တာခ်ီလိတ္ၿမိဳ႕တြင္ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈအျမင့္ဆံုးျဖစ္ေနသည့္ ရပ္ကြက္၌ ေရာဂါကာကြယ္ေရးႏွင့္ သန္႔ရွင္းေရး စုေပါင္းေဆာင္ရြက္

တာခ်ီလိတ္ၿမိဳ႕တြင္ ေသြးလြန္တုပ္ေကြးျဖစ္ပြားမႈအျမင့္ဆံုးျဖစ္ေနသည့္ ရပ္ကြက္၌ ေရာဂါကာကြယ္ေရးႏွင့္ သန္႔ရွင္းေရး စုေပါင္းေဆာင္ရြက္
ဇွန် 22, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈအမ်ားဆံုးျဖစ္ေနသည့္ ဝမ္ေကာင္းရပ္ကြက္ ကခ်င္ရြာတြင္ ေသြးလြန္တုပ္ေကြးကာကြယ္ေရးအတြက္ ဖုံး၊ သြန္၊ လဲ၊ စစ္လုပ္ငန္းမ်ားႏွင့္ ေရာဂါျဖစ္ပြားရာေနရာတစ္ဝိုက္တြင္ ျခင္ေဆးျဖန္းျခင္းလုပ္ငန္းမ်ားႏွင့္ အပတ္စဥ္ စေနေန႔တုိင္း စုေပါင္းသန္႔ရွင္းေရးအစီအစဥ္က သန္႔ရွင္းေရးေဆာင္ရြက္ျခင္းမ်ားကို ၂၀၁၉ ခုႏွစ္ ဇြန္လ (၂၂) ရက္ေန႔က ေဆာင္ရြက္ၾကသည္။

"ကခ်င္ရြာမွာ ေသြးလြန္တုပ္ေကြးအျဖစ္မ်ားေနတာေပါ့။ ဘုန္းႀကီးေက်ာင္းမွာျဖစ္တယ္ဆိုလို႔ စစ္တယ္။ ျခင္ေဆးျဖန္းတာေတြ လုပ္ခဲ့တာေပါ့။ အပတ္စဥ္စေနေန႔တိုင္းက ဌာနဆိုင္ရာေတြနဲ႔ ပူးေပါင္းလုပ္တယ္။ က်န္တဲ့ရက္ေတြက က်န္းမာေရးဝန္ထမ္းေတြက ေဆာင္ရြက္တာေပါ့"ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊ၀င္းက တာခ်ီလိတ္သတင္း ေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္ၿမို႕ေပၚရပ္ကြက္မ်ားတြင္ ေသြးလြန္တုပ္ေကြးကာကြယ္ေရးအတြက္ ရပ္ကြက္မ်ားႏွင့္ ခရိုင္အတြင္းရိွ ေက်းရြာအုပ္စုမ်ားတြင္ ေသြးလြန္တုပ္ေကြးေရာဂါ ကာကြယ္ေရးအတြက္ လိုအပ္သည့္ေနရာမ်ားတြင္ ျခင္ေဆးျဖန္းျခင္းႏွင့္ ဖုံး၊ သြန္၊ လဲ၊ စစ္ လုပ္ငန္းမ်ားကို က်န္းမာေရးဝန္ထမ္းမ်ားက ပံုမွန္ေဆာင္ရြက္ေနၿပီး ေရာဂါျဖစ္ပြားမႈအေျခအေနႏွင့္ပတ္သက္သည့္ အပတ္စဥ္အစီရင္ခံစာမ်ားကို ခရိုင္က်န္းမာေရးဦးစီးဌာနသို႔ တင္ျပေနေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕တြင္ အပတ္စဥ္စုေပါင္းအမိႈက္ေကာက္အစီအစဥ္ျဖင့္ ဌာနဆုိင္ရာမ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ား၊ ရပ္ကြက္အလုိက္ျပည္သူမ်ား ပူးေပါင္းပါဝင္သည့္အဖြဲ႕ကလည္း ၂၀၁၉ ခုႏွစ္ဇြန္လ (၂၂) ရက္ေန႔တြင္ က်န္းမာေရးဝန္ထမ္းမ်ား၏ ေသြးလြန္တုပ္ေကြးပညာေပးအစီအစဥ္ႏွင့္အတူ ပူးေပါင္းေဆာင္ရြက္ေပးျခင္းျဖစ္သည္။

တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈမွာ ၂၀၁၉ ခုႏွစ္ ဇန္န၀ါရီလတြင္ (၆) ဦး၊ ေဖေဖာ္၀ါရီလတြင္ (၆) ဦး၊ မတ္လတြင္ (၁) ဦး၊ ဧၿပီလတြင္ (၁) ဦး၊ ေမလတြင္ (၂၁) ဦး၊ ဇြန္လတြင္ (၂၂) ရက္ေန႔အထိ (၃၅) ဦးျဖစ္ပြားခဲ့ၿပီး ႏွစ္အလုိက္ ေသြးလြန္တုပ္ေကြးေရာဂါျဖစ္ပြားမႈမွာ ၂၀၁၄ ခုႏွစ္တြင္ (၄) ဦး၊ ၂၀၁၅ ခုႏွစ္တြင္ (၁၈) ဦး၊ ၂၀၁၆ ခုႏွစ္တြင္ (၅၇) ဦး၊ ၂၀၁၇ ခုႏွစ္တြင္ (၁၅၈) ဦး၊ ၂၀၁၈ ခုနွစ္တြင္ (၄၅၄) ဦး ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုအမြင့်ဆုံးဖြစ်နေသည့် ရပ်ကွက်၌ ရောဂါကာကွယ်ရေးနှင့် သန့်ရှင်းရေး စုပေါင်းဆောင်ရွက်
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုအများဆုံးဖြစ်နေသည့် ဝမ်ကောင်းရပ်ကွက် ကချင်ရွာတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် ရောဂါဖြစ်ပွားရာနေရာတစ်ဝိုက်တွင် ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများနှင့် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးအစီအစဉ်က သန့်ရှင်းရေးဆောင်ရွက်ခြင်းများကို ၂၀၁၉ ခုနှစ် ဇွန်လ (၂၂) ရက်နေ့က ဆောင်ရွက်ကြသည်။

"ကချင်ရွာမှာ သွေးလွန်တုပ်ကွေးအဖြစ်များနေတာပေါ့။ ဘုန်းကြီးကျောင်းမှာဖြစ်တယ်ဆိုလို့ စစ်တယ်။ ခြင်ဆေးဖြန်းတာတွေ လုပ်ခဲ့တာပေါ့။ အပတ်စဉ်စနေနေ့တိုင်းက ဌာနဆိုင်ရာတွေနဲ့ ပူးပေါင်းလုပ်တယ်။ ကျန်တဲ့ရက်တွေက ကျန်းမာရေးဝန်ထမ်းတွေက ဆောင်ရွက်တာပေါ့"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်း အေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ပေါ်ရပ်ကွက်များတွင် သွေးလွန်တုပ်ကွေးကာကွယ်ရေးအတွက် ရပ်ကွက်များနှင့် ခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများတွင် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးအတွက် လိုအပ်သည့်နေရာများတွင် ခြင်ဆေးဖြန်းခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ဆောင်ရွက်နေပြီး ရောဂါဖြစ်ပွားမှုအခြေအနေနှင့်ပတ်သက်သည့် အပတ်စဉ်အစီရင်ခံစာများကို ခရိုင်ကျန်းမာရေးဦးစီးဌာနသို့ တင်ပြနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အပတ်စဉ်စုပေါင်းအမှိုက်ကောက်အစီအစဉ်ဖြင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အလိုက်ပြည်သူများ ပူးပေါင်းပါဝင်သည့်အဖွဲ့ကလည်း ၂၀၁၉ ခုနှစ်ဇွန်လ (၂၂) ရက်နေ့တွင် ကျန်းမာရေးဝန်ထမ်းများ၏ သွေးလွန်တုပ်ကွေးပညာပေးအစီအစဉ်နှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်သည်။

တာချီလိတ်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလတွင် (၆) ဦး၊ ဖေဖော်ဝါရီလတွင် (၆) ဦး၊ မတ်လတွင် (၁) ဦး၊ ဧပြီလတွင် (၁) ဦး၊ မေလတွင် (၂၁) ဦး၊ ဇွန်လတွင် (၂၂) ရက်နေ့အထိ (၃၅) ဦးဖြစ်ပွားခဲ့ပြီး နှစ်အလိုက် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ ၂၀၁၄ ခုနှစ်တွင် (၄) ဦး၊ ၂၀၁၅ ခုနှစ်တွင် (၁၈) ဦး၊ ၂၀၁၆ ခုနှစ်တွင် (၅၇) ဦး၊ ၂၀၁၇ ခုနှစ်တွင် (၁၅၈) ဦး၊ ၂၀၁၈ ခုနှစ်တွင် (၄၅၄) ဦး ဖြစ်ပွားခဲ့ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net