္းစဥ္မ်ားခြဲ၍ ေဆာင္ရြက္ၾကမည္ျဖစ္ေၾကာင္း သိရသည္။

ကရင္နီျပည္လူငယ္မ်ားသမဂၢအား ကယန္းမ်ိဳးဆက္သစ္လူငယ္၊ ကရင္နီအမ်ိဳးသားလူငယ္အစည္းအရုံး ၊  ကယန္းအမ်ိဳးသမီးအစည္းအရုံး ၊ ကယားျပည္နယ္ေက်ာင္းသားသမဂၢ ႏွင့္ တသီးပုဂၢလ အဖြဲ႕ဝင္မ်ားျဖင့္ ပူးေပါင္းဖြဲ႕စည္းထားျခင္းျဖစ္သည္။

သတင္း၊ဓါတ္ပံု #ဆန္းၿဖိဳးထြန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
စတုတ္တအကြိမ်မြောက် ကရင်နီလူငယ်များသမဂ္ဂ ညီလာခံအား  မိုးဗြဲမြို့ တွင်စတင်ကျင်းပ
************
ကရင်နီပြည်လူငယ်များသမဂ္ဂ၏ စတုတ္တအကြိမ်မြာက် ညီလာခံအား ရှမ်းပြည်နယ်တောင်ပိုင်း ၊ မိုးဗြဲမြို့ ပွဲကုန်းရပ်ကွက်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ (၅) ရက်နေ့ (၇)ရက်နေ့အထိ ကျင်းပနေပြီး ဗဟိုကော်မတီဝင်သစ်များ ပြန်လည်ရွေးချယ်နေပြီဖြစ်သည်။

 “ ကျွန်မတို့ ပထမရက်မှာတော့ အဖွဲ့ဝင်အဖွဲ့တွေရဲ့ သုံးနှစ်တာအစီရင်ခံစာတွေ တင်သွင်းမယ်။ ပြီးတော့ uksy ရဲ့သုံးနှစ်တာလှုပ်ရှားမှုအစီရင်ခံစာ တင်သွင်းမယ်။ ဒုတိယရက်မှာ ကျွန်မတို့ UKSY ရဲ့ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြန်သုံးသပ်မယ်။နောက်ဆုံးရက်မှာတော့ ဗဟိုကော်မတီဝင်အသစ်တွေ ပြန်ရွေးချယ်မယ်။ ရွေးကောက်ပွဲ ပြန်လုပ်မယ်ပေါ့ ” ဟု ညီလာခံပြောခွင့်ရ မအီနိုးဆင့်က တာချီလိတ်သတင်းအေဂျင်စီ သို့ ပြောသည်။

ညီလာခံအား သုံးနှစ်တစ်ကြိမ်ကျင်းခြင်းဖြစ်ပြီး ဗဟိုကော်မတီသစ်များ  ပြန်လည်ရွေးချယ်ခြင်းများ ၊ အဖွဲ့ဝင်များ၏ အစီရင်ခံစာတင်သွင်းခြင်း များကို (၃)ရက်တာအတွင်း ခေါင်းစဉ်များခွဲ၍ ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

ကရင်နီပြည်လူငယ်များသမဂ္ဂအား ကယန်းမျိုးဆက်သစ်လူငယ်၊ ကရင်နီအမျိုးသားလူငယ်အစည်းအရုံး ၊  ကယန်းအမျိုးသမီးအစည်းအရုံး ၊ ကယားပြည်နယ်ကျောင်းသားသမဂ္ဂ နှင့် တသီးပုဂ္ဂလ အဖွဲ့ဝင်များဖြင့် ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

သတင်း၊ဓါတ်ပုံ #ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net