ထိုင်းနိုင်ငံအတွင်း Covid-19 အခြေအနေကြောင်း မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြည်တော်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် အသိပေး

ထိုင်းနိုင်ငံအတွင်း Covid-19 အခြေအနေကြောင်း မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြည်တော်ပြန်လိုသည့် မြန်မာနိုင်ငံသားများအတွက် အသိပေး

ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေသည့် ရွေ့ပြောင်းမြန်မာလုပ်သားများအနေဖြင့် လက်ရှိ ထိုင်းနိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် COVID-19 ရောဂါအနေကြောင့် ပြည်တော်ပြန်လိုသူများ  ခေတ္တစောင့်ဆိုင်းပေးရန် မယ်ဆိုင်-တာချီလိတ်လမ်းကြောင်း ပြည်တော်ပြန်ကူညီစောင့်ရှောက်ရေးအဖွဲ့မှ မေတ္တရပ်ခံချက်ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအတွင်း လတ်တလောဖြစ်ပွားနေသည့် COVID-19 ရောဂါကူးစက်မှုများထိန်းချုပ်နိုင်ရန်အတွက် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ နိုင်ငံခြားသားအလုပ်သမားများကို မိမိတို့နေထိုင်သည့် ခရိုင်အတွင်း အပြင် အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင်းရောက်ရှိနေသည့် မြန်မာအလုပ်သမားများအနေဖြင့် ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် မိမိတို့သဘောဆန္ဒအရ ခရိုင်ဖြတ်ကူးသွားလာခြင်းမပြုရန်၊ ထိုင်းပြည်ထဲရေးဝန်ကြီးဌာနမှ ဖြေလျော့မှုများပြုလုပ်လာပါက ပြန်လည်အကြောင်းကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တော်ပြန်လိုသည့် မြန်မာအလုပ်သမားများအနေဖြင့် အသေးစိတ်သိရှိလိုပါက ထိုင်းဖုန်းများဖြစ်သည့်  ဦးသန်းထွန်းအောင် မြန်မာ - ထိုင်း နယ်ခြားကော်မတီ(TBC) ဖုန်း-၀၉ ၀၀၅၃၂၄၃၀၊  မယ်ဆိုင်လူမှုဂရုဏာလူမှုကူညီရေးအသင်အသင်း ဥက္ကဌ ကိုစိုင်း ဖုန်း-၀၈၇ ၇၂၆၅၄၀၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Tachileik News Agency

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။