ကျောက်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနေအိမ် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ

ကျောက်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနေအိမ် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
နိုဝင်ဘာ 15, 2020
By Tachileik News Agency

 

 ကျောက်မဲမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနေအိမ် လက်နက်ငယ်ဖြင့် ပစ်ခတ်ခံရ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၏ နေအိမ်ကို ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၁၅) ရက်နေ့ နံနက်အစောပိုင်းက လက်နက်ငယ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“လူတွေကတော့ ထိခိုက်မှု ဘာမှ မရှိပါဘူး။ မှန်လေးဘာလေး နည်းနည်း ကွဲသွားတာပေါ့။ ဖြစ်ပြီးနောက် ကျွန်တော့်အမျိုးသမီးက သက်ဆိုင်ရာကို အကြောင်းကြားခဲ့တာပါ” ဟု ဖြစ်ပွားရာနေအိမ်တွင် နေထိုင်သူ  မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌဦးစိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကျောက်မဲမြို့ အမှတ် (၈) ရပ်ကွက်၊ နယ်မြေ ( ၁၀ )အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ၏ နေအိမ်  နိုဝင်ဘာလ (၁၅)ရက်နေ့အကူး (၀၀: ၃၀)မိနစ်ဝန်းကျင်၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသဖြင့် နေအိမ်လေကာမှန်တစ်ချပ် ကွဲသွားခဲ့ကြောင်း သိရသည်။
အခင်းဖြစ်နေရာအား ကျောက်မဲမြို့မရဲတပ်ဖွဲ့နှင့် စရတခွဲ(၁ ) စု ( ၃ ) တို့က သွားရောက်စစ်ဆေးခဲ့ရာ လက်နက်ငယ်ကျည်ဆံကို တွေ့ထားရကြောင်းသိရပြီး စုံစမ်းဖေါ်ထုတ်မှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~