ထုိင္းႏိုင္ငံတြင္ ယာဥ္မွတ္ပံုတင္လိမ္လည္ရယူထားသည့္ ဘတ္သန္း (၁၂၀)ေက်ာ္တန္ဖိုးရိွ ဇိမ္ခံကား (၁၀)စီး ဖမ္းဆီးရမိ

ထုိင္းႏိုင္ငံတြင္ ယာဥ္မွတ္ပံုတင္လိမ္လည္ရယူထားသည့္ ဘတ္သန္း (၁၂၀)ေက်ာ္တန္ဖိုးရိွ ဇိမ္ခံကား (၁၀)စီး ဖမ္းဆီးရမိ
မေ 31, 2019
By 🌸
ထုိင္းနုိင္ငံတြင္ ေမာ္ေတာ္ယာဥ္နံပါတ္တူကို အသံုုးျပဳထားသည္ကိုေတြ႔ရေၾကာင္း ယာဥ္ပိုင္ရွင္မ်ားက ရဲတပ္ဖြဲ႕ထံအေၾကာင္းၾကားခဲ့ရာမွ ယာဥ္မွတ္ပံုတင္လိမ္လည္ရယူထားသည့္ ဘတ္သန္းေပါင္း (၁၂၀)ေက်ာ္တန္ဖိုးရိွသည့္ ဇိမ္ခံကား (၁၀)စီးကို ေဖၚထုတ္ဖမ္းဆီးႏုိင္လုိက္ေၾကာင္း သိရသည္။

ဖမ္းဆီးလုိက္သည့္ေမာ္ေတာ္ယာဥ္မ်ားအနက္ အခ်ိဳ႕မွာ ယာဥ္တုိက္မႈမ်ားေၾကာင့္ ပ်က္စီးသြားသည့္ ေမာ္ေတာ္ယာဥ္မ်ား၏ နံပါတ္မ်ားကို အသံုးျပဳထားၿပီး အေကာက္ခြန္တြင္ လိမ္လည္တင္သြင္းလာသည့္ ေမာ္ေတာ္ယာဥ္မ်ားျဖစ္ေၾကာင္း ရဲတပ္ဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ေမလ (၃၀)ရက္ေန႔တြင္ သတင္းမီဒီယာမ်ားကို ေျပာၾကားလုိက္ေၾကာင္း ဘန္ေကာက္ပို႔စ္သတင္းအရ သိရသည္။

ေမွာင္ခိုတင္သြင္းလာသည့္ အဆိုပါဇိမ္ခံကားမ်ားကို ယာဥ္မွတ္ပံုတင္ရာတြင္ လိမ္လည္မွတ္ပံုတင္ခဲ့ၿပီး အခ်ိဳ႕ေမာ္ေတာ္ယာဥ္မ်ားမွာ ဘတ္ (၂၃)သန္းတန္အထိ ပါဝင္ေၾကာင္း သိရသည္။

ေမာ္ေတာ္ယာဥ္ပိုင္ရွင္အခ်ိဳ႕က ၎တို႔၏ ပ်က္စီးေမာ္ေတာ္ယာဥ္နံပါတ္ျပားမ်ားကို အသံုးျပဳထားသည့္ ဇိမ္ခံကားအခ်ိဳ႕ကို ေတြ႔ရေၾကာင္း ရဲတပ္ဖြဲ႕ထံ သတင္းေပးပို႔မႈႏွင့္ ဇိမ္ခံကားမ်ားကို ေစ်းႏႈန္းေလွ်ာ့ေရာင္းခ်သည့္ ေၾကာ္ျငာမ်ားကို စံုစမ္းေဖၚထုတ္ရာမွ ယင္းကဲ့သို႔ ဖမ္းဆီးရမိျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
Ref: Bangkok Post

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင် ယာဉ်မှတ်ပုံတင်လိမ်လည်ရယူထားသည့် ဘတ်သန်း (၁၂၀)ကျော်တန်ဖိုးရှိ ဇိမ်ခံကား (၁၀)စီး ဖမ်းဆီးရမိ
*************
ထိုင်းနိုင်ငံတွင် မော်တော်ယာဉ်နံပါတ်တူကို အသုုံးပြုထားသည်ကိုတွေ့ရကြောင်း ယာဉ်ပိုင်ရှင်များက ရဲတပ်ဖွဲ့ထံအကြောင်းကြားခဲ့ရာမှ ယာဉ်မှတ်ပုံတင်လိမ်လည်ရယူထားသည့် ဘတ်သန်းပေါင်း (၁၂၀)ကျော်တန်ဖိုးရှိသည့် ဇိမ်ခံကား (၁၀)စီးကို ဖေါ်ထုတ်ဖမ်းဆီးနိုင်လိုက်ကြောင်း သိရသည်။

ဖမ်းဆီးလိုက်သည့်မော်တော်ယာဉ်များအနက် အချို့မှာ ယာဉ်တိုက်မှုများကြောင့် ပျက်စီးသွားသည့် မော်တော်ယာဉ်များ၏ နံပါတ်များကို အသုံးပြုထားပြီး အကောက်ခွန်တွင် လိမ်လည်တင်သွင်းလာသည့် မော်တော်ယာဉ်များဖြစ်ကြောင်း ရဲတပ်ဖွဲ့က ၂၀၁၉ ခုနှစ်၊ မေလ (၃၀)ရက်နေ့တွင် သတင်းမီဒီယာများကို ပြောကြားလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းအရ သိရသည်။

မှောင်ခိုတင်သွင်းလာသည့် အဆိုပါဇိမ်ခံကားများကို ယာဉ်မှတ်ပုံတင်ရာတွင် လိမ်လည်မှတ်ပုံတင်ခဲ့ပြီး အချို့မော်တော်ယာဉ်များမှာ ဘတ် (၂၃)သန်းတန်အထိ ပါဝင်ကြောင်း သိရသည်။

မော်တော်ယာဉ်ပိုင်ရှင်အချို့က ၎င်းတို့၏ ပျက်စီးမော်တော်ယာဉ်နံပါတ်ပြားများကို အသုံးပြုထားသည့် ဇိမ်ခံကားအချို့ကို တွေ့ရကြောင်း ရဲတပ်ဖွဲ့ထံ သတင်းပေးပို့မှုနှင့် ဇိမ်ခံကားများကို စျေးနှုန်းလျှော့ရောင်းချသည့် ကြော်ငြာများကို စုံစမ်းဖေါ်ထုတ်ရာမှ ယင်းကဲ့သို့ ဖမ်းဆီးရမိခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
Ref: Bangkok Post

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net