တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏုိင္ငံသားတစ္ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းမိ

တာခ်ီလိတ္ၿမိဳ႕တြင္ ထိုင္းႏုိင္ငံသားတစ္ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ဖမ္းမိ
ဇွန် 9, 2019
By Tachileik News Agency

တာခ်ီလိတ္ၿမိဳ႕တြင္  ထိုင္းႏုိင္ငံသားတစ္ဦးအား မူးယစ္ေဆး၀ါးႏွင့္အတူ ၀ိန္းေက်ာက္ရပ္ကြက္အတြင္း၌ ၂၀၁၉ခုႏွစ္ ဇြန္လ(၉)ရက္ေန႔ နံနက္က ဖမ္းဆီးရမိေၾကာင္း သိရသည္။

သက္ဆိုင္ရာရဲတပ္ဖြဲ႔၀င္မ်ားႏွင့္ ပူးေပါင္းအဖြဲ႔က တာခ်ီလိတ္ၿမိဳ႕ ၀ိန္းေက်ာက္ရပ္ကြက္အတြင္းရွိ (၂)ထပ္တိုက္ အငွားေနအိမ္အား သတင္းအရ ဇြန္လ(၉)ရက္ေန႔ နံနက္(၁၀)နာရီေက်ာ္က ၀င္ေရာက္စစ္ေဆးရွာေဖြမႈမ်ား ျပဳလုပ္ရာ အဆိုပါ ေနအိမ္အခန္းငွားတြင္ ငွားရမ္းေနထိုင္သူ အသက္(၃၇)ႏွစ္ရွိ ထိုင္းႏိုင္ငံသား Mr Arnon Manonoi အား အသင့္ေတြ႔ရွိရၿပီး ေနအိမ္အတြင္း ဆက္လက္ရွာေဖြမႈမ်ား ျပဳလုပ္ရာက Wy စာတမ္းပါ စိတ္ၾကြေဆးျပား (၁၁၀)ျပား  ႏွင့္ စိတ္ၾကြေဆးျပား သံုးစြဲရာတြင္ အသံုးျပဳသည့္ ကိရိယာမ်ားအား ရွာေဖြေတြ႔ရွိ သိမ္းဆည္းရမိေၾကာင္း သိရသည္။

မူးယစ္ေဆး၀ါးမ်ားႏွင့္ ဖမ္းဆီးရမိသည့္ အဆိုပါ ထိုင္းႏိုင္ငံသားအား တာခ်ီလိတ္ၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္စစ္ေဆးေဆာင္ရြက္ေနလ်က္ရွိေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံသားတစ်ဦးအား မူးယစ်ဆေးဝါးနှင့်အတူ ဝိန်းကျောက်ရပ်ကွက်အတွင်း၌ ၂၀၁၉ခုနှစ် ဇွန်လ(၉)ရက်နေ့ နံနက်က ဖမ်းဆီးရမိကြောင်း သိရသည်။

သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းအဖွဲ့က တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ (၂)ထပ်တိုက် အငှါးနေအိမ်အား သတင်းအရ ဇွန်လ(၉)ရက်နေ့ နံနက်(၁၀)နာရီကျော်က ဝင်ရောက်စစ်ဆေးရှာဖွေမှုများ ပြုလုပ်ရာ အဆိုပါ နေအိမ်အခန်းငှါးတွင် ငှါးရမ်းနေထိုင်သူ အသက်(၃၇)နှစ်ရှိ ထိုင်းနိုင်ငံသား Mr Arnon Manonoi အား အသင့်တွေ့ရှိရပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေမှုများ ပြုလုပ်ရာက Wy စာတမ်းပါ စိတ်ကြွဆေးပြား (၁၁၀)ပြား နှင့် စိတ်ကြွဆေးပြား သုံးစွဲရာတွင် အသုံးပြုသည့် ကိရိယာများအား ရှာဖွေတွေ့ရှိ သိမ်းဆည်းရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးများနှင့် ဖမ်းဆီးရမိသည့် အဆိုပါ ထိုင်းနိုင်ငံသားအား တာချီလိတ်မြို့မရဲစခန်းတွင် အမှုဖွင့်စစ်ဆေးဆောင်ရွက်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net