ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံ (၁၄)ဦး မတရားအသင်းအက်ဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရ
ရှမ်းပြည်နယ်မြောက်ပိုင်းမှ ဒေသခံ (၁၄)ဦး မတရားအသင်းအက်ဥပဒေပုဒ်မများဖြင့် တရားရင်ဆိုင်နေရ
ဇှနျ 10, 2019
By Tachileik News Agency
လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများမှ ဒေသခံ(၁၄)ဦးကို မတရားအသင်း အက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့်အမှု (၁၁)မှုရှိနေကြောင်း ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့က ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ဖြေကြားထားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် NCA ရေးထိုးထားသည့် အဖွဲ့များကို အစိုးရက မတရားအသင်းမှ ပယ်ဖျက်ပေးထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် NCA ရေးထိုးထားခြင်းမရှိသေးသည့် လက်နက်ကိုင်အဖွဲ့များလည်း ရှိနေခြင်းဖြစ်သည်။
ပဋိပက္ခဒေသမှ ဒေသခံများမှာ ဒေသတွင်အခြေစိုက်၊ လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအား ရှောင်လွှဲ၍မရဘဲ နေထိုင်နေကြရချိန်တွင် မတရားအသင်းအက်ဥပဒေဖြင့် တရားစွဲဆိုခြင်းများမှာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်က တင်ပြသွားသည်။
“အချို့မြို့နယ်များမှာဆိုရင် ဒေသခံပြည်သူအချို့ကို လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဆက်သွယ်တယ်၊ ထောက်ပံ့တယ်၊ ကူညီတယ်ဆိုပြီးတော့မှ ဖမ်းဆီးမှုများရှိနေပြီး သက်ဆိုင်ရာ ရဲစခန်းကို လွှဲအပ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ - ၁၇(၁)ဖြင့် တရားစွဲနေတာတွေကိုလည်း ကျွန်တော်တို့ များစွာ တွေ့မြင်ရပါတယ်။ ယနေ့မှာဆိုလို့ရှိရင် တိုင်းရင်သားများအားလုံး ငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေတဲ့ အချိန်ကာလဖြစ်တဲ့အပြင် အေးတူပူအမျှ တိုင်းရင်းသားများအားလုံး စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကို ကြိုးစားတည်ဆောက်နေသော အချိန်ကာလမို့ အထက်ပါ တင်ပြတဲ့ ပုဒ်မ - ၁၇(၁) ကိစ္စရပ်များဟာဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အထူး စိုးရိမ်နေကြပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဥာဏ်က တင်ပြသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့ နံနက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မတရားအသင်းအက်ဥပဒေဖြင့် ရင်ဆိုင်နေရသည့်အခြေအနေများကို တင်ပြပြီး မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်ခရိုင်၊ ပလောင်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ မြို့နယ်များတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ - ၁၇(၁)ဖြင့် တရားရင်ဆိုင်နေရတဲ့ အမှုအရေအတွက်နှင့် တရားခံအရေအတွက်ကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
~~~~~~~~⊰❂ Unicode Version ~~~~~~~~
လက်နက်ကိုင်အဖွဲ့အစည်းအများအပြားရှိနေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများမှ ဒေသခံ(၁၄)ဦးကို မတရားအသင်း အက်ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားသည့်အမှု (၁၁)မှုရှိနေကြောင်း ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့က ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ဖြကြေားထားသည်။
" ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းမှာရှိတဲ့ တရားရုံးများမှာ မတရားအသင်း အက် ဥပဒေ ပုဒ်မ - ၁၇ (၁)/၁၇(၂)အရ တရားစွဲဆိုထားသော အမှုပေါင်း (၁)မှုရှိပြီး တရားခံ စုစုပေါင်း(၁)ဦးဖြစ်ပါတယ်။ လားရှိုးခရိုင်အတွင်းမှာ တရားစွဲဆိုထားသော အမှုပေါင်း (၃)မှုရှိပြီး တရားခံ စုစုပေါင်း(၅)ဦးဖြစ်ပါတယ်။ ကျောက်မဲခရိုင်အတွင်းမှာ တရားစွဲဆိုထားသော အမှုပေါင်း (၇)မှုရှိပြီး တရားခံ စုစုပေါင်း (၈)ဦးဖြစ်ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ကျန်ခရိုင်များနဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းမှာ မတရားအသင်း အက်ဥပဒေအရ တရားစွဲဆိုထားတဲ့ အမှုများ မရှိပါကြောင်း တင်ပြအပ်ပါတယ်"ဟု ရှမ်းပြည်နယ်လွှတ်တော်တွင် ပြည်နယ်တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က ဖြကြေားသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် NCA ရေးထိုးထားသည့် အဖွဲ့များကို အစိုးရက မတရားအသင်းမှ ပယ်ဖျက်ပေးထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် NCA ရေးထိုးထားခြင်းမရှိသေးသည့် လက်နက်ကိုင်အဖွဲ့များလည်း ရှိနခြေင်းဖြစ်သည်။
" လက်နက်ကိုင် ပဋိပက္ခများကြားမှာဆိုရင် အရပ်သားပြည်သူများဟာ မြေဇာပင်ဘဝသို့ ရောက်ရှိနေရတာကိုလည်း အားလုံးအသိပဲ ဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းများ သွားလာလှုပ်ရှားနကြေတဲ့ဒေသမှာဆိုလို့ရှိရင် ပြည်သူများအနေနဲ့ အဖွဲ့အစည်းတိုင်းလိုလိုနဲ့ ဆက်ဆံနေရတာ ဖြစ်ပါတယ်။ ဒီလိုအနေအထားမျိုးမှာဆိုလို့ရှိရင် မလွန်ဆန်နိုင်တဲ့ အနေအထားတွေ ဆက်ဆံနေရတာတွေကို လေ့လာတွေ့ရှိရပါတယ်”ဟု ကျောက်မဲမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က ကြယ်ပွင့်ပြမေးခွန်းတွင် ထည့်သွင်းတင်ပြသွားသည်။
ပဋိပက္ခဒေသမှ ဒေသခံများမှာ ဒေသတွင်အခြေစိုက်၊ လှုပ်ရှားနေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအား ရှောင်လွှဲ၍မရဘဲ နေထိုင်နကြေရချိန်တွင် မတရားအသင်းအက်ဥပဒဖြေင့် တရားစွဲဆိုခြင်းများမှာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်က တင်ပြသွားသည်။
“အချို့မြို့နယ်များမှာဆိုရင် ဒေသခံပြည်သူအချို့ကို လက်နက်ကိုင်အဖွဲ့အစည်းများနဲ့ ဆက်သွယ်တယ်၊ ထောက်ပံ့တယ်၊ ကူညီတယ်ဆိုပြီးတော့မှ ဖမ်းဆီးမှုများရှိနပြေီး သက်ဆိုင်ရာ ရဲစခန်းကို လွှဲအပ်ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ - ၁၇(၁)ဖြင့် တရားစွဲနေတာတွေကိုလည်း ကျွန်တော်တို့ များစွာ တွေ့မြင်ရပါတယ်။ ယနေ့မှာဆိုလို့ရှိရင် တိုင်းရင်သားများအားလုံး ငြိမ်းချမ်းရေးကို ကြိုးစားတည်ဆောက်နေတဲ့ အချိန်ကာလဖြစ်တဲ့အပြင် အေးတူပူအမျှ တိုင်းရင်းသားများအားလုံး စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုကို ကြိုးစားတည်ဆောက်နေသော အချိန်ကာလမို့ အထက်ပါ တင်ပြတဲ့ ပုဒ်မ - ၁၇(၁) ကိစ္စရပ်များဟာဆိုရင် ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်များ အထူး စိုးရိမ်နကြေပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်က တင်ပြသည်။
ရှမ်းပြည်နယ်လွှတ်တော်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ(၁၀)ရက်နေ့ နံနက်က ကျင်းပသည့် လွှတ်တော်အစည်းအဝေးတွင် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင် မတရားအသင်းအက်ဥပဒဖြေင့် ရင်ဆိုင်နေရသည့်အခြေအနေများကို တင်ပြပြီး မူဆယ်၊ လားရှိုး၊ ကျောက်မဲ၊ မိုးမိတ်ခရိုင်၊ ပလောင်နှင့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများမှ မြို့နယ်များတွင် မတရားအသင်းဆက်သွယ်မှု ပုဒ်မ - ၁၇(၁)ဖြင့် တရားရင်ဆိုင်နေရတဲ့ အမှုအရေအတွက်နှင့် တရားခံအရေအတွက်ကို ကြယ်ပွင့်ပြမေးခွန်းအဖြစ် မေးမြန်းခဲ့ခြင်းဖြစ်သည်။
Tachileik News Agency
ဓာတ်ပုံ - ရှမ်းပြည်နယ်လွှတ်တော်
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net