မိုင္းဆတ္ၿမိဳ႕တြင္ ေက်ာင္းသား ေက်ာင္းသူမ်ားအား မူးယစ္ေဆး၀ါး ဆိုးက်ဳိးမ်ားအေၾကာင္း သိေကာင္းစရာ ႏွင့္ ယာဥ္/လမ္းစည္းကမ္း အသိပညာေပး

မိုင္းဆတ္ၿမိဳ႕တြင္ ေက်ာင္းသား ေက်ာင္းသူမ်ားအား မူးယစ္ေဆး၀ါး ဆိုးက်ဳိးမ်ားအေၾကာင္း သိေကာင္းစရာ ႏွင့္ ယာဥ္/လမ္းစည္းကမ္း အသိပညာေပး
ဇွန် 13, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕ရိွ အေျခခံပညာေက်ာင္း(၂)ေက်ာင္းတြင္ မူးယစ္ေဆး၀ါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆး၀ါးမ်ား အႏၲရာယ္တားဆီးကာကြယ္ေရး၊ ယာဥ္/လမ္းအႏၱရာယ္ ကင္းရွင္းေရးအတြက္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ(၁၂)ရက္ေန႔က အသိပညာေပးေဟာေျပာေၾကာင္းသိရသည္။

“၂၀၁၉ခုႏွစ္၊ ဇြန္လ ၂၆ ရက္မွာက်ေရာက္မယ့္ " အျပည္ျပည္ဆိုင္ရာ မူးယစ္ေဆးဝါးအလြဲသံုးမႈႏွင့္တရား မဝင္ေရာင္းဝယ္မႈတိုက္ဖ်က္ေရးေန႔ "အထိမ္းအမွတ္အႀကိဳလႈပ္ရွားမႈအေနနဲ႔ ေက်ာင္းသား၊ ေက်ာင္းသူေတြ မူးယစ္ ေဆးဝါးရဲ႕ဆိုးက်ိဳးအႏၲရာယ္မ်ားအေၾကာင္းသိရိွနားလည္ ေရွာင္ရွားႏိုင္ေစဖို႔နဲ႔ ယာဥ္စည္းကမ္းလမ္းစည္းကမ္းကို သိနားလည္ေစဖို႔ ရည္႐ြယ္က်င္းပတာျဖစ္ၿပီး မနက္ပိုင္းမွာ အလက(က်ဒယ္)နဲ႔ ညေနပိုင္းမွာ အလက(နားေကာ)မွာ က်င္းပခဲ့တာပါ” ဟု မိုင္းဆတ္ခ႐ိုင္ျပန္/ဆက္ဦးစီးမွဴး ဦးသန္းေဇာ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

 အဆိုပါ အခမ္းအနားတြင္ ဒုတိယၿမိဳ႕နယ္ပညာေရးမွဴး ဦးသူရေအာင္က အဖြင့္အမွာစကားေျပာၾကားၿပီး မူးယစ္တပ္ဖြဲ႔စု(၂၉)မိုင္းဆတ္မွ ဒုတိယရဲမွဴးမ်ဳိးခိုင္က မူးယစ္ေဆး၀ါးအမ်ဳိးအစားမ်ား၊ ဆုိးက်ိဳးအႏၲရာယ္မ်ားႏွင့္ တားဆီးႏွိမ္ နင္းေရးေဆာင္ ရြက္ေနမႈမ်ားကို လည္းေကာင္း၊ ျပန္ၾကားေရးႏွင့္ျပည္သူ႔ဆက္ဆံေရးဦးစီးဌာနမွ မိုင္းဆတ္ခ႐ိုင္ဦးစီးမွဴး ဦးသန္းေဇာ္ဦးက မူးယစ္ေဆးစတင္သုံးစဲြမိသည့္အေၾကာင္းရင္းႏွင့္ မူးယစ္ေဆးစဲြေနသူအား လူမႈအသိုင္းအ၀န္းတြင္ ျပန္လည္၀င္ဆ့ံေရးကို လည္းေကာင္း၊ ၿမိဳ႕နယ္ဥပေဒအရာရိွ ဦးေနမင္းထက္က ျပစ္မႈျပစ္ဒဏ္မ်ားကိုလည္းေကာင္း၊ ၿမိဳ႕နယ္လက္ေထာက္က်န္းမာေရးမွဴး ဦးညီညီလြင္က မူးယစ္ေဆးဝါးႏွင့္ဆက္ႏြယ္သည့္က်န္းမာေရး အသိပညာမ်ားကို လည္းေကာင္း၊ ၿမိဳ႕နယ္ရဲတပ္ဖဲြ႔မွ ရဲအုပ္မ်ဳိးမင္းေအာင္က မႈခင္းက်ဆင္းေရးႏွင့္ႀကိဳတင္ကာ ကြယ္ေရးကိုလည္းေကာင္း၊ အမွတ္(၁၂၀)ယာဥ္ထိန္းတပ္ဖဲြ႔စုမွ ရဲအုပ္ေဇာ္မ်ဳိးေအာင္ ယာဥ္စည္းကမ္းလမ္းစည္း ကမ္းကိုလည္းေကာင္း အသီးသီးေဟာေျပာေဆြးေႏြးသည္။

အခမ္းအနားက်င္းပရာေက်ာင္းမ်ားတြင္ မူးယစ္ေဆး၀ါးအႏၲရာယ္ႏွင့္လူကုန္ကူးမႈအႏၲရာယ္ အသိပညာေပး ဓာတ္ပုံႏွင့္နံရံကပ္စာေစာင္မ်ားကိုလည္း ျပသထားေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု -  TZO



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့ရှိ အခြေခံပညာကျောင်း(၂)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေး၊ ယာဉ်/လမ်းအန္တရာယ် ကင်းရှင်းရေးအတွက် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၂)ရက်နေ့က အသိပညာပေးဟောပြောကြောင်းသိရသည်။

“၂၀၁၉ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာကျရောက်မယ့် " အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရား မဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ "အထိမ်းအမှတ်အကြိုလှုပ်ရှားမှုအနေနဲ့ ကျောင်းသား၊ ကျောင်းသူတွေ မူးယစ် ဆေးဝါးရဲ့ဆိုးကျိုးအန္တရာယ်များအကြောင်းသိရှိနားလည် ရှောင်ရှားနိုင်စေဖို့နဲ့ ယာဉ်စည်းကမ်းလမ်းစည်းကမ်းကို သိနားလည်စေဖို့ ရည်ရွယ်ကျင်းပတာဖြစ်ပြီး မနက်ပိုင်းမှာ အလက(ကျဒယ်)နဲ့ ညနေပိုင်းမှာ အလက(နားကော)မှာ ကျင်းပခဲ့တာပါ” ဟု မိုင်းဆတ်ခရိုင်ပြန်/ဆက်ဦးစီးမှူး ဦးသန်းဇော်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 အဆိုပါ အခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးသူရအောင်က အဖွင့်အမှာစကားပြောကြားပြီး မူးယစ်တပ်ဖွဲ့စု(၂၉)မိုင်းဆတ်မှ ဒုတိယရဲမှူးမျိုးခိုင်က မူးယစ်ဆေးဝါးအမျိုးအစားများ၊ ဆိုးကျိုးအန္တရာယ်များနှင့် တားဆီးနှိမ် နင်းရေးဆောင် ရွက်နေမှုများကို လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မိုင်းဆတ်ခရိုင်ဦးစီးမှူး ဦးသန်းဇော်ဦးက မူးယစ်ဆေးစတင်သုံးစွဲမိသည့်အကြောင်းရင်းနှင့် မူးယစ်ဆေးစွဲနေသူအား လူမှုအသိုင်းအဝန်းတွင် ပြန်လည်ဝင်ဆံ့ရေးကို လည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးနေမင်းထက်က ပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ်လက်ထောက်ကျန်းမာရေးမှူး ဦးညီညီလွင်က မူးယစ်ဆေးဝါးနှင့်ဆက်နွယ်သည့်ကျန်းမာရေး အသိပညာများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှ ရဲအုပ်မျိုးမင်းအောင်က မှုခင်းကျဆင်းရေးနှင့်ကြိုတင်ကာ ကွယ်ရေးကိုလည်းကောင်း၊ အမှတ်(၁၂၀)ယာဉ်ထိန်းတပ်ဖွဲ့စုမှ ရဲအုပ်ဇော်မျိုးအောင် ယာဉ်စည်းကမ်းလမ်းစည်း ကမ်းကိုလည်းကောင်း အသီးသီးဟောပြောဆွေးနွေးသည်။

အခမ်းအနားကျင်းပရာကျောင်းများတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့်လူကုန်ကူးမှုအန္တရာယ် အသိပညာပေး ဓာတ်ပုံနှင့်နံရံကပ်စာစောင်များကိုလည်း ပြသထားကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - TZO

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net