ကယားပြည်နယ်တွင် စီမံချက်ဖြင့် မြေငှားဂရမ်ထုတ်ပေးခြင်းအတွက် အခကြေးငွေပေးရန် မလိုအပ်

ကယားပြည်နယ်တွင် စီမံချက်ဖြင့် မြေငှားဂရမ်ထုတ်ပေးခြင်းအတွက် အခကြေးငွေပေးရန် မလိုအပ်
ဇှနျ 28, 2019
By Tachileik News Agency

ကယားပြည်နယ်တွင် ပြည်နယ်အစိုးရစီမံချက်ဖြင့် ထုတ်ပေးသည့် မြေငှားဂရမ်အတွက်  တရားရုံးများ၌ ကျမ်းကျိမ်ခ ကျပ်(၃)သောင်းပေးရသည်ဟု သတင်းများထွက်နေခြင်းနှင့်ပတ်သက်၍ မြေငှားဂရမ်ထုတ်ပေးထားသူများထံမှ သက်ဆိုင်ရာရုံးများတွင် ပုံမှန်လျှောက်ထားခြင်းများအတွက် ပေးဆောင်ရသည့် ကျပ်ငွေတစ်သောင်းအပါအဝင် မည်သည့်အခကြေးငွေမှ တရားဝင်ကောက်ခံခြင်း မရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လွှတ်တော်တွင် ဖြေကြားသည်။

ကယားပြည်နယ်အစိုးရမှ မြေငှားဂရမ်များအား စီမံချက်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ပေးနေခြင်းမှာ ထိရောက်မှု ရှိသော်လည်း မြေငှားဂရမ်ပြုလုပ်သူများမှ လွိုင်ကော်မြို့နယ်တရားရုံးတွင် ကျမ်းကျိမ်ရာ၌ တစ်ကြိမ်လျှင် သုံးသောင်းကျပ်ပေးဆောင်နေရကြောင်း နှင့် အဆိုပါကောက်ခံငွေသည် နိုင်ငံတော်၏ အခွန်ကဏ္ဍကို မည်သည့်အပိုင်းမှ ဖြည့်ဆည်းဆောင်ရွက် ပေးသည်ကို သိရှိလိုကြောင်း မယ်စဲ့မြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။


ကယားပြည်နယ်အစိုးရမှ စီမံချက်ဖြင့် လုပ်ဆောင်ပေးနေသော မြေငှားရမ်းဂရမ်များမှာ သက်ဆိုင်ရာ ခရိုင်မြို့နယ်များမှ ပြည်နယ်အစိုးရအဖွဲ့သို့ ကုန်ကျစရိတ်တင်ပြတောင်းခံပြီး ခွင့်ပြုချထားပေးသောငွေဖြင့် ဆောင်ရွက်သောကြောင့် ငွေးကြေးကောက်ခံခြင်းမရှိဘဲ စီမံချက်မဟုတ်သော ရပ်ကွက်အလိုက်စု၍ လျှောက်ထားသော မြေငှားဂရမ်အမှုတွဲများမှာ မြေငှားဂရမ်ကဒ်ပြား ၊တံဆိပ်ခောင်း ၊ လျှောက်လွှာများ ၊ ရုံးသုံးစာရွက်စာတမ်းပုံစံများ အတွက် သက်ဆိုင်ရာရပ်ကွက်ရုံးများက တစ်ဦးလျှင် တစ်သောင်းကျပ်ကောက်ခံခြင်းသာရှိပြီး တရားရုံးတွင် ကျမ်းကျိမ်ရာ၌ ငွေကြေးကောက်ခံခြင်း မရှိကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ဖြေကြားခဲ့သည်။

“သက်ဆိုင်ရာမြို့နယ် တရားရုံးတွေကို စိစစ်တဲ့အခါမှာ ကျမ်းကျိမ်လွှာပြုလုပ်ခြင်းအတွက် ငွေကျပ်သုံးသောင်း ကောက်ခံနေခြင်း လုံးဝမရှိပါကြောင်းဖြေကြားအပ်ပါတယ်။ ဒါ့အပြင်မြို့နယ်တရားရုံးများမှာ ကျန်းကျိမ်လွှာ ပြုလုပ်ခြင်းအား ဝန်ဆောင်မှုတစ်ရပ်အနေဖြင့် ကူညီဆောင်ရွက်ပေးလျှက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ် ”ဟု ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပြန်လည်ဖြေကြားခဲ့သည်။

တရားရုံးတွင် မြေငှားဂရမ်နှင့်ပက်သက်၍ ကျမ်းကျိမ်ရာတွင် ရုံးခွန်တံဆိပ်ခေါင်း (၁၅၀)ကျပ်တန်ဖြင့် အခွန်ထမ်းလျှောက်ထားရပြီး ၎င်းမှ နိုင်ငံတော်မှရရှိသော အခွန်အခသာဖြစ်ပြီး ကျမ်းကျိမ်သူမှာ ကျမ်းကျိမ်မှုလုပ်ငန်းဆိုင်ရာများအား နားလည်မှုမရှိဘဲ တရားရုံးဝန်ထမ်းမဟုတ်သူများထံမှ အကူညီရယူကာ လိုအပ်သောစာရွက်စာတမ်းများအတွက်ပြင်ဆင်ရခြင်းမျိုးဖြင့် သုံးသောင်းကျပ်ပေး၍ လုပ်ခိုင်းမိလိုက်ခြင်းသာ ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးမြင့်ဝေက လွှတ်တော်တွင် ဖြေကြားသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓါတ်ပုံ - iprdloikaw



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်တွင် ပြည်နယ်အစိုးရစီမံချက်ဖြင့် ထုတ်ပေးသည့် မြေငှါးဂရမ်အတွက် တရားရုံးများ၌ ကျမ်းကျိမ်ခ ကျပ်(၃)သောင်းပေးရသည်ဟု သတင်းများထွက်နခြေင်းနှင့်ပတ်သက်၍ မြေငှါးဂရမ်ထုတ်ပေးထားသူများထံမှ သက်ဆိုင်ရာရုံးများတွင် ပုံမှန်လျှောက်ထားခြင်းများအတွက် ပေးဆောင်ရသည့် ကျပ်ငွေတစ်သောင်းအပါအဝင် မည်သည့်အခကြေးငွေမှ တရားဝင်ကောက်ခံခြင်း မရှိကြောင်း လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လွှတ်တော်တွင် ဖြကြေားသည်။

ကယားပြည်နယ်အစိုးရမှ မြေငှါးဂရမ်များအား စီမံချက်ဖြင့် အကောင်ထည်ဖော်ဆောင်ရွက်ပေးနခြေင်းမှာ ထိရောက်မှု ရှိသော်လည်း မြေငှါးဂရမ်ပြုလုပ်သူများမှ လွိုင်ကော်မြို့နယ်တရားရုံးတွင် ကျမ်းကျိမ်ရာ၌ တစ်ကြိ်မ်လျှင် သုံးသောင်းကျပ်ပေးဆောင်နေရကြောင်း နှင့် အဆိုပါကောက်ခံငွေသည် နိုင်ငံတော်၏ အခွန်ကဏ္ဍကို မည်သည့်အပိုင်းမှ ဖြည့်ဆည်းဆောင်ရွက် ပေးသည်ကို သိရှိလိုကြောင်း မယ်စဲ့မြို့နယ်မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ဦးက ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအေဝးတွင် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

“လွိုင်ကော်မြို့နယ်တရားရုံးမှ မြေငှါးရမ်းဂရမ်နှင့်ပက်သက်၍ တစ်ကြိမ်ကျမ်းကျိမ်လျှင် သုံးသောင်းကျပ်ကောက်ခံနေတယ်လို့ ကြားသိရပါတယ်။ ဒါကရော မည်သည့်လိုအပ်ချက်ကြောင့် ပေးဆောင်ရတယ်ဆိုတာကို ပြည်သူများမှ သိရှိလိုကြပါတယ်” ဟု လွှတ်တော်တွင်မေးမြန်းခဲ့ခြင်း ဖြစ်သည်။

ကယားပြည်နယ်အစိုးရမှ စီမံချက်ဖြင့် လုပ်ဆောင်ပေးနေသော မြေငှါးရမ်းဂရမ်များမှာ သက်ဆိုင်ရာ ခရိုင်မြို့နယ်များမှ ပြည်နယ်အစိုးရအဖွဲ့သို့ ကုန်ကျစရိတ်တင်ပြတောင်းခံပြီး ခွင့်ပြုချထားပေးသောငွဖြေင့် ဆောင်ရွက်သောကြောင့် ငွေးကြေးကောက်ခံခြင်းမရှိဘဲ စီမံချက်မဟုတ်သော ရပ်ကွက်အလိုက်စု၍ လျှောက်ထားသော မြေငှါးဂရမ်အမှုတွဲများမှာ မြေငှါးဂရမ်ကဒ်ပြား၊တံဆိပ်ခေါင်း၊ လျှောက်လွှာများ၊ ရုံးသုံးစာရွက်စာတမ်းပုံစံများ အတွက် သက်ဆိုင်ရာရပ်ကွက်ရုံးများက တစ်ဦးလျှင် တစ်သောင်းကျပ်ကောက်ခံခြင်းသာရှိပြီး တရားရုံးတွင် ကျမ်းကျိမ်ရာ၌ ငွေကြေးကောက်ခံခြင်း မရှိကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမြင့်ဝေက ဖြကြေားခဲ့သည်။

“သက်ဆိုင်ရာမြို့နယ် တရားရုံးတွေကို စိစစ်တဲ့အခါမှာ ကျမ်းကျိမ်လွှာပြုလုပ်ခြင်းအတွက် ငွေကျပ်သုံးသောင်း ကောက်ခံနခြေင်း လုံးဝမရှိပါကြောင်းဖြကြေားအပ်ပါတယ်။ ဒါ့အပြင်မြို့နယ်တရားရုံးများမှာ ကျန်းကျိမ်လွှာ ပြုလုပ်ခြင်းအား ဝန်ဆောင်မှုတစ်ရပ်အနဖြေင့် ကူညီဆောင်ရွက်ပေးလျှက်ရှိပါကြောင်း ဖြကြေားအပ်ပါတယ် ”ဟု ဒုတိယအကြိမ် ကယားပြည်နယ်လွှတ်တော် (၁၄) ကြိမ်မြောက် ပုံမှန်အစည်းအေဝးတွင် ပြန်လည်ဖြကြေားခဲ့သည်။

တရားရုံးတွင် မြေငှါးဂရမ်နှင့်ပက်သက်၍ ကျမ်းကျိမ်ရာတွင် ရုံးခွန်တံဆိပ်ခေါင်း (၁၅၀)ကျပ်တန်ဖြင့် အခွန်ထမ်းလျှောက်ထားရပြီး၎င်းမှ နိုင်ငံတော်မှရရှိသော အခွန်အခသာဖြစ်ပြီး ကျမ်းကျိမ်သူမှာ ကျမ်းကျိမ်မှုလုပ်ငန်းဆိုင်ရာများအား နားလည်မှုမရှိဘဲ တရားရုံးဝန်ထမ်းမဟုတ်သူများထံမှ အကူညီရယူကာ လိုအပ်သောစာရွက်စာတမ်းများအတွက်ပြင်ဆင်ရခြင်းမျိုးဖြင့် သုံးသောင်းကျပ်ပေး၍ လုပ်ခိုင်းမိလိုက်ခြင်းသာ ဖြစ်နိုင်ကြောင်း ဗိုလ်မှူးကြီးမြင့်ဝေက လွှတ်တော်တွင် ဖြကြေားသည်။

သတင်း - ဆန်းဖြိုးထွန်း
ဓာတ်ပုံ - iprdloikaw

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net