နိုင်ငံပေါင်း ၅ နိုင်ငံမှ ဆိုင်ကယ်စီး ၁၃ ဦးအဖွဲ့ မြဝတီနယ်စပ်မှဝင်ပြီး တာချီလိတ်နယ်စပ်မှ ပြန်ထွက်

နိုင်ငံပေါင်း ၅ နိုင်ငံမှ ဆိုင်ကယ်စီး ၁၃ ဦးအဖွဲ့ မြဝတီနယ်စပ်မှဝင်ပြီး တာချီလိတ်နယ်စပ်မှ ပြန်ထွက်
ဒီဇင်ဘာ 10, 2019
By Tachileik News Agency
နိုင်ငံပေါင်း ၄ နိုင်ငံမှ ဆိုင်ကယ်စီး ၁၂ ဦးအဖွဲ့ မြဝတီနယ်စပ်မှဝင်ပြီး တာချီလိတ်နယ်စပ်မှ ပြန်ထွက် 

မြန်မာနိုင်ငံသို့ မြဝတီနယ်စပ်မှ ဝင်ရောက်လည်ပတ်သည့် မလေးရှား၊ စင်္ကာပူ၊  အီတလီနှင့် အမေရိကန်နိုင်ငံသားတို့ပါဝင်သည့် ခရီးသည် (၁၃) ဦးတို့သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတား  မှတစ်ဆင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ (၁၀) ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းနိုင်ငံဘက်သို့ ပြန်လည်ထွက်ခွာသွားကြသည်။

မလေးရှားနိုင်ငံသား (၉) ဦး၊ စင်္ကာပူနိုင်ငံသား (၁) ဦး၊ အီတလီနိုင်ငံသား (၁) ဦးနှင့် အမေရိကန်နိုင်ငံသား (၁) ဦးတို့ပါဝင်သော ခရီးသွားအဖွဲ့သည် မြဝတီနယ်စပ်ဝင်ပေါက်မှတစ်ဆင့် နိုဝင်ဘာ (၃၀) ရက်နေ့တွင် ဝင်ရောက်ခဲ့ပြီး မြဝတီ၊ ကျိုက်ထီးရိုး၊ ရန်ကုန်၊ နေပြည်တော်၊ ပုဂံ၊ မန္တလေး၊ အင်းလေး၊ နမ့်စန်၊ ကျိုင်းတုံနှင့် တာချီလိတ်မြို့များသို့ (၁၁) ရက်ကြာ လည်ပတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာဝင်ထွက်ပေါက်ဖြစ်သော မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားမှ ဝင်ထွက်သွားလာနေသည့် နိုင်ငံခြားသားခရီးသွားများအား လိုအပ်သည့်ပံ့ပိုးမှုရရှိနိုင်ရေးအတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း လုံခြုံရေးရဲတပ်ဖွဲ့၊တပ်ဖွဲ့စု(၁၄)တာချီလိတ်မှ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်၍ လိုအပ်သည်များကို စိစစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 ဗီယက်နမ် (၁)ဦး၊ မလေးရှားနိုင်ငံသား (၉) ဦး၊ စင်္ကာပူနိုင်ငံသား (၁) ဦး၊ အီတလီနိုင်ငံသား (၁) ဦးနှင့် အမေရိကန်နိုင်ငံသား (၁) ဦးတို့ပါဝင်သော (၅)နိုင်ငံမှ ခရီးသွား (၁၃)ဦးအဖွဲ့ဖြင့် မြဝတီနယ်စပ်မှဝင်ကာ တာချီလိတ်နယ်စပ်မှ ပြန်ထွက်ရန် ခွင့်ပြုချက်တင်ခဲ့ခြင်းဖြစ်သော်လည်း ဗီယက်နမ်နိုင်ငံသူ (၁)ဦးမှာ ခရီးစဉ်တွင် လိုက်ပါနိုင်ခြင်းမရှိတော့သဖြင့် (၂)နိုင်ငံမှ ခရီးသွား (၁၂)ဦးအဖွဲ့ဖြင့် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း 



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~