တာချီလိတ်မြို့တွင်း မီခိုးမြူများ လျော့ပါးရေးအတွက် ရေမှုန်ရေမွှား ပက်ဖြန်း

တာချီလိတ်မြို့တွင်း မီခိုးမြူများ လျော့ပါးရေးအတွက် ရေမှုန်ရေမွှား ပက်ဖြန်း
မတ် 12, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင်း မီခိုးမြူများ လျော့ပါးရေးအတွက် ရေမှုန်ရေမွှား ပက်ဖြန်း

မြန်မာ - ထိုင်းနယ်စပ်မြို့ တာချီလိတ်မြို့တွင်း  မီးခိုးမြူ ဖုံးလွှမ်းနေသည့်အတွက် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၂)ရက်နေ့ ညနေပိုင်းက မီးသတ်တပ်ဖွဲ့နှင့် သစ်တောဌာနတို့မှ လေထုအတွင်း ရေမှုန်ရေမွှားပက်ဖြန်းခြင်းကို ဆောင်ရွက်ပေးထားသည်။

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသတွင် နေထိုင်သူများက စိုက်ပျိုးမြေအတွက် တောမီးရှို့မှုများကြောင့် မီးခိုးမြူဖုံးလွှမ်းမှုကို နှစ်စဉ်ကြုံတွေ့နေရရာ တာချီလိတ်တွင် မတ်လ (၁၁)ရက်နေ့မှစ၍ မီးခိုးမြူ ထူထပ်စွာ ဖုံးလွှမ်းလာခြင်းဖြစ်သည်။

မီးခိုးမြူကြောင့် အသက်ရှုကြပ်ခြင်း၊ မျက်ခမ်းစပ်ခြင်းများ ဖြစ်ပွားလာသဖြင့် မတ်လ (၁၂)ရက်နေ့၌ တာချီလိတ်ခရိုင်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် လေထုအတွင်း မီးခိုးများ လျော့ပါးစေရေးအတွက် မီးသတ် ရေသယ်ယာဉ်(၂)စီး၊ သစ်တောဌာနမှ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် ရေမှုန်ရေမွှားများ ပက်ဖြန်းပေးထားခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~