မူဆယ်မြို့က အတည်ပြုလူနာနှင့်ထိတွေ့မိ၍ ကျောက်မဲမြို့၌ Quarantine ထားသည့် (၃)ဦးထဲက တစ်ဦးတွင် COVID 19 ပိုးတွေ့

မူဆယ်မြို့က အတည်ပြုလူနာနှင့်ထိတွေ့မိ၍ ကျောက်မဲမြို့၌ Quarantine ထားသည့် (၃)ဦးထဲက တစ်ဦးတွင် COVID 19 ပိုးတွေ့
အောက်တိုဘာ 23, 2020
By Tachileik News Agency
မူဆယ်မြို့က အတည်ပြုလူနာနှင့်ထိတွေ့မိ၍ ကျောက်မဲမြို့၌ Quarantine ထားသည့် (၃)ဦးထဲက တစ်ဦးတွင် COVID 19 ပိုးတွေ့
ရှမ်းပြည်နယ် (‌မြောက်ပိုင်း) မူဆယ်မြို့မှ COVID 19 အတည်ပြုလူနာနှင့်ထိတွေ့ခဲ့၍ ကျောက်မဲမြို့တွင် Quarantine သတ်မှတ်ထားသည့် ယာဉ်မောင်း (၃)ဦးအနက် (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် ဓာတ်ခွဲအဖြေရထား၍ ကျောက်မဲပြည်သူ့ဆေးရုံ၌ ကုသပေးနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်း (၃)ဦးမှာ အောက်တိုဘာလ (၁၃)ရက်နေ့၌ ကျောက်မဲသို့ ရောက်ရှိချိန်တွင် မူဆယ်မှ အတည်ပြုလူနာနှင့် ထိတွေ့မှုရှိ၍ Quarantine လိုက်ပြီးနောက် အောက်တိုဘာလ (၁၄)ရက်နေ့၌ ဓာတ်ခွဲနမူနာရယူပို့ဆောင်စစ်ဆေးခဲ့ပြီး အောက်တိုဘာလ (၂၂)ရက်နေ့တွင် ဓာတ်ခွဲအဖြေရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"မူဆယ်ကားဆရာနဲ့ ဆက်စပ်ပြီး အမျိုးသား (၃) ဦးကို ကျောက်မဲက အထက (၃) မှာ အသွားအလာ ကန့်သတ်ထားတယ်။ (၃) ဦးလုံးကို တို့ဖတ်နမူနာယူပြီး ဓါတ်ခွဲစစ်ဆေးတဲ့အခါ အဲဒီအထဲက တစ်ဦးမှာ ပိုးတွေ့တာပါ။ ပိုးတွေ့ထားသူကို ခရိုင်ပြည်သူ့ဆေးရုံက isolation ward မှာ သီးသန့်ပို့ထား လိုက်ပါပြီ"ဟု ကျောက်မဲခရိုင် ပြည်သူဆေးရုံအုပ်ကြီး ဒေါက်တာကျော်မိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မူဆယ်-ကျောက်မဲ-မန္တလေးလမ်းကြောင်းအတိုင်း ကုန်တင်ယာဉ်မောင်းနှင်နေသည့် အဆိုပါ ယာဉ်မောင်း (၃)ဦးသည် မူဆယ်မှ အတည်ပြုလူနာယာဉ်မောင်းနှင့် အောက်တိုဘာလ (၄) ရက်က စတင်ထိတွေ့မှုရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အတည်ပြုလူနာဖြစ်သွားသည့် အသက် (၁၈) နှစ်အရွယ် အမျိုးသားကို ကျောက်မဲ ပြည်သူ့ဆေးရုံတွင် ကုသပေးနေပြီး ကျောက်မဲရှိနေအိမ်မှ မိသားစုများကိုလည်း နေအိမ်အသွားအလာကန့်သတ်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~