ကျိုင်းတုံမြို့တွင်း လမ်းတွေ ပြုလုပ်ရာမှာ ဌာနနဲ့ ဒေသခံ ပူးပေါင်း ပါဝင်မှု အခြေအနေ

ကျိုင်းတုံမြို့တွင်း လမ်းတွေ ပြုလုပ်ရာမှာ ဌာနနဲ့ ဒေသခံ ပူးပေါင်း ပါဝင်မှု အခြေအနေ
ဇန်နဝါရီ 19, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

ကျိုင်းတုံမြို့တွင်း လမ်းတွေ ပြုလုပ်ရာမှာ ဌာနနဲ့ ဒေသခံ ပူးပေါင်း ပါဝင်မှု အခြေအနေ

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင်း စည်ပင်သာယာရေးဌာနအနေနဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေလုပ်ဆောင်ရာမှာ ပြည်သူလူထု ပူးပေါင်းပါဝင်လာနိုင်ဖို့ စည်းရုံးမှုတွေ လုပ်ဆောင်နေကြောင်း ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနက အမှူဆောင်အရာရှိ ဦးကျော်မင်းထိုက်က ပြောပါတယ်။

ကျိုင်းတုံမြို့နယ်စည်ပင်သာယာရေးဌာနအနေနဲ့ နှစ်စဉ် ငွေလုံးငွေရင်းအသုံးစရိတ်နည်းပါးတဲ့အတွက် ပြည်သူလူထုနဲ့ ပူးပေါင်းပြီး ရပ်ကွက်တွင်း လမ်းတွေခင်းကျင်းနေတာဖြစ်ကြောင်း ဦးကျော်မင်းထိုက်က ပြောပါတယ်။

ကျိုင်းတုံမြို့ပေါ်ရပ်ကွက်လမ်းတွေဖြစ်တဲ့ ဈေးတန်း (၄) လမ်း၊ ဆောင်းပျတ်လမ်း၊ အထက (၁) လမ်းအပါအဝင် ရပ်ကွက်လမ်း (၇) လမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ ခင်းကျင်းခဲ့ပြီး လမ်းသစ်တွေထပ်မံခင်းကျင်းနိုင်ဖို့ ပြည်သူလူထုရဲ့ အားတွေ ပါဝင်လာနိုင်ဖို့ စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~