ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် ခွင့်ပြုချက်ရရှိထားသည့် ရေသန့်လုပ်ငန်း (၆၆)ခုသာရှိ
ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးတွင် ခွင့်ပြုချက်ရရှိထားသည့် ရေသန့်လုပ်ငန်း (၆၆)ခုသာရှိ
ဇှနျ 11, 2019
By Tachileik News Agency
"ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ထောက်ခံချက်ရရှိထားတဲ့ သောက်ရေသန့်စာရင်း အရေအတွက်မှာ တောင်ကြီးမြို့နယ်တွင် ( ၁၅ )ခု၊ ညောင်ရွှေ (၆)ခု၊ ကလော (၇)ခု၊ ရပ်ဆောက် (၅)ခု၊ ဟိုပုံး (၂)ခု၊ ဖယ်ခုံ (၃)ခု၊ ပင်လောင်း (၃)ခု၊ ပင်းတယ (၃)ခု၊ ဆီဆိုင် (၁)ခု၊ ရွာငံ (၁)ခု၊ လွိုင်လင် (၇)ခု၊ နမ့်စန် (၃)ခု၊ လဲချား (၂)ခု၊ မိုင်းကိုင် (၁)ခု၊ ကွန်ဟိန်း (၂)ခု၊ ကျေးသီး (၁)ခု၊ ခိုလမ် (၂)ခု၊ မောက်မယ် (၁)ခု နှင့် မိုးနဲမြို့နယ်တွင် (၁)ခု စုစုပေါင်း (၆၆)ခုရှိပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ၂၀၁၉ခုနှစ် ဇွန်လ(၁၁)ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ဖြေကြားခြင်း ဖြစ်သည်။
ရှမ်းပြည်နယ်အတွင်း ရေသန့်ထုတ်လုပ်သော စက်ရုံမည်မျှရှိပြီး ရေသန့်များသည် သတ်မှတ်စံချိန်စံညွှန်း မီ မမီ စစ်ဆေးစီမံဆောင်ရွက်နေမှု နှင့် ပတ်သက်၍ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ဖြစ်သည့် ၂၀၁၉ခုနှစ် ဇွန်လ(၁၁)ရက်နေ့ တွင် မေးမြန်းရာမှ ပြည်နယ်လူမှုရေးဝန်ကြီးက ယင်းသို့ ဖြေကြားလိုက်ခြင်း ဖြစ်သည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက တောင်ကြီးမြို့အပါအ၀င် ရှမ်းပြည်နယ်တစ်ခုလုံး၏ ရေသန့်လုပ်ငန်းအရေအတွက်ကို မေးမြန်းထားသော်လည်း  ပြည်နယ်လူမှုရေးဝန်ကြီးမှ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ခွင့်ပြုချက်ရရှိထားသည့် ရေသန့်လုပ်ငန်းအရေအတွက်ကိုသာ ဖြေကြားသွားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
ရှမ်းပြည်နယ်တောင်ပိုင်းအတွင်းရှိ မြို့နယ်ပေါင်း(၁၉)မြို့နယ်တွင် ထောက်ခံချက်ရရှိထားသည့် သောက်ရေသန့်လုပ်ငန်း အရေအတွက်မှာ စုစုပေါင်း (၆၆)ခုရှိကြောင်း ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပြောသည်။
"ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ထောက်ခံချက်ရရှိထားတဲ့ သောက်ရေသန့်စာရင်း အရေအတွက်မှာ တောင်ကြီးမြို့နယ်တွင် ( ၁၅ )ခု၊ ညောင်ရွှေ (၆)ခု၊ ကလော (၇)ခု၊ ရပ်ဆောက် (၅)ခု၊ ဟိုပုံး (၂)ခု၊ ဖယ်ခုံ (၃)ခု၊ ပင်လောင်း (၃)ခု၊ ပင်းတယ (၃)ခု၊ ဆီဆိုင် (၁)ခု၊ ရွာငံ (၁)ခု၊ လွိုင်လင် (၇)ခု၊ နမ့်စန် (၃)ခု၊ လဲချား (၂)ခု၊ မိုင်းကိုင် (၁)ခု၊ ကွန်ဟိန်း (၂)ခု၊ ကျေးသီး (၁)ခု၊ ခိုလမ် (၂)ခု၊ မောက်မယ် (၁)ခု နှင့် မိုးနဲမြို့နယ်တွင် (၁)ခု စုစုပေါင်း (၆၆)ခုရှိပါတယ်"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ၂၀၁၉ခုနှစ် ဇွန်လ(၁၁)ရက်နေ့တွင် ကျင်းပသည့် ပြည်နယ်လွှတ်တော်အစည်းအေဝးတွင် ဖြကြေားခြင်း ဖြစ်သည်။
ပင်းတယမြို့နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက
ရှမ်းပြည်နယ်အတွင်း ရေသန့်ထုတ်လုပ်သော စက်ရုံမည်မျှရှိပြီး ရေသန့်များသည် သတ်မှတ်စံချိန်စံညွှန်း မီ မမီ စစ်ဆေးစီမံဆောင်ရွက်နေမှု နှင့် ပတ်သက်၍ ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့)ဖြစ်သည့် ၂၀၁၉ခုနှစ် ဇွန်လ(၁၁)ရက်နေ့ တွင် မေးမြန်းရာမှ ပြည်နယ်လူမှုရေးဝန်ကြီးက ယင်းသို့ ဖြကြေားလိုက်ခြင်း ဖြစ်သည်။
အစားအသောက် နှင့် ရေသန့်လုပ်ငန်းများ ထုတ်လုပ်ရောင်းခွင့်များနှင့် ပတ်သက်၍ လျှောက်ထားလာမှုများအပေါ် သတ်မှတ်ချက်များအတိုင်း အစီအစဉ် တကျ ဆောင်ရွက်ပြီးမှ လက်မှတ်ထုတ်ပေးခြင်း ဖြစ်ကြောင်း သိရသည်။
"အစားအသောက်ထုတ်လုပ်ခြင်း ထောက်ခံချက်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)သို့ လိပ်မူ၍ လျှောက်ထားလာတဲ့ အစားအသောက်လုပ်ငန်းများ၊ သောက်ရေသန့်လုပ်ငန်းများအား တင်ပြရမယ့် စာရွက်စာတမ်းများ၊ လိုင်စင်များ၊ အမှတ်တံဆိပ်ဆိုင်ရာ သတ်မှတ်ချက်များအား၊ စိစစ် စစ်ဆေးခြင်း၊ သက်ဆိုင်ရာ မြို့နယ်အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီနဲ့ ပူးပေါင်း၍ ကောင်းမွန်တဲ့ ထုတ်လုပ်မှုဆိုင်ရာကျင့်စဉ်များ၊ သန့်ရှင်းမှုဆိုင်ရာကျင့်စဉ်များ၊ စက်ရုံဖွဲ့စည်းပုံများ စသည်တို့ကို ကွင်းဆင်းစစ်ဆေးခြင်း၊ ထုတ်လုပ်တဲ့ အစားအသောက် နမူနာ သို့မဟုတ် ထုတ်လုပ်တဲ့ သောက်ရေသန့် နမူနာများအား ဂျပန်းစနစ်ဖြင့် ကောက်ယူခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း စသည်တို့ကို အစီအစဉ် တကျ ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ လုပ်ငန်းစဉ်များ စိစစ်ခြင်း ဓာတ်ခွဲအဖြေများ အားလုံးပြည့်စုံ ကောင်းမွန်မှသာလျှင် အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၉ အရ အစားအသောက်ထုတ်လုပ်ထောက်ခံခြင်း လက်မှတ်အား ထုတ်ပေးလျက်ရှိပါတယ်"ဟု ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ရှင်းလင်းဖြကြေားသည်။
အစားအသောက် နှင့် ရေသန့်လုပ်ငန်းများနှင့် ပတ်သက်၍ ထောက်ခံချက်လက်မှတ် သက်တမ်းရှိနေဆဲကာလအတွင်း ထုတ်လုပ်ရောင်းချနေသည့် ထုတ်ကုန်များအား ဈေးကွက်များအတွင်း ရှောင်တခင် စစ်ဆေးခြင်း၊ ဓာတ်ခွဲခြင်း စသည့် ဈေးကွက်ထောက်လှမ်း စစ်ဆေးခြင်း စသည့် လုပ်ငန်းစဉ်ဖြင့် လိုက်နာမှန်ကန်ခြင်း ရှိ မရှိအား ပြန်လည်ဆန်းစစ်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ(ခ)ဦးညီလေးချမ်းက တောင်ကြီးမြို့အပါအဝင် ရှမ်းပြည်နယ်တစ်ခုလုံး၏ ရေသန့်လုပ်ငန်းအရေအတွက်ကို မေးမြန်းထားသော်လည်း ပြည်နယ်လူမှုရေးဝန်ကြီးမှ ရှမ်းပြည်နယ်တောင်ပိုင်းအတွင်း ခွင့်ပြုချက်ရရှိထားသည့် ရေသန့်လုပ်ငန်းအရေအတွက်ကိုသာ ဖြကြေားသွားခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net