နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးသစ် တာချီလိတ်တွင် မိတ်ဆက်

နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးသစ် တာချီလိတ်တွင် မိတ်ဆက်
နိုဝင်ဘာ 14, 2019
By 🌸
နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးသစ် တာချီလိတ်တွင် မိတ်ဆက်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အဆိုတော် နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးသစ် မိတ်ဆက်ပွဲကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၄) ရက်နေ့ ညပိုင်းတွင် ရှမ်းရိုးမကွင်း အနောက်ဘက်ရှိ Johnny Fitness Center ဝန်းတွင် ကျင်းပသည်။

 ဒီအတိုင်းလေး တေးစီးရီးမိတ်ဆက်ပွဲနှင့် အရောင်းမြှင့်တင်ရေးပွဲတွင် မြို့ခံ Smile Music Band နှင့်အတူ အာခါတိုင်းရင်းသားအဆိုတော် လီဂါ၊ လှိုင်မင်း၊ သားသား၊ ဇော်ထက်၊ အမျိုးသမီးအဆိုတော် မိုဟွမ်နှင့် နော်ဂျာလေးတို့ကလည်း နန်းရင်မွှေးနှင့်တူ သီဆိုဖျော်ဖြေခဲ့ကြသည်။

အချိန် (၄)နှစ်ကြာ စီစဉ်ထားသည့် နန်းရင်မွှေး၏ ဒီအတိုင်းလေး တေးစီးရီးတွင် တေးရေး ရယ်ဂျီ၊ မိုးမင်းအိမ်၊ ဝေကြီး၊ သော်ဇင်လတ်၊ ဂျေမိုင်းမိုင်နှင့် ခိုင်မိုးတို့ ရေးစပ်ပေးထားသည့် သီချင်း (၁၃) ပုဒ်ကို Over Drive နှင့် Session Players တို့မှ တီးခတ်ပေးထားကြောင်း သိရသည်။

ဒီအတိုင်းလေး တေးစီးရီးသစ်ကို တာချီလိတ်မြို့ရှိ ပဒုမ္မာဆိုင်မှ ဖြန့်ချိပေးနေကြောင်း သိရသည်။

Tachileik News Agency
သတင်း၊ဓါတ်ပုံ -ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net