လွိုင်ကော်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရသည့်အမျိုးသား၏ ရုပ်အလောင်းကို နေအိမ်သယ်ခွင့်ရရန်ကြိုးစားနေရဆဲ

လွိုင်ကော်တွင် ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျဆုံးခဲ့ရသည့်အမျိုးသား၏ ရုပ်အလောင်းကို နေအိမ်သယ်ခွင့်ရရန်ကြိုးစားနေရဆဲ
မတ် 19, 2021 | ကယား

ကယားပြည်နယ် ၊ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်သပိတ်အား  ၂၀၂၁ ခုနှစ် မတ်လ (၁၉)ရက်နေ့က ကျည်အစစ်ကိုပါသုံး၍ ပစ်ခတ်ဖြိုခွင်းမှုကြောင့် ကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသား၏ ရုပ်အလောင်းထားရှိရာ လွိုင်ကော်ဆေးရုံကြီးကို အာဏာသိမ်းအဖွဲ့၏ တပ်ကဝိုင်းထားပြီး ညနေ (၅)နာရီအထိ အလောင်းအား ပြန်သယ်ခွင့်မပေးသေးကြောင်း သိရသည်။

"သေဆုံးပြီဆိုတော့ သူ့အိမ်ကို ပြန်သယ်ဖို့ လုပ်ပြီးမှ တပ်က ပေးမသယ်လို့ ရင်ခွဲရုံမှာပဲ ထားထားရတယ်။ ခုထိပေးမသယ်ဘူး ။ တပ်ကလည်း အခု ဆေးရုံမှာ လာဝိုင်းထားတယ်။ အခြေနေစောင့်ကြည့်နေရသေးတယ်။" ဟု လိုက်ပါကူညီနေသည့် လူမှုကူညီရေး လုပ်ဆောင်နေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။ 

မိုင်းလုံးရပ်ကွက်က နံက်က ပစ်ခတ်ဖြိုခွင်းမှုအတွင်း သားဖွားဆရာမ(၁)ဦးလည်း ပေါင်တွင် ကျည်အစစ်ထိမှန်သည့်ဒဏ်ရာရသွားပြီး သေဆုံးသွားသည့် အမျိုးသားမှာ ဆီးခုံနှင့် အမျိုးသားအင်္ဂါတို့တွင် ကျည်ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။