တာချီလိတ်ရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ (၁၀၅၁)ဦး ဖြေဆိုနေကြသော်လည်း ဖြေဆိုရန် အပြင်ဖြေ အများဆုံး ပျက်ကွက်

တာချီလိတ်ရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ (၁၀၅၁)ဦး ဖြေဆိုနေကြသော်လည်း ဖြေဆိုရန် အပြင်ဖြေ အများဆုံး ပျက်ကွက်
မတ် 11, 2020
By Tachileik News Agency
တာချီလိတ်ရှိ စာစစ်ဌာန(၃)ခုတွင် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူ (၁၀၅၁)ဦး ဖြေဆိုနေကြသော်လည်း ဖြေဆိုရန် အပြင်ဖြေ အများဆုံး ပျက်ကွက်

၂၀၂၀ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခုတွင် စာမေးပွဲ၏ ပထမဆုံးနေ့ဖြစ်သည့် မတ်လ(၁၁)ရက်နေ့၌ ဖြေဆိုရန် စာရင်းအရ (၁,၁၆၇)ဦးရှိသည့်အနက် (၁၁၆)ဉီး ပျက်ကွက်ရာ ပျက်ကွက်သူ အများဆုံးမှာ အပြင်ဖြေများ ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက(တာချီလိတ်)တွင် ဖြေဆိုရန် စာရင်းအရ (၆၆၃)ဦး ရှိထားရာမှ (၅၉၈)ဦးသာ လာရောက်ဖြေဆိုရာ အဆိုပါ ကျောင်းတွင် အပြင်‌ဖြေ(၄၆)ဦး ပျက်ကွက်သည်။

နောက်ထပ် စာစစ်ဌာန တစ်ခုဖြစ်သည့် အထက(ဟောင်လိတ်)တွင်  စာရင်းအရ (၂၆၈)ဦးရှိထားရာမှ (၂၄၆)ဦးသာ လာရောက်ဖြေဆိုရာ ပျက်ကွက်သူ(၂၂)ဦးအနက် အပြင်ဖြေ(၁၃)ဦး ပျက်ကွက်သည်။

တာချီလိတ်မြို့နယ် တာလေမြို့ရှိ စာစစ်ဌာနဖြစ်သည့် အထက(တာလေ)တွင်  စာရင်းအရ (၂၃၆)ဦးရှိထားရာမှ (၂၀၇)ဦးသာ လာရောက်ဖြေဆိုရာ ပျက်ကွက်သူ(၂၉)ဦးအနက်  အပြင်ဖြေ(၁၃)ဦး ပျက်ကွက်သည်။

တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန (၃)ခု၏ စုစုပေါင်းတွင် စာမေးပွဲ ဖြေဆိုသူ (၁၀၅၁)ဦးရှိပြီး ပျက်ကွက်သူမှာ(၁၁၆)ဦးရှိရာ အများဆုံးပျက်ကွက်သူများမှာ အပြင်ဖြေများဖြစ်ကြပြီး အပြင်ဖြေ (၇၂)ဦး ပျက်ကွက်ခြင်း ဖြစ်သည်။

၂၀၂၀ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ၂၀၂၀ခုနှစ် မတ်လ(၁၁)ရက်နေ့မှ မတ်လ(၂၀)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်  တာချီလိတ်မြို့နယ်တွင်းရှိ စာစစ်ဌာန(၃)ခု၌ စုစုပေါင်း (၁,ဝ၇၀)ဦး ဖြေဆိုခဲ့ကြောင်း သိရသည်။

 Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~