ကျောက်မဲမြို့တွင် နံ့သာဖြူတုံးနှင့် စိတ်ကြွဆေးပြား ဖမ်းမိ

ဖမ်းဆီးရမိစဉ်
ဖမ်းဆီးရမိစဉ်
ကျောက်မဲမြို့တွင် နံ့သာဖြူတုံးနှင့် စိတ်ကြွဆေးပြား ဖမ်းမိ

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ ပြည်ထောင်စုလမ်းမကြီးနှင့် ကျွဲကုန်းကျေးရွာလမ်းဆုံအနီးတွင် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၉) ရက်နေ့ နံနက်အစောပိုင်းက နံ့သာဖြူအရွယ်အစားမျိုးစုံ (၃၄) တုံးနှင့် စိတ်ကြွရူးသွပ်ဆေးပြား (၃၄) ပြားကို ဘေးတွဲဆိုင်ကယ်ဖြင့် သယ်လာသည့် အမျိုးသား (၂) ဦးကို ဖမ်းမိထားကြောင်း သိရသည်။

ကျောက်မဲမြို့မရဲတပ်ဖွဲ့မှ နယ်ထိန်းတပ်ဖွဲ့များ၊ စစ်ဖက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့၊ စု(၃)၊ ခွဲ (၁)မှ တပ်ဖွဲ့များ ပါဝင်သည့်အဖွဲ့က လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ဘေးတွဲယာဉ် မောင်းနှင်စီးနင်းလာသော အမျိုးသား (၂) ဦးကို တားမြစ်စစ်ဆေးခဲ့ရာမှ နံ့သာဖြူ ပင်စည်၊ အမြစ်တုံး အရွယ်စုံ (၃၄) တုံးအပြင် WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ( ၃၄ ) ပြားကိုပါ ဖမ်းမိကြောင်း သိရသည်။

နံ့သာဖြူများကို အခြားနေရာတစ်နေရာမှ ယူဆောင်လာသည်ဟု ယူဆရသည့်အပြင် မူးယစ်ဆေးဝါးများကိုပါ ဖမ်းမိသဖြင့် အောင်ကျော်စိုးနှင့် စောအောင်(ခ)ကရင်တို့ (၂) ဦးအား ကျောက်မဲမြို့မရဲစခန်းတွင် (ပ)၇/ ၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ-၃၇၉၊ ကျင့်-၅၄ အရ လည်းကောင်း၊ မယ(ပ)၁၄/ ၂၀၂၁၊ မူး/စိတ် ပုဒ်မ-၁၉(က)/ ၂၁ ဖြင့်လည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...