တာခ်ီလိတ္ၿမိဳ႕ေပၚ ၀မ္ေကာင္းရပ္ကြက္အတြင္း လမ္းအမည္ဆိုင္းဘုတ္မ်ားႏွင့္ အိမ္နံပါတ္လမ္းညႊန္မ်ား တပ္ဆင္သြားရန္ ကနဦး စတင္

တာခ်ီလိတ္ၿမိဳ႕ေပၚ ၀မ္ေကာင္းရပ္ကြက္အတြင္း လမ္းအမည္ဆိုင္းဘုတ္မ်ားႏွင့္ အိမ္နံပါတ္လမ္းညႊန္မ်ား တပ္ဆင္သြားရန္ ကနဦး စတင္
ဇွန် 27, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ေပၚ ၀မ္ေကာင္းရပ္ကြက္အတြင္းရိွ လမ္းမ်ားတြင္ လမ္းအမည္ဆိုင္းဘုတ္မ်ားႏွင့္ လမ္းအတြင္းရိွ အိမ္နံပတ္လမ္းညႊန္မ်ား တပ္ဆင္သြားရန္အတြက္ ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၇) ရက္မွ စတင္စီစဥ္ေနၿပီး ရတနာလမ္းတြင္ စတင္ေနၿပီျဖစ္ေၾကာင္း သိရသည္။

"ဒီလမ္းဆိုင္းဘုတ္ေတြတင္ မဟုတ္ဘူး ဒီလမ္းထဲမွာရိွတဲ့ အိမ္နံပါတ္ေတြေပါ့ေနာ္။ အိမ္နံပါတ္ေတြက ျခားေနတယ္။ တစ္အိမ္နဲ႔ တစ္အိမ္ျခားၿပီးေပးထားေတာ့ ဒီမွာ (၁၀၀) ဆို ေဘးမွာ (၂၀၀) ျဖစ္ေနတယ္။ လမ္းရဲ႕ထိပ္မွာ လမ္းညႊန္ဆိုင္းဘုတ္ရိွတယ္၊ ၿပီးရင္ အိမ္နံပါတ္ပါတဲ့ဟာပါတြဲၿပီးေတာ့ လမ္းထိပ္မွာၾကည့္လိုက္တာနဲ႔ ဒီလမ္းထဲမွာ ဘယ္အိမ္ေတြရိွတယ္ဆိုတာသိေအာင္ အဲဒါေတြပါလုပ္သြားဖို႔ အစီအစဥ္ရိွတယ္။ တစ္ခ်ို႕ဆိုအိမ္နံပတ္လာရွာတယ္။ ၉/ (ကိုးမ်ဥ္းေစာင္း)ဘယ္ေလာက္ဆို ကၽြန္ေတာ္တို႔ဆို ေရွ႕ကလူေတြက ေပးခဲ့ေတာ့ လိုက္မမွီဘူး ျဖစ္ေနတယ္"ဟု တာခ်ီလိတ္ၿမိဳ႕ ၀မ္ေကာင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္းထြန္း၀င္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

၀မ္ေကာင္းရပ္ကြက္အတြင္း ရတနာလမ္း အပါအ၀င္ လမ္းမႀကီးႏွင့္ လမ္းခြဲေပါင္း (၁၀၀) ခန္႔ရိွေနၿပီး နာမည္မ်ား ရိွေသာ္လည္း လမ္းနာမည္ဆိုင္းဘုတ္မ်ား မရိွေသးသည့္အတြက္ တပ္ဆင္သြားရန္ရည္ရြယ္ထားၿပီး လက္ရိွတြင္ လမ္းအမည္ဆိုင္းဘုတ္ (၅) ခုကို တပ္ဆင္ထားေၾကာင္း သိရသည္။

လမ္းနာမည္ဆိုင္းဘုတ္ (၁) ခုလွ်င္ ဘတ္ (၆၀၀) ကုန္က်ၿပီး ကနဦးတပ္ဆင္ျပသထားျခင္းျဖစ္ကာ ရပ္ကြက္အတြင္းရိွ အလွဴရွင္မ်ားႏွင့္ ညိႇႏိႈင္းကာ လမ္းတိုင္းတပ္ဆင္သြားရန္စီစဥ္ေနေၾကာင္း သိရသည္။ 

Tachileik News Agency 


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ် ဝမ်ကောင်းရပ်ကွက်အတွင်းရှိ လမ်းများတွင် လမ်းအမည်ဆိုင်းဘုတ်များနှင့် လမ်းအတွင်းရှိ အိမ်နံပတ်လမ်းညွှန်များ တပ်ဆင်သွားရန်အတွက် ၂၀၁၉ ခုနှစ် ဇွန်လ (၂၇) ရက်မှ စတင်စီစဉ်နပြေီး ရတနာလမ်းတွင် စတင်နပြေီဖြစ်ကြောင်း သိရသည်။
"ဒီလမ်းဆိုင်းဘုတ်တွေတင် မဟုတ်ဘူး ဒီလမ်းထဲမှာရှိတဲ့ အိမ်နံပါတ်တွေပေါ့နော်။ အိမ်နံပါတ်တွေက ခြားနေတယ်။ တစ်အိမ်နဲ့ တစ်အိမ်ခြားပြီးပေးထားတော့ ဒီမှာ (၁၀၀) ဆို ဘေးမှာ (၂၀၀) ဖြစ်နေတယ်။ လမ်းရဲ့ထိပ်မှာ လမ်းညွှန်ဆိုင်းဘုတ်ရှိတယ်၊ ပြီးရင် အိမ်နံပါတ်ပါတဲ့ဟာပါတွဲပြီးတော့ လမ်းထိပ်မှာကြည့်လိုက်တာနဲ့ ဒီလမ်းထဲမှာ ဘယ်အိမ်တွေရှိတယ်ဆိုတာသိအောင် အဲဒါတွေပါလုပ်သွားဖို့ အစီအစဉ်ရှိတယ်။ တစ်ချို့ဆိုအိမ်နံပတ်လာရှာတယ်။ ၉/ (ကိုးမျဉ်းစောင်း)ဘယ်လောက်ဆို ကျွန်တော်တို့ဆို ရှေ့ကလူတွေက ပေးခဲ့တော့ လိုက်မမှီဘူး ဖြစ်နေတယ်"ဟု တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဝမ်ကောင်းရပ်ကွက်အတွင်း ရတနာလမ်း အပါအဝင် လမ်းမကြီးနှင့် လမ်းခွဲပေါင်း (၁၀၀) ခန့်ရှိနပြေီး နာမည်များ ရှိသော်လည်း လမ်းနာမည်ဆိုင်းဘုတ်များ မရှိသေးသည့်အတွက် တပ်ဆင်သွားရန်ရည်ရွယ်ထားပြီး လက်ရှိတွင် လမ်းအမည်ဆိုင်းဘုတ် (၅) ခုကို တပ်ဆင်ထားကြောင်း သိရသည်။

လမ်းနာမည်ဆိုင်းဘုတ် (၁) ခုလျှင် ဘတ် (၆၀၀) ကုန်ကျပြီး ကနဦးတပ်ဆင်ပြသထားခြင်းဖြစ်ကာ ရပ်ကွက်အတွင်းရှိ အလှူရှင်များနှင့် ညှိနှိုင်းကာ လမ်းတိုင်းတပ်ဆင်သွားရန်စီစဉ်နေကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net